ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးဖြစ်သောWHOရဲ့ကြေငြာချက်အရသေစေတတ်သောရောဂါများအနက်လေဖြတ်ခြင်းဟာတတိယမြောက်ဖြစ်ပါတယ်။လေဖြတ်ခြင်း

ကိုအချိန်မီသိရှိပါကနောက်ဆက်တွဲဆိုးကျိူးတွေမဖြစ်အောင်ကာကွယ်နိုင်ပေမယ့်လဲလူတော်တော်များများကအချိန်မီမသိရှိနိုင်တာမို့စောစီးစွာဆေးကုသမှုခံယူချိန်မရလိုက်ပါဘူး

လေဖြတ်ခြင်းကိုဘယ်လိုသိနိုင်မှာလဲလေဖြတ်ခြင်းကို၁ဦးနှောက်သွေးကြောပေါက်ခြင်း၂ဦးနှောက်သွေးကြောပိတ်ခြင်းဆိုပြီးဆေးပညာအရ၂မျိူခွဲထားပါတယ်စစ်တမ်း

များအရလေဖြတ်ခြင်းရဲ့၈၀ရာနှုန်းကဦးနှောက်သွေးကြောပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်သွေးကြောပိတ်ဆို့ခြင်းကြောင့်လေဖြတ်ခြင်းဟာအဖြစ်များသလောက်အစပိုင်းတွင်

ရောဂါလက္ခဏာမပြသတာကြောင့်သိရှိဖို့လဲခဲယဉ်းပါတယ်ဦနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သောလေဖြတ်ရခြင်းရဲ့အကြောင်းရင်းမှာဦးနှောက်ဆီသို့သွေးစီးဆင်းသော

သွေးကြောတစ်နေရာတွင်သွေးခဲဖြင့်ပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။ထိုအခါပိတ်ဆို့သွားသောသွေးကြောနေရာရှိဦးနှောက်တစ်ရှူးမှာတဖြည်းဖြည်းဖောင်းလာပြီးဦးခေါင်းခွံ

အတွင်းတွင်ပိုမိုနေရာယူလာရာမှဦးနှောက်အတွင်းသားဖိအားမြင့်တက်လာပါတယ်။ထိုအခါအလွန်ခေါင်းကိုက်ခြင်းဖြစ်ပေါ်လာပါတယ်။ထို့နောက်မှာတော့ဦးနောက်တစ်ခုလုံးမှာ

ဖိအားကိုခံစားလာရပါတယ်။လေဖြတ်စဉ်မှာထိုလူရဲ့ခြေလက်များလှူပ်မရနိုင်သလိုသူ့ရဲ့စကားပြောအာရုံနဲ့အကြားအာရုံတွေပါအလုပ်မလုပ်နိုင်တော့ပါဘူး။တစ်ချိူ့သော

လေဖြတ်ခြင်းတွေမှာဆို လူနာအနေနဲ့ထင်ယောင်ထငိမှားတွေပါဖြစ်လာတတ်ပါတယ်အချိူ့သောလေဖြတ်ခြင်းအနုစားတွေမှာလွန်ခဲ့သော၁၀နှစ်ခန့် သို့မဟုတ်မနေ့ကအဖြစ်အပျက်

များကိုပါမေ့သွားတတ်ပါတယ်ပိုဆိုးလာပါကလူတစ်ကိုယ်လုံးလှုပ်ရှားလို့မရတော့ပါ၊ဦးနှောက်သွေးကြောပိတ်လေဖြတ်ခြင်းရဲ့လက္ခဏာများမျက်နှာသို့ခြေလက်များရုတ်တရက်ထုံ

ခြင်း၊အားနည်းခြင်းများသောအားဖြင့်ကိုယ်တခြမ်းတည်းစကားမပြောနိုင်တော့ခြင်းသို့ပြောသည်ကိုနားမလည်ခြင်းအမြင်အာရုံအားနည်းခြင်းမူးဝေခြင်း၊လမ်းမလျှောက်နိုင်

ခြင်း၊အာရုံစိုက်မရခြင်းရုတ်တရက်အလွန်အမင်းခေါင်းကိုက်ခြင်းအောက်ပါလကဏများရှိပါကလဲဆရာဝန်ထံအမြန်သွားပြဖို့လိုပါတယ်မူးဝေရာမှအော့အန်ခြင်းဦးခေါင်းအနောက်

ကြွက်သားနာကျင်ခြင်းအန်ခြင်းမျက်လုံးများညိုမည်းခြင်းတစ်နေရာတည်းကိုအချိန်ကြာမြင့်စွာကြည့်နေခြင်းရည်ရွယ်ချက်မရှိပဲသင့်အနီးကလူတစ်ယောက်လေဖြတ်နေပြီ

ဟုသံသယရှိပါကသင်ဘာလုပ်သင့်သနည်းသူ့ကိုပြုံးခိုင်းပါ။မျက်နှာတစ်ခြမ်းရွဲ့မရွဲ့ကိုအကဲခတ်ပါလက်နှစ်ဖက်လုံးကိုအပေါ်မြှောက်ခိုင်းပါ။လက်တစ်ဖက်နဲ့တစ်ဖက်ညီမညီ

ကြည့်ပါစာတစ်ကြောင်းကိုထပ်ခါထပ်ခါရွတ်ခိုင်းပါစာလုံးများပီသမှန်ကန်မှုရှိမရှိစစ်ဆေးပါလေဖြတ်သည်ဟုသံသယရှိပါကချက်ချင်းဆေးရုံပို့ရပါမည်။လေဖြတ်ခြင်းရဲ့

နောက်ဆက်တွဲဆိုးကျိူးများကိုကာကွယ်ဖို့အတွက်ပထမ၁နာရီအတွင်းပို့နိုင်ပါကအကောင်းဆုံးဖြစ်သည်။credit