မုန်တိုင်းငယ်ကြောင့်ယနေ့နံနက်မှ၂၀ရက်နေ့အထိရန်ကုန်အပါအဝင်တိုင်းနဲ့ပြည်နယ်အချို့မှာမိုးကြီးနိုင်နိုဝင်ဘာ၁၈မုန်တိုင်းငယ်ကြောင့်ယနေ့နံနက်မှ၂၀ ရက်နေ့အထိရန်ကုန်အပါအဝင်တိုင်းနဲ့ပြည်နယ်အချို့မှာမိုးကြီးနိုင်တယ်လို့
မိုး/ဇလကသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်မိုး/ဇလရဲ့ယနေ့နိုဝင်ဘာ၁၈ရက်နေ့နံနက်ပိုင်းထုတ်ပြန်ချက်အရလက်ရှိဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းသည်နိုဝင်ဘာ၁၉ရက်နေ့တွင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်
မုန်တိုင်းငယ်အဖြစ်သို့တဖြည်းဖြည်းအားကောင်းလာနိုင်ပြီး၊နိုဝင်ဘာ၂၂ရက်နေ့မှာအိန္ဒိယနိုင်ငံတမီးလ်နာဒူးမြောက်ပိုင်းပူဒူချယ်ရီနှင့်အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့သိုရောက်ရှိနိုင်တယ်လို့ဆိုပါတယ်ယင်းမုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်
ယနေ့နံနက်မှနိုဝင်ဘာ၂၀ရက်နေ့အတွင်းရန်ကုန်တိုင်း
ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ကယား၊ကရင်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်နေပြည်တော်မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကျားမှနေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်တယ်လို့ဆိုပါတယ်