လည်ပင်းတစ်စို့စို့နဲ့နေရခက်တဲ့ရောဂါအစာအိမ်အက်ဆစ်ပြန်ရောဂါဆိုတာဟာအစာအိမ်အတွင်းကအက်ဆစ်တွေဟာOesophagusအစာရေမြိုပြွန်အထိလျှံတက်လာတဲ့

ရောဂါဖြစ်ပါတယ်အစာရေမြိုပြွန်ကအက်ဆစ်ပြန်တက်နေတာကြောင့်နီးစပ်ရာအသက်ရှူလမ်းကြောင်းpharynxကိုဒဏ်ဖစ်စေပီး (pharyngitis)လည်ချောင်းယောင်တာ

နာတာဖစ်ရင်အသက်ရှူကျပ်တာ၊ရှူရခက်တာလည်ပင်းတင်းကျပ်နေသလိုတစ်ဆို့ဆို့ဖြစ်တာမျိူးခံရတတ်ပါတယ်အဓိကကတော့ဆောင်ရန်ရှောင်ရန်လေးတွေကိုတင်ပြပေးချင်

ပါတယ်အက်ဆစ်ပြန်တာသက်သာအောင်ဆီကြော်၊အကင်၊အပူအစပ်စတဲ့ဓာတ်ပြောင်းအစားအစာတွေတတ်နိုင်သမျရှောင်ပါ။နေ့လည်စာဆီအနည်းငယ်ပါတာစားနိုင်ပေမယ့်

ညနေပိုင်းမှာအက်ဆစ်ပြန်တာများတဲ့အချိန်ကိုဆီနဲ့လွတ်တာမျိုးစားပေးသင့်ပါတယ်ဥပမာအသားနဲ့အရွက်ရောပြုတ်ထားတာလိုမျိုးကိုစားပေးနိုင်ပါတယ်အရွက်တွေကို ကြော်စားတာ

ထက်ပြုတ်စားတာမျိုးကိုပိုပြီးလုပ်ဆောင်သင့်ပါတယ်ချိစ်ကိတ်၊ချောကလက်၊အာလူးကြော်လိုအစားအစာတွေကိုရှောင်ပေးရပါမယ်။အသီးအနှံတွေအနေနဲ့ကတော့ငှက်ပျောသီး

ဖီးကြမ်းကအစာအိမ်အတွက်ကောင်းစေသလိုလိမ္မော်သီးသံပုရာသီး၊ကဗ္ဗလာသီး၊ခရမ်းချဉ်သီးစတဲ့အချဉ်အရသာရှိတဲ့ အသီးနှံတွေကိုရှောင်ပေးသင့်ပါတယ်နနွင်းစစ်စစ်ကို

သောက်သုံးပေးခြင်းကလည်းအစာအိမ်အတွက်သင့်တော်ပါတယ်၊ရှားစောင်းလတ်ပတ်ကလည်ချောင်းကိုအေးပြီးသက်သာစေတာကြောင့်စားသုံးပေးလို့ရပါတယ်ရှားစောင်း

လက်ပတ်စားတဲ့အခါအစေးဝါတွေထွက်အောင်နာရီဝက်ခန့်ထောင်ထားပီးသေချာဆေးကြောပြီးစားပေးရင်တော့အက်ဆစ်ပြန်တဲ့ဒဏ်ကြောင့်ဖြစ်တဲ့လည်ချောင်းနာတာကို

သက်သာစေပါတယ်ကိုယ်ဝန်ဆောင်တွေအနေနဲ့ကတော့မစားသင့်ပါဘူဆီကြော်တွေရှောင်ရလို့ အဆီဓာတ်မချို့တဲ့ရအောင်ဆီစမ်းစားတာမျိူးရနိုင်ပါတယ်အဓိကသတိပြုရမယ့်အနေ

အထိုင်တွေကအစာစားပီး၃နာရီအတွင်းမလှဲလျောင်းပါနဲ့ညမအိပ်ခင်၃နာရီအတွင်းဘာမှမစားသင့်တော့ပလက်သုပ်စုံနန်းကြီးသုပ်၊မုန့်ဟင်းခါးဖတ်စတာတွေစားတာရှောင်ရမှာ

ဖြစ်ပါတယ်မုန့်ဖတ်တွေကကြာရှည်ခံအောင် လုပ်ထားတဲ့ဓာတုပစ္စည်းလိုမျိုးတွေအပြင်အချဉ်ဓာတ်တွေပါဝင်နေတတ်ပါတယ်ကော်ဖီ၊လက်ဖက်ရည်ဆေးလိပ်၊ကွမ်းယာအရက်

ဘီယာ၊ဝိုင်တို့အပြင်ကောက်ညှင်းလိုမျိူးအစာချေရခက်တဲ့မာတဲ့အစားအစာမျိူးတွေကိုရှောင်ရပါမယ်အစာအိမ်အူနံရံမှာမစုပ်ယူနိုင်ခဲတဲ့အစာဟောင်းတွေကကပ်နေပီးအက်ဆစ်ပြန်နိုင်

ပါတယ်မနက်ပိုင်းအစာမစားခင်ရေများများသောက်ခြင်းက အစာဟောင်းတွေအူလမ်းကြောင်းမှာမစုပ်နိုင်ပဲကပ်နေတဲ့အညစ်အကြေးတွေကိုသန့်စင်စေပါတယ်ဝမ်းအကျန်တွေကို

အူလမ်းကြောင်းအောက်သို့ဆင်းစေပါတယ်ထိုအစာဟောင်းတွေကလည်းအက်ဆစ်ပြန်တာကိုဖြစ်စေနိုင်ပါတယ်အစားအသောက်များကိုစားတဲ့အခါဖြည်းဖြည်းနဲ့မှန်မှန်စားသုံးပေး

သင့်ပြီးလမ်းပုံမှန်လျှောက်ပေးတာ၊အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးတာမျိုးတွေနဲ့လည်းကုသပေးလို့ရပါတယ်စိတ်ဖိစီးတဲ့အခါ၊ညအိပ်မပျော်တဲ့အခါ၊အက်ဆစ်ပိုလျှံတတ်တာကြောင့်

စိတ်ကိုအတတ်နိုင်ဆုံး စိုးရိမ်စိတ်လွန်ကဲခြင်းမရှိအောင်သတိလေးနဲ့ထိန်းသင့်ပါတယ်။တရားထိုင်ပေးတာ၊ယောဂကျင့်စဉ်လေးတွေကျင့်ပေးတာကအစာအိမ်အက်ဆစ်လျှံသူတွေ

အတွက်သင့်တော်တဲ့နည်းလမ်းလေးတွေပဲဖြစ်ပါတယ်အက်ဆစ်တားဆေးတွေကိုမိမိသဘောဖြင့်သောက်သုံးတာမျိုးမလုပ်သင့်ပါမလိုအပ်ပဲသောက်သုံးရင်ရေရှည်မှာဘေးထွက်

ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။အဲတာကြောင့်လနဲ့ချီပီးခံစားနေရရင်အစာအိမ်နှင့်အူလမ်းကြောင်းဆရာဝန်နဲ့ပြသပီးသေချာကုသစေလိုပါတယ်Credit