ချမ်းသာကြွယ်ဝပြီးကံကောင်းစေတဲ့မှဲ့၈မျိုးမှဲ့နဲ့ပတ်သက်ပြီးအယူအဆအမျိုးမျိုးရှိကြပါတယ်မှဲ့တစ်ခုစီတိုင်းမှာဘဝနဲ့ပတ်သက်ပြီးဖုံးကွယ်ထားတဲ့မက်ဆေ့ခ်ျတစ်ခုစီရှိပါတယ်လို့မှဲ့ပညာရှင်တွေကဆိုကြပါတယ်ခန္ဓာကိုယ်ရဲ့ နေရာ
အမျိုးမျိုးမှာမှဲ့တွေရှိနိုင်ပြီး အခုဖော်ပြမယ့် နေရာတွေမှာ ရှိတဲ့မှဲ့တွေကတော့ ကံကောင်းခြင်းနဲ့ စည်းစိမ်ဥစ္စာကြွယ်ဝခြင်းကို ပေးနိုင်ပါတယ်တဲ့နှုတ်ခမ်းအပေါ်ဘက်မှာရှိတဲ့မှဲ့အရမ်းကို ကောင်းတဲ့မှဲ့တစ်မျိုးဖြစ်ပြီး ရွယ်တူတန်းတူတွေထက်
ငွေကြေး၊ အောင်မြင်မှုပိုမိုရရှိတတ်တဲ့မှဲ့လို့ဆိုနိုင်ပါတယ်ဒီလိုမှဲ့ပိုင်ရှင်တွေက ခေါင်းနည်းနည်းမာတဲ့သဘာဝရှိပေမဲ့ ဘာပဲလုပ်လုပ်အရမ်းကို မြန်မြန်ဆန်ဆန်အောင်မြင်တတ်တဲ့သူတွေဖြစ်ပါတယ်နှာခေါင်းပေါ်မှာရှိတဲ့မှဲ့နှာခေါင်းရဲ့တစ်ဘက်
တစ်ချက်မှာ မှဲ့ရှိနေမယ်ဆိုရင် သေချာပေါက်ချမ်းသာမယ်ဆိုတဲ့လက္ခဏာဖြစ်ပါတယ်ဒါပေမဲ့ အောင်မြင်မှုနဲ့ငွေကြေးနှစ်ခုစလုံးကအသက်၃၀ နောက်ပိုင်းဒါမှမဟုတ် အိမ်ထောင်ကျပြီးမှ ရရှိတတ်ပါတယ်ညာဘက်ပါးပြင်ပေါ်ကမှဲ့ညာဘက်ပါး
ပေါ်မှာ ထင်ရှားပြီး ပြတ်သားတိကျတဲ့ မှဲ့တစ်လုံးရှိမယ်ဆိုရင်အိမ်ထောင်ပြုပြီးနောက်မှာအရမ်းကို ချမ်းသာကြွယ် ဝလာမယ်လို့သိနိုင်ပါတယ်မျက်ခုံး/မျက်လုံးနှစ်ခုကြားကမှဲ့မျက်ခုံးနှစ်ခုကြားမှာဖြစ်ဖြစ်၊မျက်လုံးနှစ်လုံးကြားမှာဖြစ်ဖြစ်
မှဲ့တစ်လုံးရှိမယ်ဆိုရင်ချမ်းသာပြီးဘဝတစ်ခုကိုသာသာယာယာနဲ့အခြေချနိုင်မယ့် သူတစ်ဦးဖြစ်ပါလိမ့်မယ်ဘဝမှာ တောင့်တစရာမလိုဘဲ ငွေကြေးပြည့်ပြည့်စုံစုံနဲ့ နေရတတ်ပါတယ်ခါးခါးရဲ့ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့မှဲ့က
ကံကောင်းခြင်းရော ကံဆိုးခြင်းရော နှစ်မျိုးစလုံးဖြစ်စေနိုင်ပါတယ်ဥစ္စာပစ္စည်းပြည့်စုံကြွယ်ဝပြီးကြီးပွားတိုးတက်မှာ ဖြစ်ပေမဲ့ဘဝရဲ့အချိန်တော်တော်များများမှာဝမ်းနည်းစရာစိတ်မချမ်းမြေ့စရာတွေကြုံရမှာ ဖြစ်ပါတယ်ညာဘက်
လက်ဝါးပြင်ကမှဲ့ညာဘက်လက်ဝါးပြင်မှာ မှဲ့ရှိရင်ဘဝမှာ အောင်မြင်မှုနဲ့ ကြွယ်ဝမှုနှစ်မျိုးလုံးရနိုင်ပါတယ်ဒါပေမဲ့ ကံကောင်းမယ့်အချိန်က လက်ဝါးပြင်ပေါ်ကမှဲ့ရဲ့တည်နေရာအပေါ်မှာမူတည်ပါတယ်မှဲ့ကလက်ဝါးရဲ့အပေါ်ပိုင်းမှာရှိမယ်
ဆိုရင်ငယ်ရွယ်တဲ့အချိန်ကစပြီး အောင်မြင်ပြည့်စုံမှာဖြစ်ပြီးလက်ဝါးရဲ့ အောက်ပိုင်းမှာရှိမယ်ဆိုရင် အသက်ရလာတဲ့အချိန်မှာမှစည်းစိမ်ဥစ္စာနဲ့ အောင်မြင်မှုတွေရရှိနိုင်မှာပါရင်ဘတ်ပေါ်မှာရှိတဲ့မှဲ့ရင်ဘတ်ရဲ့ ညာဘက်အခြမ်းမှာရှိတဲ့မှဲ့
ကစည်းစိမ်ဥစ္စာအများအပြားပိုင်ဆိုင်စေပြီးဘဝကို အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ခြင်းကို ပြတဲ့မှဲ့ဖြစ်ပါတယ်။မေးစေ့ပေါ်မှာရှိတဲ့မှဲ့မေးစေ့ပေါ်မှာရှိတဲ့မှဲ့ကစည်းစိမ်ဥစ္စာနဲ့ပတ်သက်ရင်ကံကောင်းခြင်းကို ပြပေမဲ့လူမှုဆက်ဆံရေးနဲ့ပတ်သက်ရင်အားနည်းပြီးအထီးကျန်နေရတတ်တဲ့သူတွေဖြစ်ပါတယ်