စက်ရေတွင်းတူးမယ်ဆိုရင်မှတ်ထားကြပါရေရှိမရှိရေချိုရေငန်ရေတိမ်ရေနက်လားဒီလိုခန့်မှန်းနိုင်ပါတယ်စက်ရေတွင်းတူးရာ၌ရေရှိမရှိ၊ရေနည်းရေများခန့်မှန်သိရှိနိုင်ပုံလေးကိုဗဟုသုတအနေဖြင့်မျှဝေပေးပါမည်ရေရှိမရှိအရွက်အမြဲတမ်း

ရှိနေတတ်သောအုန်းနှဲပင်၊မယ်ဇလီပင်၊ မြက်စသည့်အပင်များစိုစိုပြေပြေလန်းလန်းဆန်းရှိနေပါကထိုနေရာတွင် ရေရှိသည်ဟုမှတ်ယူနိုင်၍ ဖော်ပြပါ လက္ခဏာများနှင့်ဆန့်ကျင်နေပါက ရေမရှိဟုခန့်မှန်းသိနိုင်ပါသည်ရေချို/ရေငန်အနီးအနားတွင်

ရှိသောသစ်ပင်တို့သည်အပင်အမျိုးအစားခြင်းတူပါလျက်အခြားနေရာရှိသစ်ပင်မှအရွက်တို့ထက်အနာအဆာများ၍အစိုဓာတ် ခြောက်ခန်းလျင် ရေငန်ဟုခန့်မှန်းနိုင်ပြီး သစ်ပင်မှသစ်ရွက်များစိုပြေစိန်းလန်းနေပါက ရေချိုဟုခန့်မှန်းသိရှိနိုင်ပါသည်။

ရေတိမ်/ရေနက်အနီးအနားတွင်ရှိသောသစ်ပင်တို့သည်အပင်ချင်းတူပါလျက်အဆစ် တိုနေသည်ကိုတွေ့ရပါက ရေတိမ် ရေနည်းသည်ဟုခန့်မှန်းသိရှိနိုင်ပါသည်သစ်ပင်မှ အဆစ်ရှည်နေပါက ရေနက် ရေဝေးသောသဘောဟုခန့်မှန်းသိရှိနိုင်၏။

ကျောက်ဆောင်ရှိမရှိအနီးအနားတဝိုက်ရှိသစ်ပင်ကြီး၊သစ်ပင်ငယ်တို့သည်ကြုံလှီပုကျစ်၍တွန့်လိမ် ကွေ့ကောက်နေပါက အောက်၌ ကျောက်ဆောင်ရှိကြောင်းခန့်မှန်းသိရှိနိုင်ပါသည်သစ်ပင်ကြီးသစ်ပင်ငယ်များ ဖြောင့်တန်းအနေထားတွေ့ရပါက

ကျောက်ဆောင်မရှိဟုခန့်မှန်းသိရှိနိုင်ပါသည်ရေချို/ရေငန်ရေတွင်းတူးမည့် နေရာရှိသစ်ပင်တို့သည်တစ်ခြမ်းကအနာဆာကင်း၍တစ်ခြမ်းက ချောမွေ့နေလျင် ရေငန် ရေချိုတစ်ခြမ်းစီ ရောစပ်နေသော နေရာဟုခန့်မှန်းသိရှိနိုင်သည်တနည်စမ်းသပ်ပုံမှာချိုး

(ဂျိုး)ကပ်နေသောထမင်းအိုးကိုစလောင်းဖုံးဖွင့်လျက် မြေကြီးကိုတွင်းတူးပြီး မြေတွင်းထဲတွင်အိုးကိုတစ်ညသိပ်ပါ နောက်တစ်နေ့အိုးကို ဖော်ကြည့်သောအခါထမင်းအိုးဖင်မှချိုးဂျိုးသည် ရေနူး၍ကွာကျနေလျင် ရေတိမ်ရေ

နည်းသည်ဟုခန့်မှန်းသိရှိနိုင်ပြီးအနည်းငယ်သာစို၍ချိုး(ဂျိုး)ကွာမကျလျင်က ရေဝေး ရေနက်သည်ဟုခန့်မှန်သိနိုင်ပါသည်ထမင်းချိုး(ဂျိုး)ကိုစားကြည့်ပါကငန်နေလျင် ရေငန်ဟုခန့်မှန်းသိရှိနိုင်ပြီးချိုနေပါက ရေချိုဟုခန့်မှန်းသိရှိနိုင်ပါ