မြွေတွေကိုအိမ်မက်တာမထက်ကိုလာမေးနေကြလို့ဖြေပေးလိုက်ပြီနော်မြွေကိုအိမ်မက်တယ်၊ကိုယ့်ကိုဘာမှမလုပ်ဘူးဆိုရင်မဝေးတော့တဲ့ကံကောင်းခြင်းတဲ့လာဘ်လာဘကိုရမှာပါမြွေအများကြီးစုပြုံနေတာကိုမြင်တွေရတယ်ဆိုရင်တော့

ကျန်းမာရေးဂရုစိုက်ပါအိပ်ရေးဝဝအိပ်ပါအလုပ်ပင်ပန်းလို့မက်တာပါမြွေစိမ်းကိုမက်တယ်ဆိုရင်သင့်ကိုကူညီမယ့်သူတွေပေါမယ်၊အစောင့်ရှောက်ကောင်းရမယ်၊ လာဘ်လာဘဝင်ပါလိမ့်မယ်မြွေမြိုခံရတယ်ဆိုရင်အရင်ဘဝကပဌာန်းဆက်က

အနားမှာရှိတာသို့မိမိကိုလွမ်းစေတာပါမြွေအနက်ကိုအိမ်မက်ရင်မိမိပြုလုပ်နေသည့်လတ်တလောမကောင်းမှုများကိုဆက်မလုပ်ဖို့သတိပေးတာပဲဖြစ်ပါတယ်မြွေကမိမိခန္ဓာကိုယ်ကိုရစ်ပတ်ထားတယ်ဆိုရင်မိမိချစ်သူသို့အိမ်ထောင်ဖက်ဖောက်ပြန်ချင်နေတာပါမြွေလိုက်လို့

ထွက်ပြေးရတယ်ဆိုရင်မကြာခင်ကံမကောင်းခြင်းတစ်ခုကြုံရမှာမို့နိုးနိုးခြင်းခေါင်းလျှော်သင့်ပါတယ်မြွေအရေခွံလဲတာသို့မြွေကိုကိုင်နေရတယ်ဆိုရင်ကံကောင်းခြင်းတွေရောက်လာတော့မှာဖြစ်ပါတယ်မြွေကိုကိုယ်တိုင်သတ်ပစ်တယ်မက်ရင်မကြာမီသင်ဟာဆုတောင်းပြည့်ပြီးအောင်မြင်တော့မယ့်

နိမိတ်ပါမြွေကလိုက်တယ်သို့အကိုက်ခံရတယ်ဆိုရင်ပြဿနာတခုဖြစ်ဖို့ရှိနေတာမို့ သတိရှိဖို့လိုပါမယ်မြွေအချင်းချင်းကိုက်နေတာမြင်ရင်သင့်မိတ်ဆွေသို့သင့်သူငယ်ချင်းထဲကတယောက်ယောက်ကမနာလိုဖြစ်နေတာပါကဲဘယ်သူတွေဘယ်လိုမက်ဖူးလဲမထက်ကိုပြောပြကြပါအုံး