မိခင်တစ်ဦးပြောပြခဲ့တဲ့အလွယ်ကူဆုံးနဲ့အကောင်းဆုံးပိုက်ဆံစုနည်းလူတိုင်းလုပ်နိုင်တဲ့နည်းမို့မျှဝေပေးလိုက်ပါတယ်ကျွန်တော်တို့အများစုအတွက်ပိုက်ဆံစုခြင်းဆိုတာစွမ်းဆောင်ဖို့အခက်ခဲဆုံးအရာတွေထဲကတစ်ခုဖြစ်နေနိုင်ပါတယ်
ဟုတ်ပါတယ်ပိုက်ဆံစုဖို့တော့လူတိုင်းကြိုးစားကြဖူးတာပေါ့ဒါပေမယ့်မသုံးမဖြစ်ဆိုတဲ့အသုံးစရိတ်တွေအတွက်ရောဆန္ဒကိုမထိန်းနိုင်တဲ့ဝယ်ချင်ခြမ်းချင်စိတ် တွေကြောင့်ရောပိုက်ဆံစုဖို့အိပ်မက်လေးတွေအကောင်အထည်
မပေါ်တတ်ပါဘူးအမေရိကန်နိုင်ငံကကလေးနှစ်ယောက်မိခင် မေရီဖရန်ကလင်လည်း အဖြစ်တူပါပဲကလေးနှစ်ယောက်ကျောင်းစရိတ်နဲ့အိမ်စရိတ်တွေကိုသေချာလိုက်မမှတ်တော့ဘဲသုံးမိနေရာကပိုက်ဆံစုဖို့အဖတ်မတင်ဖြစ်နေခဲ့တဲ့
သူမကတော့တစ်နေ့မှာအိုင်ဒီယာတစ်ခုရခဲ့ပါတယ်(၅) ဒေါ်လာနည်းလမ်းသူမရဲ့နည်းလမ်းကတော့ရှင်းပါတယ်အကြွေ(၅) ဒေါ်လာလောက်ရတိုင်းအမြဲသိမ်းထားလိုက်တာပါသုံးစွဲဝယ်ယူမှုတွေကနေရလာတဲ့အကြွေ(၅)ဒေါ်လာစီကို
နေ့စဉ်စုစုထားခဲ့ရင်းသူမရဲ့ကလေးတွေအတွက်ပိုက်ဆံစုတာခရီးရောက်လာခဲ့ပါတယ်တစ်ခုခုဝယ်ပြီးလို့(၅)ဒေါ်လာ ပြန်အအမ်းခံရတိုင်းအဲဒီ့ပိုက်ဆံကိုဘယ်အတွက်မှမသုံးမိတော့အောင်သူမရဲ့ပိုက်ဆံအိတ်အကန့်တစ်ခုထဲမှာဖွက်ထားလိုက်
ပါတယ်ပိုက်ဆံအိတ်ထဲကနေစာအိတ်အထိ ဖြစ်လာပြီးဘဏ်အကောင့်ထဲကိုထည့်ရတဲ့အထိ ဖြည်းဖြည်းချင်းများလာခဲ့ပါတယ်အစပိုင်းမှာ ဒေါ်လာရာကျော်ကနေတစ်နှစ်ပြည့်တဲ့အချိန်မှာ ဒေါ်လာ၂၀၀၀ဖြစ်လာခဲ့ပြီး၁၃နှစ်ကြာ
စုပြီးနောက်မှာတော့ကန်ဒေါ်လာ(၅) သောင်းကျော်ရနေခဲ့ပါပြီသူမရဲ့နည်းလမ်းကိုဘယ်လိုလိုက်လုပ်မလဲသူမရဲ့ပိုက်ဆံစုနည်းဘယ်လို အောင်မြင်ခဲ့လဲဆိုတာကိုကျွန်တော်တို့အားလုံးအတွက် မေရီက ဝေမျှခဲ့ပါတယ်တစ်ပတ်စာ
သုံးလို့လောက်မယ့် ငွေပမာဏကို ဆောင်ထားပါပြီးရင်တစ်ပတ်အတွင်းအဲဒီ့ထဲက အတန်ကြီးဥပမာဒီမှာဆိုငါးထောင်တန်လောက်လည်း ဖြစ်ပါတယ်တွေကိုဘာဝယ်ဝယ်ထုတ်သုံးပါပြန်အမ်းမယ့်တစ်ထောင်တန်တွေနဲ့ငါးရာတန်
လေးတွေကိုသူမ ပြောသလို ပြန်မသုံးမိအောင်စုထားပါဒီလိုနဲ့ပိုက်ဆံအဝင်အထွက်တွေကပဲသင့်ပိုက်ဆံစုခြင်းကိုရုပ်လုံးပေါ်လာစေပါလိမ့်မယ်အခြားပိုက်ဆံစုနည်းတွေလည်းရှိပါတယ်ဥပမာပထမဆုံးတစ်ပတ်မှာအနည်းဆုံးကစပြီး
တဖြည်းဖြည်းတိုးတိုးသွားတဲ့နည်းပါအဲဒီ့နည်းကတော့ကြာလာတာနဲ့အမျှဝန်ပိုလာစေလို့ မေရီကတော့အားသိပ်မပေးကြောင်းဆိုပါတယ်အခုပိုက်ဆံစုနည်းကိုသိသွားပြီဆိုတော့လိုက်လုပ်ဖို့အကျင့်ဖြစ်အောင်လုပ်ကြရပါမယ်
သူမရဲ့နည်လမ်းကိုလိုက်လုပ်ရာမှာလည်း နှစ်လအနည်းဆုံးလုပ်ပါလူတစ်ယောက် ကအကျင့်တစ်ခုဖြစ်ဖို့အနည်းဆုံး(၆၆)ရက်ကြာတာ ကြောင့်ပါအဲဒီ့နောက်ပိုင်းမှာတော့သင့်အတွက်ပိုက်ဆံဆက်စုဖို့လွယ်ကူသွားပါလိမ့်မယ်