အဆင့်အတန်းရှိတဲ့အမျိုးသမီးဖြစ်ဖို့ရောက်လေရာမှာလိုက်နာသင့်တဲ့အချက်ချက်အဆင့်အတန်းရှိတဲ့သူတစ်ယောက်မှန်းသိရှိနိုင်မယ့်အချက်ကတော့လူအများရှေ့မှာဘယ်လိုပြုမူနေထိုင်သလဲဆိုတာကေနပါကိုယ့်ကိုယ်ကို
တန်ဖိုးထားပြီးလူကြားသူကြားထဲမှာပစ်စလက်ခက်မနေတဲ့သူတွေဖြစ်ပါတယ်သင့်ကိုရောက်လေရာတိုင်းမှာလူတွေကအဆင့်အတန်းရွိတဲ့အမျိုးသမီးတစ်ယောက်လို့ မြင်စေချင်ရင်ဒီအချက်တွေကိုလိုက်နာပေးရမှာဖြစ်ပါတယ်
(၁)မိတ်ကပ်နဲ့ဆံပင်လူကြားသူကြားထဲမှာခေါင်းဖီးတာတွေမိတ်ကပ်ဖို့တာတွေကရှောင်ရှားသင့်တဲ့အလေ့အကျင့်တွေဖြစ်ပါတယ်တကယ်လို့ပြင်ဆင်ချင်တယ်ဆိုရင်တောင်သန့်စင်ခန်းထဲမှာပြင်ဆင်တာအကောင်းဆုံးဖြစ်ပါတယ်
(၂)ကြိုတင်ဆက်သွယ်ပါတစ်ယောက်ယောက်ထံကိုအလည်သွားတော့မယ်ဆိုရင်သူ့ကိုကြိုတင်ဆက်သွယ်အကြောင်းကြားထားပါနောက်ပြီးသင်မစားတဲ့အစားအစာရှိရင်လည်းကြိုပြီးပြောထားဖို့လိုပါတယ်ချိန်းထားတဲ့အခါမှာလည်း
အရမ်းစောပြီးမသွားပါနဲ့စောစောသွားချင်ရင်တောင်၁၅မိနစ်လောက်စောတာပဲကောင်းပါတယ်သင့်ကိုထမင်းစားဖိတ်တယ်လာလည်ဖို့ဖိတ်တယ်ဆိုရင်ပြန်ခါနီးမှာဖိတ်တဲ့အတွက်ကျေးဇူးတင်ကြောင်းမဖြစ်မနေပြောရပါမယ်
(၃)ဖုန်းပြောရင်ဆင်ခြင်ပါ=လူကြားသူကြားထဲမှာဖုန်းအကြာကြီးပြောတာကတော့မယဉ်ကျေးရာရောက်ပါတယ်ဟောပြောပွဲတွေအစည်းအဝေးတွေနဲ့အရေးကြီးတဲ့အချိန်တွေမှာဖုန်းအသံကိုပိတ်ထားဖို့မမေ့ပါနဲ့ထမင်းစားနေတဲ့
အချိန်မှာဖုန်းကိုစားပွဲပေါ်တင်တာလည်းရှောင်ပါ(၄)အိတ်စားသောက်နေတဲ့အချိန်တွေမှာသေးငယ်တဲ့အိတ်ဆိုရင်တော့ကိစ္စမရှိပေမယ့်လက်ကိုင်အိတ်လိုမျိုးအိတ်တွေကိုတော့ထမင်းစားစားပွဲပေါ်လုံးဝမတင်ပါနဲ့ထိုင်ခုံမှာချိတ်တာ
ဒါမှမဟုတ်ပေါင်ပေါ်မှာပဲတင်ပါနောက်ပြီးပစ္စည်းရှာတဲ့အခါမှာလည်းအိတ်လိုခလောက်ပြီးရှာတာမျိုးမလုပ်ပါနဲ့သင်မသိလိုက်ခင်မှာပဲသင့်ကိုအဆင့်အတန်းမရှိတဲ့အသွင်ပေါ်စေလို့ပါ(၅)သင်ဝတ်တဲ့အဝတ်အစားဟာသင်သွားမယ့်
နေရာသင်သွားမယ့်ပွဲနဲ့ကိုက်ညီနေရပါမယ်အလုပ်မှာအလုပ်လိုဝတ်ရမှာဖြစ်ပြီး မင်္ဂလာဆောင်ပွဲတွေမှာကျက်သရေရှိရှိဝတ်ရမှာဖြစ်သလိုအတိုအပြတ်ရင်ဟိုက်တွေကိုတော့ပါတီသြားမွဝတ်တာအကောင်းဆုံးပါနေရာအလိုက်ဝတ်စားဆင်ယင်တတ်ခြင်းဟာလည်းအဆင့်အတန်းမြင့်တဲ့လက္ခဏာတွေထဲကတစ်ခုဖြစ်ပါတယ်