လူေတြကိုတန္ရာတန္ရာပဲ ဆက္ဆံလိုက္ပါတခ်ိဳ႕လူေတြရိွတယ္ၿငိမ္ခံေနတုန္းက မျမင္ဘူး ထေျပာမိမွ ကိုယ္ကစြာတယ္ ဆိုတာမ်ိဳး ။တခ်ိဳ႕လူေတြရိွတယ္ ေခါင္းေပၚတတ္နင္းခံရတာမသိဘူး

ဆတ္ဆတ္ထိမခံျပန္ေျပာလိုက္မွ ကိုယ္က အာၾကမ္းတယ္ဆိုတာမ်ိဳးတခ်ိဳ႕လူေတြရိွတယ္ မသိခ်င္ေယာင္ေဆာင္ေနတာကို အားမနာဘူး ဒဲ့ေျပာလိုက္မွ ကိုယ္ကလူၾကမ္း မႀကီးဆိုတာမ်ိဳးတခ်ိဳ႕လူေတြရိွတယ္

တသက္လံုးသည္းခံလာတာကို မစာနာကြဘူး ထေပါက္ကြဲမိမွ ကိုယ္ဟာမေကာင္း ဘူးဆိုတာမ်ိဳးတခ်ိဳ႕လူေတြရိွတယ္ အတြင္းစိတ္ကိုျမင္ေအာင္မၾကည့္ တတ္ၾကဘူး အေပၚယံေကာင္းျပတာကိုမွအဟုတ္ထင္တတ္ၾကတာမ်ိဳး

တခ်ိဳ႕လူေတြရိွတယ္ စစ္မွန္တယ္ဆိုတာကို မေတြ့တတ္ကြဘူး ဟန္ေဆာင္တတ္တဲ့လူကိုမွ အမွန္အကန္ထင္တတ္ၾကတာမ်ိဳးတခ်ိဳ႕လူေတြရိွတယ္ ကိုယ္ခ်င္းစာ တရားဆိုတာမရိွၾကဘူး

ဘယ္သူေသေသငေတမာရင္ၿပီးေရာစိတ္နဲ႔ တဖက္သားစိတ္ကို အေသ သတ္ပစ္ၾကတာမ်ိဳးတခ်ိဳ႕လူေတြရိွတယ္ ရင္းႏွီးခ်င္ေယာင္ေဆာင္ၿပီးမထိတထိ ေစာ္ကားတဲ့ စကားေျပာတတ္ၾကတာမ်ိဳးတခ်ိဳ႕လူေတြရိွတယ္

ကိုယ္တိုင္မလုပ္ႏိုင္တဲ့အရာကို တပါး လူလုပ္လိုက္မွ ေဝဖန္ေရးလုပ္တတ္တာမ်ိဳးတခ်ိဳ႕လူေတြရိွတယ္ အစြမ္းအစမရိွဘဲ အျပစ္ေျပာဖို႔ သက္သက္လူျဖစ္လာတာမ်ိဳးဒါေၾကာင့္

အေကာင္းျမင္စိတ္ အေကာင္းျမင္ဝါဒကို မက်င့္သံုးတတ္ဘဲ အသက္ရွင္ေနတဲ့ တခ်ိဳ႕လူေတြအတြက္စိတ္ကသိကေအာက္ျဖစ္ဖို႔မလိုဘူး တန္ရာတန္ရာပဲ ဆက္ဆံေပးလိုက္ပါခရစ္စတစ္

လူတွေကိုတန်ရာတန်ရာပဲ ဆက်ဆံလိုက်ပါတချို့လူတွေရှိတယ်ငြိမ်ခံနေတုန်းက မမြင်ဘူး ထပြောမိမှ ကိုယ်ကစွာတယ် ဆိုတာမျိုး ။တချို့လူတွေရှိတယ် ခေါင်းပေါ်တတ်နင်းခံရတာမသိဘူး

ဆတ်ဆတ်ထိမခံပြန်ပြောလိုက်မှ ကိုယ်က အာကြမ်းတယ်ဆိုတာမျိုးတချို့လူတွေရှိတယ် မသိချင်ယောင်ဆောင်နေတာကို အားမနာဘူး ဒဲ့ပြောလိုက်မှ ကိုယ်ကလူကြမ်း မကြီးဆိုတာမျိုးတချို့လူတွေရှိတယ်

တသက်လုံးသည်းခံလာတာကို မစာနာကွဘူး ထပေါက်ကွဲမိမှ ကိုယ်ဟာမကောင်း ဘူးဆိုတာမျိုးတချို့လူတွေရှိတယ် အတွင်းစိတ်ကိုမြင်အောင်မကြည့် တတ်ကြဘူး အပေါ်ယံကောင်းပြတာကိုမှအဟုတ်ထင်တတ်ကြတာမျိုး

တချို့လူတွေရှိတယ် စစ်မှန်တယ်ဆိုတာကို မတွေ့တတ်ကွဘူး ဟန်ဆောင်တတ်တဲ့လူကိုမှ အမှန်အကန်ထင်တတ်ကြတာမျိုးတချို့လူတွေရှိတယ် ကိုယ်ချင်းစာ တရားဆိုတာမရှိကြဘူး

ဘယ်သူသေသေငတေမာရင်ပြီးရောစိတ်နဲ့ တဖက်သားစိတ်ကို အသေ သတ်ပစ်ကြတာမျိုးတချို့လူတွေရှိတယ် ရင်းနှီးချင်ယောင်ဆောင်ပြီးမထိတထိ စော်ကားတဲ့ စကားပြောတတ်ကြတာမျိုးတချို့လူတွေရှိတယ်

ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကို တပါး လူလုပ်လိုက်မှ ဝေဖန်ရေးလုပ်တတ်တာမျိုးတချို့လူတွေရှိတယ် အစွမ်းအစမရှိဘဲ အပြစ်ပြောဖို့ သက်သက်လူဖြစ်လာတာမျိုးဒါကြောင့်

အကောင်းမြင်စိတ် အကောင်းမြင်ဝါဒကို မကျင့်သုံးတတ်ဘဲ အသက်ရှင်နေတဲ့ တချို့လူတွေအတွက်စိတ်ကသိကအောက်ဖြစ်ဖို့မလိုဘူး တန်ရာတန်ရာပဲ ဆက်ဆံပေးလိုက်ပါခရစ်စတစ်

LEAVE A REPLY

Please enter your comment!
Please enter your name here