မင်္ဂလာပါလူပျိုသီချင်းနှင့်ပက်သတ်ပြီးကျနော်တောင်းပန်ပါ့မယ်ခင်ဗျာအခုလိုလမ်းအမှန်ကိုထောက်ပြပေးတဲ့ညီလေးညီမလေးများကိုကျေးဇူးတင်ပါတယ်ဒီလူပျိုသီချင်းလေးဟာကြည့်ရှု့သူများပျော်ရွှင်စေချင်ရယ်မောစေချင်တဲ့ဆန္ဒတစ်ခုတည်းနှင့်သာပုံဖော်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်

မည်သူ့ကိုမျှထိခိုက်နစ်နာစေအောင်ရည်ရွယ်ပြီးမပြုလုပ်ခဲ့ပါရတနာပုံတက္ကသိုလ်ကြီးနှင့်ကျောင်းသားကျောင်းသူလေးများဆရာဆရာမများအားလုံးဂုဏ်သိက္ခာထိခိုက်နစ်နာခဲ့လျှင်အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာတောင်းပန်ရသည့်ရည်ရွယ်ချက်များမှာ

၁အနုပညာအလုပ်ကိုလုပ်သူ(သို့)ထင်ပေါ်ကျော်ကြားသူတစ်ဦးဟာအရာရာသတိထားရပါမယ်မိမိကြောင့်လူငယ်လူရွယ်လေးများမသိအမြင်မမှားစေချင်သောဆန္ဒအတုမြင်အတတ်သင်မပြုစေချင်သောဆန္ဒနှင့်ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်နှင့်ဆရာဆရာမများကျောင်းသားကျောင်းသူများ၏ဂုဏ်သိက္ခာကိုမထိခိုက်စေလိုသောဆန

္ဒ ၂ကျနော်ကိုးကွယ်ဆည်းကပ်သောဆရာတော်များမိဘညီအစ်ကိုမောင်နှမဆရာဆရာမများမိတ်ဆွေများနှင့်သူငယ်ချင်းကောင်းများအစုံစုံကို လေးစားတန်ဖိုးထားခြင်းဆုံးမသွန်သင်မှုညံ့သည်ဟုအထင်ခံရ၍ထိုသူများ၏ဂုဏ်သိက္ခာကိုကျနော်ကြောင့်မထိခိုက်စေလိုပါ

၃ကျနော့်ရဲ့တေးချစ်သူပရိသတ်များစိတ်သောကမရောက်စေချင်ပါကျနော့်ကိုချစ်သူခင်သူများကထိုသူများကိုဆဲထိုသူများဘက်ပြန်မဆဲနဲ့ကျနော်ကထိုသူတွေကိုအကုသိုလ်ပေးနေရာရောက်ပါတယ်ခင်ဗျာ

၎ကျနော့်မှာနေ့စဉ်ရဟန်းသံဃာများကိုဝေယျာဝစ္စပြုလုပ်ပြီးဆွမ်းခံရင်းလူနတ်ဗြဟ္မာသတ္တဝါအပေါင်းကိုမေတ္တာပို့ပါတယ်မိသားစုနှင့်အတူအေးချမ်းစွာဖြတ်သန်းရင်းလူဘဝအချိန်တွေကိုတန်ဖိုးရှိစွာနေထိုင်သွားရမှာဖြစ်ပါတယ်

ဒါကြောင့်ကျနော့်ရဲ့အမှားကိုပြုပြင်ပေးသည့်ညီလေးညီမလေးများကျေနပ်သည်အထိတောင်းပန်ပါ့မယ်ဒီကျနော့်ရဲ့မနောရဲ့လိုက်ပေ့မှတောင်းပန်တာအားရကျေနပ်မှုမရှိသေးလျှင်ကိုယ်တိုင်လာရောက်တောင်းပန်ဆိုလည်းကျနော်တောင်းပန်ပါ့မယ်ခင်ဗျားအားလုံးသာယာချမ်းမြေ့ပါစေမနော

LEAVE A REPLY

Please enter your comment!
Please enter your name here