လုပ်သမျှအရာမထင်ဖြစ်ပြီးစိတ်ဓာတ်တွေကျနေတဲ့အချိန်မှာဒီစာလေးကိုဖတ်လိုက်ပါလောကမှာတစ်ခါတလေကိုယ်ဘယ်လောက်ပဲကြိုးစားနေပါစေ၊ကြိုးစားသလောက်အရာမထင်တဲ့

အချိန်တွေရှိတတ်ပါတယ်ဒီလိုအချိန်တွေမှာကြိုးစားချင်စိတ်တွေကုန်ခမ်းပြီးလောကကြီးမှာဆက်မနေချင်တော့လောက်အောင်စိတ်ဓာတ်တွေကျနေမိတတ်ပါတယ်ဒီလိုအချိန်မှာ

ဘယ်သူနဲ့မှလည်းစကားမပြောချင်၊ဘာကိုမှအကောင်းမမြင်နိုင်တော့ပဲ တစ်ယောက်တည်းနေချင်လာပါတော့တယ်ဒီလိုလုပ်သမျှအရာမထင်ဖြစ်ပြီးလက်လျှော့ချင်စိတ်တွေဖြစ်လာတဲ့အခါတွေမှာဒီစာလေးကသင့်အတွက်

အထောက်အကူဖြစ်မှာပါ(၁)လန်းဆန်းစွာနေပါအရာအားလုံးမှာအသစ်ကပြန်စဖို့အခွင့်အရေးကောင်းတွေအများကြီးရှိတဲ့အတွက်အရေးကြီးဆုံးကတော့စိတ်ပါပဲဒါကြောင့်အသက်ဝဝ

ရှူပြီးသင့်ရဲ့ခေါင်းထဲမှာရှိနေတဲ့စိတ်ကူးအိပ်မက်တွေအားလုံးဖြစ်လာမယ်ဆိုတာကိုအပြည့်အဝယုံကြည်လိုက်ပါတစ်ခါတလေမှာသင်ခန်းစာအသစ်တွေကိုရရှိဖို့အတွက်အရှုံးတွေကို

ရင်ဆိုင်ရတာဖြစ်ပါတယ်ဒါကြောင့်သင့်ရဲ့စိတ်ကိုပေါ့ပေါ့ပါးပါးလန်းလန်းဆန်းဆန်းပဲထားပြီးသင်လုပ်ချင်တဲ့အရာတွေအားလုံးကိုဖြစ်မြောက်အောင်ပြန်လည်ကြိုးစားပါသင်မှမလုပ်ရင်သင့်အတွက်ဘယ်သူမှလာလုပ်ပေးမှာမဟုတ်ပါဘူး

ဒါကြောင့်သင့်ရဲ့စိတ်ကလန်းဆန်းနေဖို့လိုပါတယ်(၂)အကောင်းမြင်ပါကမ္ဘာပေါ်မှာစိတ်တိုင်းမကျစရာအများကြီးရှိနေသည့်တိုင်အောင်စိတ်ချမ်းသာစရာလေးတွေလည်း

အများကြီးရှိနေပါသေးတယ်သင့်ဘဝမှာငွေကြေးနဲ့ဝယ်ယူလို့မရတဲ့ကျန်းမာခြင်းတွေကိုပိုင်ဆိုင်ထားတယ်၊ခြေလက်အင်္ဂါတွေသန်စွမ်းကျန်းမာနေသေးတယ်၊မိဘနဲ့သူငယ်ချင်းကောင်းတွေရှိသေးတယ်

ဒီလိုအရာလေးတွေဟာအသေးအမွှားလေးတွေလို့ထင်ရပေမယ့်ငွေကြေးနဲ့ဝယ်ယူလို့မရတဲ့အဖိုးမဖြတ်နိုင်တဲ့အရာတွေဖြစ်ပါတယ်ဒါကြောင့်သင့်မှာရှိနေသေးတဲ့အရာလေးတွေကို

