လှေကားမှာလဲနိမိတ်ရှိကြောင်းလက်သမားတွေကရှင်းပြကြတယ်။လှေကားတပ်ခါနီးအိမ်ပေါ်၊အိမ်အောက်ကန်တော့ပွဲတစ်ပွဲစီပေးရတယ်။သပြေခက်နဲ့ရွှေရည်ငွေရည်လောင်းတက်ရတယ်။စီးပွားလာဘ်လာဘတိုးအောင်လို့ဆိုတယ်။
ဆရာလှေကားကလမ်းနဲ့တိုက်ရိုက်ဖြစ်နေတော့အနောက်ကိုအုတ်၄ထစ်ချိုးပြီးမှကျွန်းလှေကား၉ထစ်တပ်တယ်လမ်းဦးတိုက်လှည်းဦးတိုက်ဆိုစီးပွားခိုက်တတ်တဲ့သဘောရှိတာတော့ဆရာအယူရှိထားတယ်။လှေကားကလမ်းနဲ့ဦးတိုက်မတပ်
ကောင်းဘူးဆရာအိမ်ရှင်ခိုက်တတ်တယ်လို့သူတို့ကဗဟုသုတပြောပြန်တော့လက်ခံလိုက်တယ်ရှေးထုံးလဲမပယ်နဲ့စျေးသုံးလဲမကြွယ်နဲ့ဆိုသလိုလှေကားအထစ်အရေအတွက်နဲ့သူ့နိမိတ်ရှိတယ်လို့စာတွေအရအဆိုရှိတယ်။
လှေကား”စုံ””မ”ရှိတဲ့အခါ”မ”ထစ်ကိုရွေးကြတယ်။ဘာကြောင့်လဲဆိုတော့ပထမထစ်မှစ၍ရေတွက်သော်လာဘံ၊သုခံ၊မရဏံ၊လာဘ၊သုခ၊မရဏ)ဆိုပြီးရေတွက်တယ်။လာဘ၁ထစ်၊၄ထစ်၊၇ထစ်။သုခ၂ထစ်၊၅ထစ်၊၈ထစ်။
မရဏ၃ထစ်၊၆ထစ်၊ထစ်၉၊၁၂ထစ်။သို့သော်တစ်ကျောင်းတစ်ဂါထာတစ်ရွာတစ်ပုဒ်ဆန်းဆိုသလို၁ထစ်သော်ကောင်းစားစေ၏။၃ထစ်ဆိုသော်ဒုက္ခရောက်တတ်၏။၈ထစ်သော်မင်္ဂလာအပေါင်းနဲ့ပြည့်စုံစေ၍ဘုန်းကျက်သရေတိုးတက်
စေ၏၉ထစ်ထားလျှင်လာဘ်လာဘပေါများစေ၏၁၂ထစ်ထားသော်ရန်သူမျိုး၅ပါးမှကင်းဝေးစေ၏။အယူအဆများရှိကြတယ်။သို့သော်တနင်္လာနေ့တွင်လှေကားတပ်ခြင်းမှရှောင်ကြဥ်ပါ။ဗဟုသုတရကြပါစေ
ကောင်းဘူးဆရာအိမ်ရှင်ခိုက်တတ်တယ်လို့သူတို့ကဗဟုသုတပြောပြန်တော့လက်ခံလိုက်တယ်ရှေးထုံးလဲမပယ်နဲ့ဈေးသုံးလဲမကြွယ်နဲ့ဆိုသလိုလှေကားအထစ်အရေအတွက်နဲ့သူ့နိမိတ်ရှိတယ်လို့စာတွေအရအဆိုရှိတယ်။