သင်ချမ်းသာချင်လျှင်ဒီနည်းလမ်း၄ခုကိုပဲလုပ်ပါလူတစ်ယောက်ကိုချမ်းသာလာအောင်လုပ်ပေးနိုင်တဲ့အရာဟာလူတွေရဲ့နေ့စဉ်အလုပ်ချိန်ဇယားထဲမှာရှိပါတယ်အဲတာကြောင့်

ကျွန်တော်တို့ရဲ့ အလေ့အကျင့်တွေကိုအကောင်းဘက်ရောက်အောင်အမြဲပဲတွန်းပို့နေရတာဖြစ်ပါတယ်ဒီတစ်ခါမှာတော့လူတစ်ယောက်ကိုချမ်းသာစေနိုင်မယ့်အကျင့်တစ်ချို့

အကြောင်းပြောသွားမှာပါဒီအချက်လေးနေသိသွားရင်သင့်ရဲ့ဘဝတိုးတက်အောင်ပထောက်ပံ့ ပေးနိုင်မှာပါနော်။၁ကိုယ့်အတိုင်းအတာနဲ့ကိုယ်နေထိုင်သုံးစွဲပါခြွေတာရေးအလေ့အကျ

င့်ဟာငွေကြေးအခက်အခဲကနေလွတ်မြောက်ဖို့အမြဲပဲအထောက်အကူဖြစ်ပါတယ်ငွေကြောင့်ဘယ်သူ့ဆီမှမျက်နှာအောက်ကျမခံချင်ရင်ကိုယ့်အသုံးစရိတ်ကို အမြဲစိစစ်ပါငွေစု

ပါနေရေးအတွက်ကိုယ့်လစာရဲ့၂၅%ထက်ပိုမသုံးဖို့လိုပါတယ်အစားအသောက်အတွက်အများဆုံး၁၅%အပေါင်းအသင်းတွေနဲ့ပျော်ပါးဖို့လူမှုရေးကိစ္စအတွက်သုံးဖို့၁၀% ထက်မပိုဖို့

စသည်ဖြင့်စည်းကမ်းထားသင့်ပါတယ်၂လောင်းကစားမလုပ်ပါနဲ့အပျော်အပါးလိုက်စားတာလောင်းကစားလုပ်တာနဲ့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှုနည်းခြင်းဟာဆင်းရဲလမ်းကိုလိုက်နေ

တာဖြစ်ပါတယ်ပိုက်ဆံအတော်ရှိတဲ့သူတွေတောင်ဒီလိုအကျင့်ဆိုးတွေရှိနေရင်မကြာခင်ဒုက္ခရောက်သွားနိုင်ပါတယ်၃ရင်းနှီးမြှပ်နှံမှုလုပ်ပါဝန်ထမ်းဘဝနဲ့လစာကိုပဲမှီခိုမနေဘဲစီးပွားရေး

လုပ်ငန်းလေးတွေမှာခြေချဖို့ကြိုးစားပါကိုယ့်ဝင်ငွေထဲကတစ်လ၁၀%နှုန်းကိုလုပ်ငန်းလုပ်ဖို့စုဆောင်းထားသင့်ပါတယ်သေချာတဲ့လုပ်ငန်းတွေမှာရင်းနှီးမြှပ်နှံတာဖြစ်စေကိုယ်ပိုင်

လုပ်ငန်းသေးသေးလေးတွေထူထောင်ဖို့ဖြစ်စေဒီငွေကိုပြန်သုံးနိုင်ပါတယ်၄မိတ်ဆွေကောင်းတွေပေါင်းပါငွေမရှာခင်ကိုယ့်မှာ မိတ်ကောင်းဆွေကောင်းတွေအရင်ရှိထားတာပိုကောင်းပါ

တယ်မိတ်ဆွေကောင်းတစ်ယောက်ဟာသင့်ဘဝကိုအကြီးအကျယ်ပြောင်းလဲစေနိုင်တဲ့အစွမ်းရှိပါတယ်စစ်မှန်ကောင်းမွန်ပြီးအကျိုးလိုလားတဲ့မိတ်ဆွေတွေကြောင့်ပဲ

အခက်အခဲတွေအလွယ်တကူကျော်လွှားနိုင်သလိုဘဝကိုလည်းတိုးတက်ကြီးပွားစေနိုင်လို့ဖြစ်ပါတယ်ကဲပရိတ်သတ်ကြီးလည်းချမ်းသာစေနိုင်တဲံအချက်လေးတေကိုသိပြီးကြီးပွားချမ်းသာနိုင်ကြပါစေနော်credit