လက်ကြားယိုသူတွေအတွက်လက္ခဏာဗေဒင်အဟောလက္ခဏာပညာကျမ်းစာအုပ်တွေဖတ်ဖူးသူ၊ကြားဖူးနားဝရှိသူဆိုရင်လက်ကြားယိုတယ်ဆိုတာသိကြမှာပါလက်ဖဝါးကိုစေ့

လိုက်လို့မှလက်ချောင်းလေးတွေပူးကပ်မနေဘဲလက်ချောင်းတွေကြားမှာလက်ကြားယိုတာတနည်းပြောရရင်လက်ချောင်းတွေကြားမှာကွာဟနေသူတွေကိုငွေမမြဲသူ၊အသုံးအဖြုန်း

ကြမ်းသူတွေအဖြစ်သတ်မှတ်လေ့ရှိပါတယ်အခုပဲခင်ဗျားတို့လက်ဖဝါးကိုသက်တောင့်သက်သာလေးဖြေလျှော့ပြီးတော့လက်ချောင်းလေးတွေကိုစုစည်းကြည့်ပါလက်ချောင်းတွေ

ကြားမှာလက်ကြားယိုနေတာတွေရှိသလား၊လက်ကြားမယိုဘဲလက်ကြားလေးတွေစေ့နေသလားဆိုတဲ့အပေါ်မူတည်ပြီးအောက်ပါဟောချက်တွေကိုဖတ်ကြည့်နိုင်ပါပြီတကယ်လို့

ခင်ဗျားလက်ဖဝါးကြားမှာဘယ်လို ယိုပေါက်မှမရှိဘဲလက်ချောင်းတွေအချင်းချင်းပူးကပ်နေမယ် ဆိုရင်ခင်ဗျားဟာစေ့စပ်သေချာသူ၊လက်တွေ့သမားခေါင်းမာသူ

အလိုက်သင့်မနေတတ်သူ၊တခါတလေအတ္တကြီးလွန်းသူဖြစ်နေတတ်ပါတယ်တပြိုင်တည်းမှာပဲအလုပ်ကိုဇောက်ချလုပ်တတ်သူ၊ကြီးပွားချမ်းသာတိုးတက်အောင်လုပ်နိုင်သူ၊

အောင်မြင်မှုကိုခုံမင်တပ်မက်သူလည်းဖြစ်နေပြန်ပါတယ်ကြားဖူးနေကျ စကားအတိုင်းဖြည့်စွက်ရရင်စိစစ်သုံးစွဲတတ်သူ၊မလိုအပ်ဘဲစွန့်ကြဲပေးကမ်းမှုမရှိသူဖြစ်ပါတယ်လက်ကြား

ယိုသူ(တနည်း)လက်ချောင်းတွေကြားထင်သာမြင်သာတဲ့ဟာပေါက်တွေရှိနေသူဆိုရင်တော့ဘဝမှာစိတ်ထင်ရာလုပ်တတ်သူ၊ရည်မှန်းချက်မြင့်ပြီးမနေမနားကြိုးစားသူ၊အဆင်ပြေ

အောင်မြင်လာရင်လွယ်လွယ်နဲ့ပြန်သုံးပြီးပျော်ပျော်နေတတ်သူ၊စီးပွားရေးအမြင်အားနည်းသူ၊စေတနာတွေကောင်းလွန်းလို့အိတ်ထဲပါသမျှဝေမျှပေးကမ်းတတ်သူ၊ကိုယ့်နည်းကိုယ့်

ဟန်နဲ့သာဘဝကိုဖြတ်သန်းကြသူတွေဖြစ်ပါတယ်။ဒီအချက်တွေဟာအကြမ်းဖျဉ်းအယူအဆတွေပဲ ဖြစ်ပြီးလက်ချောင်းတစ်ချောင်းနဲ့တစ်ချောင်းကြားကသိသာမြင်သာတဲ့အကွာ

အဝေးတွေလက်ချောင်းအကြဲအစိပ်တွေလက်ဝါးပြင်ရဲ့အမာအပျော့တွေပေါ်မူတည်ပြီးကွဲပြားခြားနားတဲ့ဟောကိန်းတွေရှိနေပါသေးတယ်။နောက်ပိုင်းမှာအလျဉ်းသင့်ရင်တော့ဆက်လက်ဖော်ပြပါဦးမယ်မူရင်းရေးသားသူအားလေးစားစွာဖြင့်Creditပေးပါသည်။