ငေါင်းဆိုတာဘာလဲငေါင်းကိုမြင်ဖူးကြလားကျွန်တော်လည်းအပြင်မှာတစ်ခါမှမမြင်ဖူးပါဘူးဒါပေမယ့်တီဗွီအစီအစဉ်တစ်ခုမှာတင်ဆက်သွားတာကိုကြည့်လိုက်ရတော့အရမ်းစိတ်ဝင်စားသွားခဲ့ပါတယ်ဒါနဲ့ပဲငေါင်းဆိုတဲ့သတ္တဝါအကြောင်းကို

လေ့လာစူးစမ်းမိတော့ငေါင်းဆိုတာကိုအမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုထားတာကို တွေ့ရပါတယ်တချို့စာအုပ်စာတမ်းတွေက ငေါင်းဆိုတာဟာဒဏ္ဏာရီဆန်ဆန်ထူးဆန်းတဲ့လူတူသတ္တဝါတစ်မျိုးဖြစ်တယ်လိုဆိုပါတယ်တချို့ကလည်းငေါင်းဆိုတာ

လူနဲ့တော်တော်တူတဲ့ငှက်တစ်မျိုးဖြစ်တယ်လို့ဆိုကြပြန်ပါတယ် ရှေးလူကြီးတွေကတော့ ငေါင်းဟာနာနာဘာဝတို့ဖန်ဆင်းထားတဲ့သရဲ၊တစ်ဆေတစ်မျိုးသာဖြစ်တယ်လို့ ပြောကြပါတယ်ယခုခေတ်မှာမြင်ဖူးဖို့ကိုအသာထားဦးနာမည်တောင်

ကြားဖူးတဲ့လူကနည်းသွားပါပြီအဲ့အတွက်ယုံတမ်းစကားတွေကလည်အမျိုးမျိုးဖြစ်နေတာလို့ယူဆမိပါတယ်ငေါင်းသတ္တဝါဟာငုံးလိုလို၊ကြက်လိုလိုသတ္တဝါမျိုးဖြစ်ပြီးလူနဲ့အတော်ဆင်တူပါတယ်ဒါပေမယ့်ငေါင်းမှာခြေထောက်

တစ်ချောင်းပဲပါပါတယ်ခြေထောက်နှစ်ချောင်းသာပါရင်လူနဲ့ဆင်တူတဲ့ ရာခိုင်နှုန်းဟာအခုထက်ပိုများသွားမှာ ဖြစ်ပါတယ်သူ့ကိုငေါင်းလို့ခေါ်ကြသလိုတချို့ရိုးရာအခေါ်အဝေါ်တွေအရစောက်ကွန်းခြေတစ်ချောင်းအကောင်လို့လည်းခေါ်

ကြပါတယ်ငေါင်းတွေနဲ့ပတ်သတ်ပြီးအခိုင်လုံဆုံးအထောက်အထားကတော့ကုန်းဘောင်မင်းဆက်၊ရွေတိုက်မှာထားတဲ့ရွှေနန်းစဉ်လက်သုံးပုရပိုက်ဖြူပဲ ဖြစ်တယ်လို့စာထဲမှာဖတ်ရှုရပါတယ်ဘိုးတော်ဘုရားလက်ထက်တောင်ငူမြို့မြတ်စော

ညီနောင်ဘုရားကဖမ်းယူရရှိခဲ့တဲ့ငေါင်းအကြောင်းကိုမှတ်တမ်းတင်ထားတာပါ။ ငေါင်းမှာ လက်နှစ်ဖက်၊ ခြေတစ်ဖက်ပါပြီးမိန်းကလေးမျက်နှာနဲ့ဆင်တူတယ်လို့ ပြောပါတယ်ငေါင်းလို့ခေါ်ဆိုရတဲ့အကြောင်းကတော့သူတို့ဟာငေါင်း

ငေါင်းလို့ အော်မြည်နေတတ်ကြလို့ပဲ ဖြစ်ပါတယ်လို့ပြောကြတယ်တကယ်တော့ ငေါင်းဟာလူလည်းမဟုတ်သရဲတစ်ဆေလည်းမဟုတ်ငှက်လည်းမဟုတ်ပဲလူနဲ့အနီးစပ်ဆုံးတူတဲ့ထူးဆန်းသတ္တဝါမျိုးစိတ်တစ်ခုလို့ပဲကောက်ချက်ချမိပါတယ်