အဖေပြောတဲ့ဘဝအိမ်ဖတ်ကြည့်နောဒီမယ်ငါ့သားအိမ်ဆိုတာဘာလဲသားသိသလောက်ပြောပါရစေအဖေအိမ်ဆိုတာလူတွေရဲ့တည်ရာမှီရာခိုလုံရာအိပ်စက်ရာအဆောက်အဦးတစ်ခုပါအဖေဟုတ်ပြီ။ဒီမယ်သားမင်းမှတ်ထားပါလောကမှာ

လူတွေဟာသူတို့ရဲ့အရည်အချင်းတွေအဆင့်အတန်းတွေအလိုက်အိမ်တွေကိုပုံစံအမျိုးမျိုးနဲ့တည်ဆောက်ပြီးစားသောက်နေထိုင်ကြတယ်သားဒါပေမဲ့လောကကြီးမှာမိသားစုအများစုကိုလေ့လာကြည့်ရင်မပျော်ရွှင်တဲ့မိသားစုအိမ်တွေ

အများကြီးတွေ့ရလိမ့်မယ်တချို့အိမ်တွေကအဖေနဲ့သားမတည့်ကြဘူးတချို့အိမ်တွေကအစ်ကိုနဲ့ညီအစ်မနဲ့ညီမမတည့်ကြဘူးတချို့အိမ်တွေကချွေးမနဲ့သမီးသမက်နဲ့သားမတည့်ကြဘူးတချို့အိမ်တွေကယောက္ခမနဲ့ချွေးမမတည့်ကြဘူး

တချို့အိမ်တွေကယောက္ခထီးနဲ့သမက်နဲ့မတည့်ကြဘူးငါ့သားဒီလိုမိသားစုတွေဟာဘာလို့မတည့်ကြတာလဲလို့အကြောင်းရင်းကိုရှာလိုက်ရင်ဒီအိမ်ကမိသားစုတွေဟာတစ်ယောက်အပေါ်တစ်ယောက်မေတ္တာမထားနိုင်ခြင်းနားလည်

မပေးနိုင်ခြင်းခွင့်မလွှတ်နိုင်ခြင်းစတဲ့အကြောင်းရာတွေကြောင့်ပဲလို့ဆိုရမယ်သားသားကိုအဖေအဓိကပြောပြချင်တာကသားဟာမြို့ပေါ်ကအိမ်မှာပဲနေနေတောရွာကအိမ်မှာပဲနေနေမိမိနဲ့အတူနေထိုင်တဲ့မိသားစုတွေအပေါ်မှာမေတ္တာထား

ပေးနိုင်ရမယ်လောကမှာမိသားစုတစ်စုဟာမေတ္တာတရားခေါင်းပါးလာပြီဆိုရင်ထိုမိသားစုဟာနေ့စဉ်ငရဲခန်းကြီးလိုအမြဲပူလောင်နေရတတ်တယ်တစ်အိမ်ထဲမှာနေထိုင်ကြပြီးတစ်ဦးကိုတစ်ဦးခွင့်မလွှတ်နိုင်ဘူးသီးမခံနိုင်ကြဘူးဆိုတဲ့လူတွေ

ဟာဥပမာဘာနဲ့တူသလဲဆိုရင်မိမိကိုယ်တိုင်ဖျော်စပ်ထားတဲ့အဆိပ်ရည်တွေကိုမိမိတို့ကိုယ်တိုင်ဖျော်သောက်နေရသလိုပါပဲကြာလာရင်ဒီမိသားစုဝင်တွေအားလုံးဒုက္ခတွေ့နိုင်တယ်နော်ဒီမယ်သားလောကမှာစီးပွားရေးလောကပဲကြည့်ကြည့်

ပညာရေးလောကပဲကြည့်ကြည့်နိုင်ငံရေးလောကပဲကြည့်ကြည့်စသည်ဘယ်လောကကိုပဲကြည့်ကြည့်အောင်မြင်နေကြတဲ့ပုဂ္ဂိုလ်တွေမှာသီးခံခြင်းတရားတွေမေတ္တာတရားတွေအားကြီးလို့သူတို့တွေအောင်မြင်နေကြတယ်ဆိုတာတွေ့ရလိမ့်မယ်

