ပညာရပ်များမှဆရာကြီး ဦးမင်းနိုင် ခွင့်ပြုချက်ဖြင့် ပြန်လည်၍ရေးသားတင်ပြပေးရခြင်း ဖြစ်သည်ယုံကြည် အားကိုး ဆန္ဒ ရှိသူများ အတွက်ဗေဒင်နှင့်အထူးယတြာပေးပညာရှင်ဆရာပေါက်ကျိုင်း☎09776478912
လာဘ်ဖွင့်ဂါထာတော်စီးပွားရေးနိမ့်ကျနွမ်းပါး အဆင်မပြေဖြစ်နေခြင်းအကြွေးမဆပ်နိုင်ဖြစ်နေခြင်းငွေကြေးမစုနိုင်ဖြစ်နေခြင်းများဆိုသူများအတွက်ဤဂါထာတော်ကိုပုတီးစိပ်ရွတ်ဆိုကြစေရန်ရည်ရွယ်ပြီးမျှဝေပေးခြင်းဖြစ်ပါတယ်။
ဒီဂါထာတော်ကိုပုတီးမစိပ်မှီဘုရားကန်တော့၊သီလယူ၊မြတ်စွာဘုရားရှင်ကိုလှူဖွယ်တစ်ခုခုအနည်းဆုံးဘုရားသောက်တော်ရေတစ်ခွက်ပဲဖြစ်စေရိုသေစွာ ဆက်ကပ်လှူဒါန်းပြီးမှသာမိမိအိမ်ဘုရားကျောင်းဆောင်ရှေ့တွင်ထိုင်ပြီးမနက်တစ်ပတ်၊ညနေတစ်ပတ် (၁၀၈)လုံး ပုတီးနှင့် စိပ်ရပါတယ်။
ချက်ချင်းအဆင်ပြေပါတယ်အိမ်ဘုရားကျောင်းဆောင်ရှေ့မှာထိုင်ပြီးပုတီး မစိပ်ပါကဝင်သမျှငွေမမြဲတတ်ပါ။မိမိအိမ်ဘုရားရှေ့တွင် စိပ်ဖို့ရန်အဆင်မပြေပါကပုံမှန် ပုတီးစိပ်နေရာတစ်ခုကို မိမိဘုရားခန်းအဖြစ် စိတ်ကသတ်မှတ်လို့ရပါတယ်။
ဤဂါထာတော်သည် ပါဠိ၊သဒ္ဒါ၊ဆန်းဂိုဏ်းတွေအရအဖြတ်အတောက် သိပ်အရေးကြီးပါတယ်။ရှေ့ကစာလုံးများအားလုံးကို ပီပီသသရွတ်ရပါတယ်။ရ”ကိုတွေ့တိုင်း(ra)ဟူ၍အသံထွက်ရပါမယ်။ဂါထာရွတ်ဖတ်ရာ၌ မမှားကြစေရန်အသံအဖြတ်အတောက်ကိုအောက်တွင် အသေးစိတ်ရေးထားပါတယ်။
အရဟံဗဟိအန္တဇယံသုဂတံ အ,မိ,တံ ဝိ,ရ,ဇံ လ,လိ,တံအ,တုလံစရဏံတိဘဝူ,ပ,သမံယမကံ သုခဒံ သရဏံ ပ,နမာမိ ဇိနံ။ဤဂါထာတော်၏ထူးခြားချက်များမှာစိတ်ငြိမ်ငြိမ်ထားပြီးအသံထွက်မှန်မှန် ဆယ်ကြိမ်လောက်ရွတ်မိရင်ကိုပဲစိတ်ကြည်နူးလန်းဆန်းလာတာပါ။
ဤဂါထာတော်ကိုရိုသေစွာပုံမှန်ပုတီးစိပ်နေသူများက စီးပွားရေးနိမ့်ကျနွမ်းပါးနေပါစေ၊တစ်နေ့တခြား စီးပွားလာဘ်လာဘတက်လာပြီး ဘုရားဒကာ၊ကျောင်းဒကာဖြစ်ခွင့်ရလာပါတယ်ဤဂါထာတော်သည်ကျွန်ုပ်၏ရိုသေလေးစားရပါသောဆရာကြီး ဦးမင်းနိုင်သင်ကြားပေးသော
ပညာရပ်များမှဆရာကြီး ဦးမင်းနိုင် ခွင့်ပြုချက်ဖြင့်် ပြန်လည်၍ရေးသားတင်ပြပေးရခြင်း ဖြစ်သည်ယုံကြည် အားကိုး ဆန္ဒ ရှိသူများ အတွက်ဗေဒင်နှင့်အထူးယတြာပေးပညာရှင်ဆရာပေါက်ကျိုင်း☎09776478912