တစ်ခါတုန်းကရွာတစ်ရွာမှာအင်မတန်အဆိပ်ပြင်းတဲ့မြွေဟောက်ကြီးတစ်ကောင်သည်ရွာရဲ့အနီးလယ်ပြင်မှာရှိနေခဲ့တယ်အဲဒီမြွေဟောက်ကြီးဟာရွာအပြင်လယ်ကွင်းထဲထွက်

လာသူအားလုံးကိုလိုက်၍ကိုက်သတ်နေသောကြောင့်ရွာသားတွေဟာရွာပြင်လယ်ကွင်းထဲကိုမည်သူမျှမသွားရဲကြချေထိုအခါရသေ့ကြီးတစ်ပါးသည်ရွာထဲသို့ဆွမ်းခံကြွလာသောအခါ

ရွာသားများကရသေ့ကြီးအားမြွေဟောက်ကြီးအကြောင်းကိုလျောက်ထားကြရာရသေ့ကြီးသည်မြွေဟောက်ကြီးကိုမေတ္တာပို့သ၍ခန္တီတရားလက်ကိုင်းထားကာမြွေဟောက်ကြီးရှိရာ

ရွာအပြင်လယ်ကွင်းထဲသို့သွားလေ၏မြွေဟောက်ကြီးလည်းရသေ့ကြီးလယ်ကွင်းထဲထွက်လာသည်ကိုမြင်လိုက်တာနဲ့အမောက်ထောင်ကာရသေ့ကြီးရှိရာသို့ပြေးကာကိုက်လေ၏

ရသေ့ကြီးသည်မြွေဟောက်ကြီးမည်မျှကိုက်နေပါမူဘာမျှမဖြစ်အပြုံးမပျက်ပဲသီးခံတော်မူ၍မေတ္တာကိုသာကြိမ်ဖန်များစွာပွားများနေလေသည်ထိုအခါမြွေဟောက်ကြီးသည်

ထိတ်လန့်၍ရသေ့ကြီးကိုမေးလေသည်အရှင်ရသေ့ကျွန်ုပ်၏အဆိပ်ဟာအင်မတန်ပြင်းသည်ကျွန်ုပ်ကိုက်၍ကွမ်းတစ်ယာညက်မျှကြာလျှင်လူသားတွေဟာသေကုန်ပါတယ်သို့သော်

အရှင်ရသေ့ကအဘယ်ကြောင့်မသေပါသနည်းထိုသို့မေးလေသောအခါရသေ့ကြီးကသင်မြွေဟောက်မေတ္တာထား၍သီးခံခြင်းကြောင့်သာသင့်အဆိပ်ကိုကျွန်ုပ်အောင်နိုင်ခြင်းဖြစ်တယ်

ဒါကြောင့်သင်သည်လည်းလူသားတွေကိုဒေါသအဆိပ်ဖြင့်အနိုင်ယူခြင်းထက်မေတ္တာထား၍သီးခံခြင်းဟာအရာအားလုံးကိုအောင်မြင်နိုင်ပါတယ်သင်သည်လည်းယနေ့ကစပီးလူသား

တွေကိုမကိုက်သတ်ပါနဲ့မေတ္တာထား၍သည်းခံပေးပါလို့ဆုံးမတော်မူလေသည်ထိုအခါမြွေဟောက်ကြီးလည်းသဘောကျနှစ်သက်၍ကတိသစ္စာပေးလိုက်၏မြွေဟောက်ကြီးမကိုက်

တော့မှန်းသိလေသောအခါရွာသားများသည်မြွေဟောက်ကြီး အပေါ်ကနေကျော်ခွသွားလေ၏။မြွေဟောက်ကြီးကမော့ကြည့်ကာအော်မေတ္တာထားသည်းခံရမယ်လေဆိုကာသည်းခံ

၍သာနေလေ၏တဖန်ရွာသားများဟာမြွေဟောက်ကြီးကိုနင်း၍သွားကြ၏ထိုအခါမှာလည်းမော့ကြည့်ကာအော်မေတ္တာထားသည်းခံရမယ်လေဆိုကာသည်းခံ၍သာနေလေ၏အချိန်

ကြာလာသည်နှင့်အမျှရွာသားများဟာမြွေဟောက်ကြီးကိုပျက်ရယ်ပြုကကလေးတွေကအစခွေခေါက်ကစားလာကြသည်ထိုအခါတွင်လည်းအော်မေတ္တာထားသည်းခံရမယ်လေ

ဆိုကာသည်းခံ၍သာနေလေ၏ဒါနဲ့ရွာသားများဟာမကိုက်မှန်းသိလေတော့ ပို၍တိုး၍မြွေဟောက်ကြီးကိုညှဉ်းဆဲလာကြသည်အခြေအနေကဘယ်အထိရောက်လာသလဲဆိုရင်အမြီး

ကိုင်ဝှေ့ယမ်းကစားကြလေသည်ဒီတော့မဖြစ်လေဘူးဒီအတိုင်းဆိုငါသေလိမ့်မည် အရှင်ရသေ့ထံသွားမေးလျှောက်အုံးမှပဲလို့ကြံကာထွက်လာခဲ့၏ရသေ့ကြီးထံရောက်တဲ့အခါ

အရှင်ရသေ့ပြောတော့သီးခံခြင်းမေတ္တာထားခြင်းဟာအရာရာအောင်မြင်နိုင်တယ်ဆိုခုတော့ သေရတော့မယ့်အခြေအနေရောက်လာပါပြီဘုရားဒီလိုလျှောက်တော့ရသေ့ကြီးကရယ်

လေ၏။ထိုအခါမြွေဟောက်ကြီးကအရှင်ရသေ့အဘယ်
ကြောင့်ရယ်ရပါသလဲအော်မေတ္တာထားသည်းခံရမည်ဆိုတာလူတွေကိုအန္တရာယ်မပေးမကိုက်သတ်ဘဲနေရမယ်လို့

ပြောတာပါဒါပေမဲ့မင်းကအမောက်ကလေးထောင်အုံးမှပေါ့သို့မဟုတ်ပါကမထီလေးစားပျက်ရယ်ပြုတာခံရနိုင်တာပေါ့ဒါကြောင့်အမောက်လေးတော့ထောင်ပြလိုက်ပါလို့မှာ၍

ပြန်လွှတ်လိုက်လေ၏သို့မှသာမြွေဟောက်ကြီးလည်းရွာသားများသူ့အနားလာသည်နှင့်အမောက်ထောင်ပြလိုက်ရာရွာသားတို့သည်လည်းအနားမကပ်ရဲတော့ဘဲအဝေးမှကွေကွင်းသွား

လေသည်။သည်းခံရမယဆိုသော်လည်းကိုယ့်မညံ့ဘူးအစွမ်းအဆရှိတယ်ဆိုတာတော့ပြသပေးဖို့မမေ့ပါနဲ့မိတ်ဆွေတိုခရစ်တစ်