သားသားနေတဲ့အိမ်ကမိသားစုတွေအပေါ်မှာမေတ္တာစိတ်အပြည့်နဲ့ဆက်ဆံပါဒါဆို သားဘဝမှာပျော်ရွှင်လာပါလိမ့်မယ်နောက်မိမိနေတဲ့အိမ်လေးနွေးထွေးချင်တယ်သာယာချင်တယ်ဆိုရင်ငါဒီနေ့ဒီအိမ်လေးအတွက်ဘာလုပ်ပေးရမလဲ

ငါဘာလုပ်ပေးသင့်သလဲဆိုတာအမြဲတွေးပါတကယ်လည်းမေတ္တာစိတ်နဲ့လုပ်ကိုင်ပေးကြည့်သားပျော်ရွှင်လာလိမ့်မယ်ဒီမယ်သားလောကမှာပေးတဲ့လူတွေဟာစိတ်ပေါ့တယ်စိတ်အေးချမ်းတယ်ယူတဲ့လူတွေဟာစိတ်လေးရတယ်စိတ်ပူပင်ရတယ်

ဘဝမှာပေးကမ်းနိုင်သူဒါမှမဟုတ်ပေးကမ်းနိုင်တဲ့လက်ဖြစ်အောင်အမြဲကြိုးစားပါ သားမိသားစုနဲ့နတေဲ့အခါပဲဖြစ်စေပတ်ဝန်းကျင်နဲ့နေတဲ့အခါမှာဖြစ်စေကိုယ်ရဲ့ အားနည်းချက်ကိုသိပါစေမိမိရဲ့အားသာချက်တွေကိုလည်းအများသိအောင်

လုပ်ဆောင်ပြပါဘာဖြစ်လို့လဲဆိုတော့လူတိုင်းမှာအားနည်းချက်တွေရှိသလိုအားသာချက်ဆိုတာလည်းရှိပါတယ်အဖေတို့လူသားတွေဟာမိမိကိုယ်ကိုမိမိသိပ်ပြီး အထင်ကြီးနေရင်တစ်ဖက်လူအပေါ်မှာအထင်အမြင်သေးသွားတတ်တယ်

ငါ့သားဒါကြောင့်ဘယ်အရာကိုမှမထီမဲ့မြင်မလုပ်မိစေနဲ့နောက်ဆုံးအနေနဲ့အဖေပြောချင်တာကလောကမှာဘယ်လောက်ပဲသာယာပျော်ရွှင်တဲ့အိမ်မျိုးဖြစ်နေပါစေထိုအိမ်ပေါ်ကိုဘေးသူစိမ်းတွေရောလာပြီဆိုရင်သွေးကွဲပြီး

ညီအစ်ကိုမောင်နှမတွေကြားမှာနားလည်မှုမပေးနိုင်ပဲနောက်ဆုံးစကားများရန်တွေ ဖြစ်စေတတ်တယ်။ပြဿနာကြီးငယ်တတ်စေတတ်တယ်ဆိုတာသတိထားပါအေးဒါကြောင့်ဘဝမှာသာယာပျော်ရွှင်တဲ့ဘဝအိမ်တစ်လုံးကိုပိုင်ဆိုင်ချင်ရင်

အိမ်အတွက်အလုပ်များများလုပ်ပါစကားကိုနည်းနည်းပြောပါမိသားစုအပေါ်မှာမတ်ေတာစတေနာထားပွီးသီးခံစိတ်မွေးပါ။အသက်ရှင်သန်ချိန်လေးမှာငါသည်ငါ၏အိမ်အတွက်ဘာပေးရမလဲဆိုတာနေ့တိုင်းတွေးထားပါဒီလိုစိတ်မျိုး

မိသားစုဝင်တိုင်းရှိနေမယ်ဆိုရင်သာယာပျော်ရွှင်ပြီးနွေးထွေးတဲ့ဘဝအိမ်တစ်လုံးကိုပိုင်ဆိုင်နိုင်မယ်လို့အဖေအကြွင်းမဲ့ယုံကြည်မိပါတယ်ဟုတ်ကဲ့ပါအဖေနွေးထွေးသောအိမ်တစ်လုံးကိုပိုင်ဆိုင်နိုင်အောင်သားကြိုးစားပါ့မယ်လို့ကတိ

ပေးပါတယ်အဖေလောကထဲရှိမိသားစုများအားလုံးအတ္တကင်းပြီးတစ်ဦးပေါ်တစ်ဦးမတ်တောဤစတနောမွားထား၍ခွင့်လွှတ်သီးခံပြီးနွေးထွေသည့်အိမ်မျိုးမိသားစုတိုင်းပိုင်ဆိုင်နိုင်ကြပါစေ