TV၊အဲကွန်း၊ ရေသေတ္တာတွေမှာသုံးတဲ့Safeguard(ဆေ့ဖ်ဂတ်အကြောင်းသိကောင်းစရာများကျွန်တော်တို့နိုင်ငံရဲ့ နေရာဒေသအများအပြားမှာလျှပ်စစ်မီးတွေရရှိနေကြပြီးဖြစ်သလိုအိမ်တိုင်းလိုလိုလျှပ်စစ်အသုံးအဆောင်ပစ္စည်းလေးတွေဝယ်ယူသုံးစွဲလာကြပါတယ်

အဲဒီလိုလူတိုင်းလူတိုင်းလျှပ်စစ်ပစ္စည်းလေးတွေသုံးစွဲလာကြတဲ့အခါမှာလျှပ်စစ်နဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေအနည်းအကျဉ်းတော့ရှိထားသင့်တယ်လို့ထင်ပါတယ်။လျှပ်စစ်မီးမတည်ငြိမ်ခြင်း၊မီးအားနည်းလွန်းခြင်းမီးအားများလွန်းခြင်း၊မီးခဏခဏလာလိုက်ပြတ်လိုက်ဖြစ်ခြင်း

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

စသည်တို့ ကြောင့်လည်းလျှပ်စစ်ပစ္စည်းများပျက်စီးရတတ်ပါတယ်ဒါကြောင့် ဒီနေ့လျှပ်စစ်ပစ္စည်းတွေသုံးတဲ့အခါမှာလျှပ်စစ်မီးကြောင့်မလိုအပ်ဘဲပျက်စီးဆုံးရှုံးမှုများမရှိရစေရန်ဗဟုသုတအနေနဲ့ Safeguard လေးတွေအကြာင်း ပြောပြပေးချင်ပါတယ်

Safeguard ဆေ့ဖ်ဂတ်ဆိုတာကတော့လျှပ်စစ်ကာကွယ်ရေးစက်တစ်မျိုး ဖြစ်ပါတယ်။တစ်ချို့ကမီးဖြတ်စက် လို့လည်း ခေါ်သေးတယ်ဗျ။သူ့ကိုကြားခံတပ်ဆင် ထားခြင်းဖြင့်ကိုယ်အသုံးပြုနေသည့် လျှပ်စစ်ပစ္စည်းအားလျှပ်စစ်မီးမတည်ငြိမ်ခြင်းမီးအားနည်းလွန်းခြင်း၊မီးအားများလွန်းခြင်း

မီးခဏခဏလာလိုက်ပြတ်လိုက်ဖြစ်ခြင်းများကြောင့်မပျက်စီးရလေအောင် တားဆီး ဖြတ်တောက်ကာကွယ် ပေးထားနိုင်ပါတယ်Safeguardရဲ့လုပ်ဆောင်ချက်(၃)ရပ်၁။မီးအားနည်းနေလျှင် ဖြတ်တောက်ကာကွယ်ပေးခြင်း၊ ၂။မီးအားများနေလျှင် ဖြတ်တောက်ကာကွယ်ပေးခြင်း

၃။အချိန် စောင့်ဆိုင်း ပေးခြင်း၁။မီးအားနည်းနေလျှင် ဖြတ်တောက် ကာကွယ် ပေးခြင်းလျှပ်စစ်ပစ္စည်းတိုင်းမှာ၎င်းသုံးစွဲရမယ့်လျှပ်စဈဗို့အားrated voltageဆိုတာရှိပါတယ်ထိုသတ်မှတ်ဗို့အားထက်အလွန်လျော့နည်းစွာ ရရှိသုံးစွဲနေရလျှင်၎င်းလျှပ်စစ်ပစ္စည်းပျက်စီးတတ်ပါတယ်

ထို့ကြောင့်သတ်မှတ်ဗို့အားထက် လျော့နည်းနေလျှင် ဆေ့ဖ်ဂတ်မှ ဖြတ်တောက် ပေးခြင်းဖြင့်စက်မပျက်ဆီးအောင်ကာကွယ် ပေးပါတယ်၂။ထိုသတ်မှတ်ဗို့အားထက်အလွန်ပိုမိုမျာပြားစွာရရှိသုံးစွဲရလျှင်လည်း၎င်းလျှပ်စစ်ပစ္စည်းပျက်စီးတတ်ပါတယ်ထို့ကြောင့်သတ်မှတ်ဗို့အားထက်

ပိုမိုများပြား နေလျှင်ဆေ့ဖ်ဂတ်မှ ဖြတ်တောက် ပေးခြင်းဖြင့်စကျမပျက်ဆီးအောင်ကာကွယ် ပေးပါတယ်၃။မီးအခုပျက်သွားတယ်။ချက်ခြင်း ပြန်လာတယ်သို့မဟုတ်ခလုပ်မှားပိတ်မိလိုက်တယ်ချက်ခြင်း ပြန်ဖွင့်လိုက်တယ်ဆိုကြပါစို့အဲဒီလိုအချိန်မျိုးတွေမှာမီးအားမတည်ငြိမ်မှုတွေကြောင့်

