လူကြီးမိဘများလုံးဝကျော်မသွားပါနဲကလေးတွေအသက်နဲဆိုင်လို့ပါတစ်ရက်တည်းမှာဖြစ်ပျက်သွားတယ်မနက်ပိုင်းကလေးဆေးခန်းနင့်ကိုငါလုပ်မိတော့မယ်ကလေးအဖေက
သူ့မိန်မကို ကြိမ်းမောင်းနေတာကလေးနှာခေါင်းထဲပြောင်းဖူးစေ့ဝင်သွားတာကိုသူ့မိန်မကလေးကိုဂရုမစိုက်လို့ဖြစ်ရတာဆိုပြီးဒေါသတွေထွက်နေလို့တော်တော်ဖျောင်းဖျယူရတယ်




ကျနော်ရှင်းပြတယ်1နှာခေါင်းထဲကပြောင်းဖူးစေ့ကိုဆေးခန်းမှာကြိုးစားထုတ်ကြည့်မယ်မရရင်2ဆေးရုံမှာအိပ်ဆေးပေးပြီးထုတ်မယ်မရရင်3နား၊နှာခေါင်း၊လည်ချောင်းအထူးကု
ဆရာဝန်ဒေါက်တာမောင်မောင်သန်းရှိတဲ့ကျိုင်းတုံ(မိုင်တစ်ရာခန့်ဝေး)သွားမှရမယ်လိုဆေးခန်းမှာထုတ်ဖို့ကြိုးစားတယ်ကံဆိုးတယ်မရဘူးဆေးရုံခေါ်သွားရတယ်ဆေးရုံမှာအိပ်ဆေး
ထိုးပြီးထုတ်တယ်ကံကောင်းတယ်။ပြောင်းဖူးစေ့ထွက်သွားတယ်အခုမှစိတ်အေးရတယ်ဗျာကျိုင်းတုံသွားစရာမလိုတော့ဘူးပေါ့နော်ဆရာဟုတ်တယ်မသွားရတော့ဘူးနောက်
မဖြစ်အောင်ကလေးကိုဂရုစိုက်ပေါ့ဟုတ်ကဲ့ ဆရာကျေးဇူးအရမ်းတင်တယ်နော်ဆရာဟုတ်ပါပြီဗျာအဲဒီနေ့ညနေပိုင်းဆေးရုံကနေဖုန်းဆက်လာတယ်ဆရာရေကလေးတစ်ယောက်




ဆေးရုံလာတက်တယ်ဘာကေ့စ်လဲလေးဖျန်းနေတဲ့ သူ့အဖွားလိမ်းဖို့ဝယ်လာတဲ့တိုင်းရင်းဆေးရည်ကိုမှားသောက်မိလို့ဆေးရုံသွားကြည့်ရပြန်တယ်သောက်မိတဲ့ဆေးကြည့်
လိုက်တော့အိမ်မှာဖော်စပ်ထားတဲ့ပုံစံ။တံဆိပ်မပါ။ဘယ်လိုဖော်စပ်ထားတာလဲမသိရ။ပုလင်းကိုနမ်းကြည့်တော့ဟအရက်နံ့ရတယ်။စိတ်ထဲမှာတော့မှားသောက်မိတဲ့ဆေးထဲ
အရက်များများပါပါစေလို့ကျိတ်ပြီးဆုတောင်းရတယ်ဟုတ်တယ်လေအရက်ချည်းပဲသောက်မိရင်တောင်အချိန်တန်ရင်ပြန်ကောင်းလာမှာစောင့်ကြည့်ရုံပဲအခုတော့ဘာတွေပါမှန်း




မသိတော့အရိပ်တကြည့်ကြည့်စောင့်ကြည့်ပြီးကုသမှုပေးရတာပကလေးကံကောင်းပါတယ်ဆေးရုံမှာသုံးရက်နေတော့တော်တော်ကောင်းသွားလို့ဆင့်ခွင့်ပေးလိုက်ပြီ။မိဘတွေကို
မှာရပြန်တယ်းကလေးကိုနောက်ဒါမျိုးမဖြစ်အောင်သေချာဂရုစိုက်ကြပါဗျအဲဒီနေ့ညပိုင်းပုဂ္ဂလိကဆေးရုံကဖုန်းဝင်လာတယ်ဆရာရေသုံးနှစ်သားကလေးတစ်ယောက်
cefixime 200mgလေးလုံး(800mg)သာက်မိလို့အင်လုပ်ပြန်ပြီဒီနေ့ကံမကောင်းပါလားcefiximeကပိုးသတ်ဆေး(antibiotic)သူ့အရွယ်နဲ့ဆိုသောက်သင့်တာထက်
ခြောက်ဆလောက်ပိုပြီးသောက်မိတယ်။အန္တရာယ်အရမ်းများတယ်မိဘတွေကမှားသာက်ပြီးနာရီဝက်အတွင်းချက်ချင်းဆေးရုံရောက်လာတော့အစာအိမ်ထဲကဆေးကိုရသမျှ




ဆေးကြောထုတ်(gastric lavage)လုပ်၊အနီးကပ်စောင့်ကြည့်ကုသပြီးကောင်းသွာတယ်သံချောင်းတို့အဖေကံကောင်းလို့မသေပေါ့ဗျာမိဘတွေကိုမှာရပြန်တယ်နောက်ထပ်
ဒါမျိုးမဖြစ်အောင်ဆေးတွေကိုကလေးတွေလက်လှမ်းမမီတဲ့နေရာမှာသေချာထားရတယ်နောက်သေချာဂရုစိုက်ဗျမောတယ်ဗျာမိဘတွေမှာရတာနောက်ဒါမျိုးဖြစ်တာတွေနည်းအောင်လို့သတိပေးလိုက်ပါရဲ့ဗျာဒေါက်တာကျော်စွာမြင့် (ကလေးအထူးကု)