အကောင်းမြင်စိတ်ထားတတ်ဖို့ကဒီအချိန်မှာအရမ်းကိုအရေးကြီးပါတယ်(၃)သူတစ်ပါးကိုမေတ္တာထားပါကံကြမ္မာဆိုတာခန့်မှန်းလို့မရသလိုအချိန်တွေကိုနောက်ပြန်ဆုတ်လို့လည်းမရတော့တာကြောင့်လုပ်နိုင်တာတစ်ခုပဲရှိပါတယ်

အဲဒါကတော့စိတ်ရှည်သည်းခံခြင်းနဲ့သူတစ်ပါးကိုမေတ္တာထားခြင်းပါပဲသင်ကိုယ်တိုင်စိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာသူတစ်ပါးကိုကူညီကြည့်လိုက်ပါတူသောအကျိုးပြန်ပေးတာကို

လက်တွေ့ခံစားရမှာဖြစ်သလို၊ပျော်ရွှင်ကြည်နူးမှုတွေလည်းအများကြီးခံစားရမှာသေချာပါတယ်။ဒါကြောင့်လောကကြီးကိုစိတ်ကုန်လာတဲ့အချိန်တိုင်းကိုယ့်ထက်နိမ့်ပါးတဲ့သူတွေကို

ပြန်ကူညီခြင်းဖြင့်သင့်ရဲ့ပျောက်ဆုံးနေတဲ့ပျော်ရွှင်ခြင်း၊ပီတိတွေကိုပြန်ရှာတွေ့မှာဖြစ်ပါတယ်(၄)ပြောင်းလဲဖို့လိုအပ်တယ်တစ်ခါတလေအမှန်တရားကခါးသီးပါတယ်သင့်ရဲအခြေအနေ

မှန်၊အနေအထားအမှန်ကိုသိမြင်ရဖို့အတွက်သင်မှားနေတယ်ဆိုတာကိုအရင်သဘောပေါက်ဖို့လိုပါတယ်ဒါကြောင့်တစ်ခါတလေမှာလောကကြီးကသင့်ကိုလူမှန်နေရာမှန်ပြန်ထား

ချင်တဲ့အခါခါးသီးတဲ့အမှန်တရားတွေကိုပေးသိလိုက်ရခြင်းဖြစ်ပါတယ်ဒါကြောင့်တစ်ခါတလေမှာခါးသီးမှု၊နာကျင်မှုတွေဟာတဒင်္ဂသာဖြစ်ပြီးအဲ့ဒီ့အရာတွေကိုပြောင်းလဲလိုက်တာနဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

သင်ဟာကျိန်းသေပေါက်ပြန်လည်ပျော်ရွှင်လာရမှာဖြစ်ပါတယ်(၅)ကိုယ့်ကိုယ်ကိုတာဝန်ယူပါသင့်ဘဝကောင်းမွန်လာဖို့တိုးတက်လာဖို့တာဝန်အရှိဆုံးလူဟာသင်ကိုယ်တိုင်ပါပဲ

သင်မအောင်မြင်သေးတာ၊သင်ကျရှုံးနေရတာတွေအားလုံးအတွက်သင့်မှာပဲတာဝန်ရှိပါတယ်အကြိမ်ကြိမ်လဲကျခဲ့ရင်တောင်အကြိမ်ကြိမ်ပြန်ထပြီးပြန်ကြိုးစားလိုက်ပါပတ်ဝန်း

ကျင်ကိုဂရုမစိုက်ပါနဲ့၊သင့်အတွက်သင်ပဲရှိတာပါ။ဒါကြောင့်လုပ်သင့်လုပ်ထိုက်တာမှန်သမျှကိုပုံမှန်လေးဆက်လုပ်နေပါသင်ကြိုးစားနေသရွေ့သင့်အလှည့်ဆိုတာရောက်လာမှာသေချာပါတယ်။credit