လူနက္ခတ်၂ခုကြွင်းထိုနက္ခတ်ပိုင်ရှင်များသည်စကားအပြောအဆိုမာသည်ပြတ်သားတတ်သည်ကွေ့ဝိုက်ပြောရသည်ထက် တည့်တည့်မခြွင်းမချန်ပြောလိုကြသည်အပြော

မာသော်လည်း စိတ်နှလုံးသိမ်မွေ့သည်ကိုယ်ကာယအားဖြင့်လည်းမည်သူ့အပေါ်မှရန်ပြုလိုစိတ်မရှိသူများဖြစ်သည်ဘ၀တွင်သုခနှင့်ဒုက္ခယှဉ်လျှင်ဒုက္ခကိုပိုမိုရင်ဆိုင်ရသူများဖြစ်

သဖြင့်ဘ၀အသိအမြင် ဘ၀အတွေ့အကြုံများပြားသူများဖြစ်သည်လက်တွေ့ဆန်သောဘ၀ကိုဖြတ်သန်းရသူများဖြစ်သဖြင့်စိတ်ကူးယဉ်မှုနည်းပါးသူများဖြစ်ကြသည်ဘ၀ပထမ

အရွယ်မှစ၍အခက်အခဲမျိုးစုံကို ကြုံတတ်သူများဖြစ်ပြီးအရွယ်ရလာချိန်တွင်တော်ရုံတန်ရုံကိုခံနိုင်ရည်ရှိသူစိတ်ထားတတ်သူများဖြစ်နေသည်အရာရာကိုလေ့လာလိုက်စားလိုစိတ်

စူးစမ်းလိုစိတ်ရှိသည်ဘ၀တွင်လည်းပြောင်းလဲခြင်းများစွာရှိနေတတ်ပြီးမွေးရပ်မြေမှပြောင်းရွှေ့နေထိုင်ရခြင်းရုတ်တရက်အိမ်ထောင်ကျခြင်း၊မိဘများနှင့်ခွဲခွာရခြင်း

ညီအစ်ကိုမောင်နှမဆွေမျိုးများနှင့်ခွဲခွာရခြင်းများကြုံတွေ့ရသူများဖြစ်သည်မိမိအပေါ်ကိုတင်စီးသောစကားမာနထောင်လွှားစွာပြောဆိုသောစကားများကိုမခံချင်သူများ

ဖြစ်ပြီးအများစုမှာ ချက်ချင်းလိုပင်တုံ့ပြန်တတ်သည်အိုးရွဲ့ကိုစလောင်းရွဲဖုံးလိုသည့်စိတ်ရှိသည်သူဆိုးလို့ကိုယ်လိုက်ဆိုးရင်ကိုယ့်ပါအပြစ်ရှိသူ ဖြစ်သွားတတ်သဖြင့်ထိုအချက်သည်

အဓိကအားနည်းချက်ဖြစ်သည်ဥာဏ်ရည်ဥာဏ်သွေးကောင်းသောသူများလည်းဖြစ်ပြီး ဘဝပေးပညာကိုပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်သောသူများလည်းဖြစ်သည်။ထူးခြားချက်မှာ

အကျဉ်းအကြပ်ထဲတွင်ပင်အခွင့်အလမ်းကိုရအောင်ရှာဖွေတတ်ကြသည်အကြောင်းအရာတစ်ခုခုကို အမြဲတစေစဉ်းစားနေတတ်သည်မိမွေဖမွေထက်ကိုယ့်ဒူးကိုယ်ချွန်လိုသူများဖြစ်

ပြီးဘဝပေးအရလည်းထိုကဲ့သို့ပုံစံမျိုးသာဖြစ်လာတတ်သူများဖြစ်သည်များသောအားဖြင့်ညီအစ်ကိုမောင်နှမများနှင့်မတဲ့တတ်မိသားစုနဲ့အဆင်မပြေတတ်ပေချစ်သူရည်စား

များပြားတတ်ခြင်းသို့မဟုတ်အချစ်ရေးအိမ်ထောင်ဘက်အပြိုင်အဆိုင်၁များကိုကြုံတွေ့တတ်ကြသည်နောက်ဆုံးပြိုင်စရာမရှိလျှင်ချစ်သူအချင်းချင်းလင်မယားအချင်းချင်း

အပြိုင်စိတ်ဆိုးခြင်းအပြိုင်စိတ်ကောက်တတ်ကြပေသည်ဘ၀လုပ်ငန်းများတွင် ပညာရေးလုပ်ငန်းများထက်စီးပွားရေးများတွင်ပိုမိုအကျိုးပေးသူများလည်းဖြစ်သည်လိုက်နာရန်

အချက်များကတော့စကားပြောမာကျောသူဖြစ်လျှင်သိမ်မွေ့စွာပြောဆိုပါကစကားပြောပညာနှင့်နဂိုရှိပြီးသားဘ၀အသိပညာပေါင်းစပ်မိပြီးလူအများအားကိုးအားထားသူ

ဖြစ်လာမည်ဖြစ်ပြီးအောင်မြင်ရေးအတွက်လည်း အထောက်အပံ့များဖြစ်ပေလိမ့်မည်ထို့ကြောင့်စကားမာမာပြောခြင်းအားရှောင်ကြဉ်ပါ၂။နောက်အတိုက်အခံသဘောမျိုးတွေကို

ရှောင်ပါ။ပြန်လည်တုံ့ပြန်ချင်းထက်ဥပက္ခာပြုလိုက်ခြင်းဖြင့်မထင်မှတ်သောကျော်ကြားမှုကောင်းသတင်းများအားပိုင်ဆိုင်ပေလိမ့်မည်၃။စိတ်ကိုငြိမ်အောင်ထိန်းချုပ်ပါရုတ်တရက်

တုံ့ပြန်မပြောခင်စိတ်ကိုငြိမ်အောင်ထိန်းချုပ်ပြီးမှပြောဆိုပါကပိုမိုကောင်းမွန်လိမ့်မည်၄။ကိုယ်ကာယအားစိတ်နှလုံးအားဖြင့်ကောင်မွန်သူဖြစ်သဖြင့်စကားအပြောအဆိုကိုဆင်ခြင်စွာပြောဆိုခြင်းသည်ပင်လူနက္ခတ်ပိုင်ရှင်တို့အတွက်ထိပ်ဆုံးရောက်ရှိမည့်လမ်းပင်ဖြစ်သည်credit