၎င်းလျှပ်စစ်ပစ္စည်းပျက်စီးတတ်ပါတယ်ထို့ကြောင့်ထိုအချိန်မျိုးမှာလျှပ်စစ်ပစ္စည်းကိုချက်ခြင်းဗို့အားပြန်ထုတ်မပေးပဲဆေ့ဖ်ဂတ်မှအချိန် စောင့်စိုင်းပြီးမှ ပြန်လည်ဗို့ထုတ် ပေးခြင်းဖြင့်စက်မပျက်ဆီးအောင် ကာကွယ် ပေးပါတယ်ရေခဲသေတ္တာတွေအဲကွန်းတွေဆိုရင်အခုပိတ်ပြီးအခုချက်ခြင်း

ပြန်ဖွင့်ရင်အထဲကcompressor motorဟာချက်ခြင်းမလည်နိုင်ပါဘူးဒါကြောင့်အနည်းဆုံး သုံးမိနစ်စောင့်ပြီးမှ ပြန်ဖွင့်ပေးရပါတယ်အဲဒီအတွက် ဆေ့ဖ်ဂတ်က ၅မိနစ် စောင့်ပေးပြီးမှ ပြန်လည်မောင်နှင်ပေးပါတယ်အခုနောက်ပိုင်း TVတွေ၊ အဝတ်လျှော်စက်တွေမှာ အော်တိုဗို့အားထိန်း

circuitAVR တွေထည့်သွင်းတည်ဆောက်လာကြပြီဖြစ်လို့TV တွေ လျှော်စက်တွေအတွက်မလိုတော့ပေမယ့်ခံသုံးရင်တော့ပိုစိတ်ချရပါတယ်။ရေခဲသေတ္တာနဲ့အဲကွန်းအတွက်တော့မဖြစ်မနေကြားခံသုံးစွဲ ပေးရပါမယ်

safeguard တွေမှာပါတဲ့undervoltage over voltage delay time currentစတာတွေကို ကြည့်ပြီး ဘယ်လျှပ်စစ်ပစ္စည်းအတွက်ဘယ်safeguardသုံးရမလဲဆိုတာ ရွေးချယ်ရပါမယ်TV, DVDနဲ့ လျှော်စက်များအတွက်

under 90V over240V၊delay time5sec current 5Aရေခဲသေတ္တာအတွက်under175V over240V ၊delay time 5min ၊current 5Aအဲကွန်းအတွက်under 175 V ၊over240V ၊delay time 5min ၊current 15Aအချို့ရေခဲသေတ္တာအဲကွန်း

ဆေ့ဖ်ဂတ်တွေမှာdelaytime5minမစောင့်ပဲချက်ခြင်းoperate လုပ်နိုင်ရန် နှိပ်ပေးလို့ ရတဲ့ quick start ခလုပ်ကလေးပါ ပါတယ်အဲဒီ ခလုပ်ကလေးက ရပ်ထားတာ၅မိနစ် ကျော်ပြီးမှ ပြန်ဖွင့်တာမျိုးဆိုရင် နှိပ်သုံးရတာပါရပ်ပြီး၅မိနစ်မကျော်သေးပဲပြန်ဖွင့်တာမျိုးဆိုရင်မနှိပ်သင့်ပါဘူး

ဒီလောက်ဆိုရင်လျှပ်စစ်ပစ္စည်းသုံးစွဲသူများအနေနဲ့ဘယ်လိုပစ္စည်းမျိုး တွေကို ဆေ့ဖ်ဂတ်ခံသုံးသင့်လဲဘာကြောင့် ဆေ့ဖ်ဂတ်တွေကြားခံသုံးစွဲသင့်သလဲဆိုတာသိလောက်ပြီ ဖြစ်ပါတယ် ခင်ဗျာသိပြီးသူများအတွက်လည်းပိုမှတ်မိ စေတာပေါ့ဗျာ။ဒီနေရာမှာ ဆေ့ဖ်ဂတ်ထုပ်လုပ်သူတွေကို

အကြံပြုချင်တာကတော့အဲဒီ quick start ခလုပ်မထည့်ပဲ delay time ကိုမီးပိတ်သွားတဲ့အချိန်ကနေ ပြန်လာတဲ့အချိန်ကိုတွက်ပြီးoperate လုပ်ပေးတဲ့စနစ်သုံးရင်သုံးစွဲသူတွေအတွက်ပိုအဆင်ပြေစေမယ်လို့ထင်ပါတယ်ခင်ဗျာဆိုလိုတာကမီးပျက်တာ၅မိနစ်ကျော်မှပြန်လာတာဆိုရင်

၅စက္ကန့်လောက်ပဲdelayလုပ်ပြီးoperate ပြန်လုပ်ပေးတာမျိုးမီးပျက်ပြီး၃မိနစ်မှာ ပြန်လာတယ်ဆိုရင်၂မိနစ်လောက်delayလုပ်ပြီး ပြန်operate လုပ်ပေးတာမျိုးကို ပြောတာပါဆရာလုပ်တာမျိုး မဟုတ်ပါဘူးခင်ဗျာသုံးစွဲသူတွေ ပိုမိုအဆင်ပြေစေဖို့အကြံပြုတာပါခင်ဗျာအဲဒီလို

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

လုပ်ပေးခြင်းအားဖြင့်သုံးစွဲသူတွေအတွက်မီးပြန်လာလို့ထနှိပ်ရတာမျိုးလုပ်စရာမလိုတော့ဘူး၅မိနစ်မပြည့်သေးပဲထနှိပ်လို့စက်ပျက်မှာလည်းမပူရတော့ဘူးပေါ့ခင်ဗျာအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာ၍လိုအင်ဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေခင်ဗျာVia;ကိုထိုက်မေတ္တာအိမ်