ည(၇:၀၀ မှ၉:၀၀ )နာရီအတွင်းဖုန်းနံပတ်( 09-794497947)သို့ဥာဏ်ပူဇော်ခ( ၃၀၀၀ )ကျပ်ကိုwave moneyဖြင့် ငွေလွှဲပြီးမှနာမည်မွးသက္ကရာဇ်နဲ့အတူ၁ ကနေ ၇၈ အတွင်း နှစ်သက်ရာဂဏန်း၃ခုကိုပေးပို့ကာဗေဒင်မေးမြန်းရမှာဖြစ်ပါတယ်။ခရက်ဒစ်
လုံးဝလာဘ်ပိတ်နေသူများအတွက်ခွေးစာကျွေးခြင်းယတြာကံအခွင့်အလမ်းတွေကလည်းပိတ်ဆို့နေတယ်ငွေကြေးလာ ဘ်လာဘတွေလည်းမဝင်ပဲနဲ့တစ်ခုခုနဲ့ကာဆီးထားသလိုပိတ်ဆို့နေတယ်ကူညီစောင်မပေးမယ့်သူကလည်းလုံးဝမရှိဘူ း။အခွင့်အရေးတွေပျောက်ဆုံးနေပြီးဘာလုပ်ရမှန်းမသိပဲနဲ့စိတ်နောက်နေပြီဆိုပါရင်ပထမဆုံးလုပ်ရမှာကမိမိ့ကာယကံ။
ဝစီကံ။မနောကံတွေကိုဆန်းစစ်ရပါမယ်။မိမိပါးစပ်ကကိုယ်စိတ်နှစ်ပါးကမကောင်းတဲ့စိတ်အခံတွေနဲ့မကောင်းတဲ့စကားတွေပြော။မကောင်းတဲ့အပြုအမူတွေလုပ်နေပြီဆိုရင်မိမိဆီကိုစီးဝင်လာမယ့်ကောင်းကျိုးချမ်းသာတွေကိုမိမိကိုယ်တိုင်ကပိတ်ဆို့ထားပြီလို့သာမှတ်ယူရင်းကောင်းတဲ့စိတ်ကိုမွေးရပါမယ်။ဆဲရေးတိုင်းထွာခြင်း။
သိမ်ဖျင်းတဲ့စကားကိုပြောဆိုခြင်းစတာတွေကိုရှောင်ရပါမယ်။စိတ်ကောင်းစေတနာကောင်းကိုမွေးုမြူရပါမယ်။စေတနာကောင်းကောင်းထားမှကုသိုလ်ကံကကောင်းမယ်ဆိုတာအတိအကျယုံကြည်ထားဖို့တော့လိုပါတယ်။စိတ်အခံကကိုယ့်အတွက်ထက်သူတစ်ပါးအတွက်ကို ကြည့်တတ်တဲ့စိတ်ထားကိုမရရင်ရအောင်မွေးမြူထားရပါမယ် ။
ဒုတိယအချက်ကမရှိလို့မလှူနိုင်ဘူးလို့ပြောနေမယ့်အစားမရှိရင်ရှိတဲ့အထဲကလှူနိုင်အောင်ကြိုးစားရပါမယ်။လုံးဝဝင်ငွေမရှိအခွင့်အလမ်းနတ္ထိလူတွေအတွက်ရေးသားတာဖြစ်တဲ့အတွက်ယခုဖော်ပြပါဒီနည်းလမ်းကိုကျင့်သုံးရမှာပဲဖြစ်ပါတယ်။တနင်္လာနေ့အင်္ဂါနေသောကြာနေ့စနေနေ့ညနေ(၄:၃၀မှ၇:၀၀)အတွင်းလမ်းဘေးက
အစာအာဟာရငတ်မွတ်နေတဲ့ခွေးလေခွေးလွင့်များကိုအစာကျွေးရမှာဖြစ်ပါတယ်။အဲ့ဒိအတွက်နံနက်ပိုင်းလောက်ကစပြီးမိမိနဲသိကျွမ်းရင်းနှီးတဲ့သူတွေဆီကသူတို့စားပြီးလို့ကျန်တဲ့စားကြွင်းစားကျန်တွေကိုစုထားကာမိမိကညနေလာယူပါမည့်အကြောင်းဦးစွာပြောပြီးစားကြွင်းစားကျန်တွေကိုစုစည်းကာ
အထက်ဖော်ပြပါညနေအချိန်များမှာလမ်းဘေးခွေးလေးများအားခွေးစာကျွေးရပါမယ်။သူတို့အစာစားနေတာကိုကြည့်ပြီးဆင်းရဲတဲ့သတ္တဝါတွေမဆင်းရဲကြပါစေနဲ့။ဘေးဘယာတွေနဲ့သတ္တဝါတွေဘေးဘယာကင်းကြပါစေ။သောကဖြစ်နေကြတဲ့သတ္တဝါတွေသောကကင်းဝေးကြပါစေဆိုပြီးတစိမ့်စိမ့်နဲ့ကြည့်ကာမေတ္တာပို့ပေးရပါမယ် ။
