CryptocurrencyဆိုတာဘာလဲCryptocurrency
ဆိုတာ Blockchain technologyပေါ်မှာအခြေခံထားတဲ့ Digital ငွေကြေးစနစ်တစ်မျိုးပဲဖြစ်ပါတယ်ငွေဒင်္ဂါးတို့ ငွေစက္ကူတို့လိုကိုင်တွယ်လို့ရတဲ့Physical
ငွေကြေးမဟုတ်ပဲOnlineကနေအချင်းချင်း ငွေလဲလှယ်ခြင်းငွေပေးချေခြင်းစတဲ့person-to-persontransactionsတွေကိုဘဏ်မလိုပဲလုပ်ဆောင်နိုင်တဲ့ Digitalငွေကြေးဖြစ်ပါတယ်ဥပဒေအရတန်ဖိုးဘယ်လောက်
ဆိုပြီးသတ်မှတ်ထားတာမျိုးမရှိပဲ ဈေးကွက်ရဲ့ဝယ်လိုအားပေါ်မူတည်ပြီးအချိန်နဲ့အမျှ တန်ဖိုးအတက်အကျရှိပါတယ်။ 2017အစပိုင်းလောက်မှာ US$1000ဝန်းကျင်ပဲရှိသေးပေမဲ့ 2017အကုန်ပိုင်းလောက်မှာ US$20,000အထိ
ထိုးတက်သွားပြီး2018အစောပိုင်းရောက်တော့US$7000ထိပြန်ကျသွားတဲ့အတွက်ကြောင့် Rollercoasterလိုပဲ အမြဲအတက်အကျဖြစ်နေတယ်လို့ ပြောလို့ရပါတယ်ပုံမှန်လက်ရှိအသုံးပြုနေကြတဲ့ငွေကြေး
စနစ်မှာကျပ်ငွေ ဒေါ်လာယွမ်စသဖြင့်အမျိုးမျိုးရှိသလိုပဲ
Cryptocurrencyမှာလဲလူတိုင်းကြားဖူးနေတဲ့ရင်းနှီးနေတဲ့ Bitcoinတို့ Etheriumတို့USTDတို့လိုနာမည်ကြီးCrypotoတွေအပြင်အခြားCrypotocurrenciesအမျိုးပေါင်း ၅၀၀၀ကျော်ရှိပါတယ်။ ဒါဆို ဒီCryptoတွေဘယ်က
ဘယ်လိုစပေါ်လာတာလဲဆိုတာ ကြည့်လိုက်ကြရအောင်၂၀၀၈ခုနှစ်မှာ 2008 Financial Crisisလို့ခေါ်တဲ့ ကမ္ဘာ့ငွေကြေးစီးပွားရေး
ပျက်ကပ်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်အိမ်ခြံမြေဈေးနှုန်းတွေကျ၊
ဘဏ်နဲ့ ငွေကြေးအဖွဲ့စည်းတွေပြိုလဲ၊လူတွေအိုးမဲ့အိမ်မဲ့အလုပ်လက်မဲ့တွေဖြစ်ခဲ့ကြတယ်ဒီလိုပျက်ကပ်တွေဖြစ်စေနိုင်တဲ့အထိအားနည်းချက်တွေများနေတဲ့ဗဟိုငွေကြေးစနစ်ကို အစားထိုးသုံးနိုင်ဖို့ပထမဆုံ
cryptocurrencyတစ်ခုဖြစ်တဲ့Bitcoinကို Satoshi Nakamotoဆိုတဲ့ ဂျပန်နာမည်နဲ့ လူတစ်ယောက်ကတီထွင်ခဲ့တာပါဂျပန်နာမည်ဆိုပေမဲ့ သူ့ရဲ့ Englishစာအရည်အသွေးကအရမ်းကောင်း
လွန်းတာကြောင့်ဂျပန်လူမျိုးမဖြစ်နိုင်ဘူးလို့ယူဆကြပါတယ်အဲဒီ့လူက
2008ခုနှစ်မှာပဲBitcoin:A Peer-to-Peer Electronic Cash System”ဆိုတဲ့ခေါင်းစဉ်နဲ့ White paperကိုဖြန့်ဝေပြီးCryptocurrency idea
ကိုစတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်Cryptocurrency
ရဲ့အဓိကအခြေခံTechnologyကBlockchainလို့ အပေါ်မှာပြောခဲ့ပါတယ်Blockchainဆိုတာကတော့ ငွေကြေးလဲလှယ်ပေးချေတဲ့လုပ်ငန်းတွေကိုကြားဖြတ်ပြင်ဆင်လို့မရအောင် ချိန်းကြိုးပုံစံ
ရှေ့နောက်ချိတ်ဆက်ပြီးသိမ်းပေးတဲ့နည်းလမ်းဖြစ်ပါတယ်Crypotoမှာ လုံခြုံရေးအတွက် နောက်ထပ်အရေးကြီးတဲ့နည်းပညာတစ်ခုဖြစ်တဲ့
Cryptographyလို့ခေါ်တဲ့ Digitalဝှက်စာစနစ်ကိုလဲအသုံးပြုထားပါသေးတယ်။
နည်းပညာပိုင်းနားလည်ရခက်ခဲပြီးလူအနည်းငယ်ကသာအသုံးပြုတာကြောင့် တရားမဝင်ဘူး၊ဒုစရိုက်လုပ်ငန်းမှာပဲသုံးတယ်လို့တစ်ချို့ကထင်နေကြပေမဲ့လဲAmerican,Britain,Japanစတဲ့ဖွံ့ဖြိုးပြီးနိုင်ငံတစ်ချို့မှာလွတ်လပ်စွာအသုံးပြုခွင့်ရှိပါတယ်လက်ရှိအသုံးပြုနေကြတဲ့ပုံမှန်ငွေကြေးစနစ်တစ်ခုလို
ပဲCryptoကိုအသုံးပြုပြီးကုန်ပစ္စည်းတွServicesတွေ
Stocksတွေ ရွေ၊ ငွေစတာတွေဝယ်ယူလို့ရပါတယ်Facebook
ကတော့လတ်တလောမှာCryptocurrencyကိုအခြေခံထားတဲ့
Payment systemကိုအကောင်ထည်ဖော်ဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။ နောင်အနာဂတ်မှာ Cryptocurrenciesတွေက လက်ရှိသုံးနေတဲ့ ငွေကြေးစနစ်ကိုအစားထိုးလာနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရပါ
ဦးမယ်အခုလက်ရှိမှာတော့ Crypotocurrencyကို ငွေပေးချေဖို့ဆိုတာထက် အမြတ်ရဖို့အတွက် ဝယ်ယူ၊ ရောင်းချနေတယ်လို့ထင်မြင်ယူဆပါတယ် Via:Daniz Martin