တနင်္လာအင်္ဂါသောကြာစနေညနေများမှာလုပ်ရမှာဖြစ်ပါတယ်။နာမည်ဟာအင်္ဂါအစတနင်္ဂနွေအဆုံးနာမည်ရှင်များ။နာမည်ဟာသောကြာအစဗုဒ္ဓဟူးအဆုံးနာမည်ရှင်များ။နာမည်ဟာကြာသာပတေးအစသောကြာအဆုံးနာမည်ရှင်များ။နာမည်ဟာ စနေအစကြာသာပတေးအဆုံးနာမည်ရှင်များ။
ကြာသာပတေးအစစနေအဆုံးနာမည်ရှင်များအနေနဲ့တစ်လမှာအနည်းဆုံးနှစ်ပတ်ခန့်ရအောင်အချိန်ပေးပြီးခွေးစာကျွေးရပါမယ်။ပြီးရင်အထက်ဖော်ပြပါရက်နဲ့အချိန်မှာပဲလူအသွားအလာရှိတဲ့လမ်းမှာလူမသိစေအောင်ပိုက်ဆံကိုတတ်နိုင်သလောက်ပံ့သကူဒါန စွန့်ကြဲလှူဒါန်းရပါမယ်။
ငွကြေး၂၀၀ကျပ်ကအစထားပြီး၁၀၀၀၀ကျပ်အထိမိမိစေတနာရှိသလိုပံ့သကူပစ်ပေးရပါမယ်။တစ်လကို၂ခါရအောင်ပံ့သကူပစ်ပါ။ပြီးတာနဲ့ညအိပ်ယာဝင်ဘုရားရှိခိုး။သီလယူ။မေတ္တာပို့၍သဗ္ဗဇယမင်္ဂလာဂါထာတော်ကိုနေ့စဉ်ပုတီး၁ပတ်ခန့်ပုံမှန်စိပ်ရပါမယ်။
အိပ်ယာထဲရောက်ပြီဆိုတာနဲ့မှေးစက်လို့အိပ်ချင်လာသောအချိန်မှာမိမိပြုခဲ့တဲ့ ခွေးများကိုအစာကျွေးတဲ့ကုသိုလ်ကြီးကိုပီတိဖြစ်အောင်နှလုံးသွင်း၍မိမိရဲ့အခက်အခဲဖြစ်နေတဲ့ငွေကြေးကိစ္စ။အလုပ်ကိစ္စစသည်(ဖြစ်နိုင်တဲ့ဆုတစ်ခု )ကိုစိတ်ကရည်သန်ပြီးဆုတောင်းရပါမယ်။
မကြာခနလည်းအဲ့ဒိအာဟာရငတ်ပြတ်နေတဲ့ခွေးများကိုအစာကျွေးသည့်ကုသိုလ်ကြီးကိုစိတ်ကမြင်ယောင်ရင်းဆု တောင်း ပေးပါ ။ပံ့သကူ စွန့်တဲ့ဒါနကိုလည်းစိတ်ကပုံဖော်ကာပီတိဖြစ်တဲ့အထိနှလုံးသွင်းကာထိုကုသိုလ်ကံအကျိုးကြောင့်မိမိအလိုရှိရာဆုတစ်ခုကိုတောင်းရပါမယ်။
မိမိရဲ့ပြင်းပြတဲ့အာသာရှိတဲ့ဆုတောင်းသာဖြစ်ရပါမယ်။နေ့စဉ်နှလုံးသွင်းနိုင်ပါကပိုကောင်းပါတယ်။သုံးလလေးလခန့်အကြာမှာတော့မိမိရဲ့ကံမှာအညံ့များတဖြေးဖြေးပါးလျှော့ကင်းစင်လာပြီးကောင်းကျိုးချမ်းသာများကိုရရှိလာမှာဖြစ်ပါတယ်ထွဋ်အောင်ဝေ(လောကီပညာ )09-794497947နေ့စဉ်နံနက်(၈:၀၀မှ ၁၀:၀၀)နာရီ။
ည(၇:၀၀ မှ၉:၀၀ )နာရီအတွင်းဖုန်းနံပတ်( 09-794497947)သို့ဉာဏ်ပူဇော်ခ( ၃၀၀၀ )ကျပ်ကိုwave money ဖြင့် ငွေလွှဲပြီးမှနာမည်မွးသက္ကရာဇ်နဲ့အတူ၁ ကနေ ၇၈ အတွင်း နှစ်သက်ရာဂဏန်း၃ခုကိုပေးပို့ကာဗေဒင်မေးမြန်းရမှာဖြစ်ပါတယ်။ခရက်ဒစ်