လွန်ခဲ့တဲ့နှစ်၁၀၀ကမြန်မာ့CeleတွေထဲကSocial Punishment ရဲ့အရသာကို ပထမဆုံးခံစားဖူးသူကတော့ဂရိတ်ဦးဖိုးစိန်ပါပဲမင်းသားဦးဖိုးစိန်အကြောင်းကိုအလယ်တန်း

သင်ရိုးမှာသင်ဖူးကြမှာပါဦးဖိုးစိန်ဆိုတာပေါ့သေးသေးတစ်ယောက်မဟုတ်ပါဘူးသူ့ခေတ်မှာတော့ဒိတ်ဒိတ်ကြဲ Cele ကြီးပါရန်ကုန်တာမွေကသူနေသွားတဲ့လမ်းကိုဖိုးစိန်လမ်းဆိုပြီး

နာမည်တွင်ကျန်တဲ့သူဇာတ်ပွဲကိုရွက်ထည်ရုံကြီးနဲ့စတင်ကပြသူကိုယ်ပိုင်သင်္ဘောဝယ်ဇာတ်တဖွဲ့လုံးကိုသင်္ဘောပေါ်တင်အင်္ဂလိပ်ကိုမာလိန်မှူးခန့် ဧရာဝတီကိုစုန်ဆန်မောင်းပြီးဇာတ်ပွဲကတဲ့ပုဂ္ဂိုလ်

ယိမ်းအဖွဲ့ကိုမျက်နှာဖြူမတွေနဲ့ချည်းဖွဲ့ပြီးယိမ်းကစေတဲ့မင်းသား အင်္ဂလိပ်အစိုးရကပေးတဲ့တိုင်းကျိုးပြည်ကျိုးဆောင်ဘွဲ့TPSဘွဲ့ရှင်အဲ့ဒီခေတ်က ယောက်ျားခြင်းမနာလိုလောက်အောင်အမျိုးသမီးထုကြီးရဲ့အားပေးမှုကိုတခဲနက်

ရထားသူအလှူအတန်းဆိုလည်းလက်မနှေးတဲ့စိန်မဟာသဘင်ဇာတ်ဆရာကြီးဘုရားဒကာကြီးဦးဖိုးစိန်ခမျာအပွဲပွဲနွဲလာသမျှတစ်ပွဲမှာတော့နောက်ကောက်ကျသွားရှာပါတယ်အဲ့ဒီဖြစ်ရပ်

က၁၉၂၀လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ကဖြစ်ခဲ့တာပါမြန့်မာသမိုင်းမှာ ပထမကျောင်းသားသပိတ်ဆိုပြီး မော်ကွန်းတင်ကျန်ရစ်တဲ့တက္ကသိုလ်ကျောင်းသားသပိတ်သပိတ်မှောက်ခဲ့တဲ့ရက်တန်ဆောင်မုန်းလ

ပြည့်ကျော်၁၀ရက်ကို အမျိုးသားနေ့ဆိုပြီး ဂုဏ်ပြုကြရတဲ့ သပိတ်မှာကျောင်းသားတွေနဲ့ ဦးဖိုးစိန်ကြီး ထိပ်တိုက်တွေ့သွားတာပါကျောင်းသားတွေသပိတ်မှောက်ကြတော့သပိတ်ကော်မတီမှာ

ရန်ကုန်မြို့မြို့မျက်နှာဖုံးတွေပါဝင်အားဖြည့်ပေးကြပါတယ်။ ရံပုံငွေအတွက်လည်း လူကြီးတွေက ဦးဆောင်ကောက်ခံပေးကြရှာပါတယ်။ သပိတ်ကော်မတီက ဦးဖိုးစိန်ဆီမှာအလှူခံတဲ့အခါ

ဦးဖိုးစိန်ကသပိတ်ကိုမထောက်ခံကြောင်းပြောဆိုပြီးအလှူငွေမဖြစ်စလောက်လေးသာထည့်ပါသတဲ့ဒါနဲ့ကျောင်းသားတွေကမြို့တိုင်းမြို့တိုင်းမှာဖိုးစိန်ပွဲကလို့မရအောင်ကျောင်းသားတွေက

ဦးဆောင်တားဆီးရမယ်လို့အမိန့်ထုတ်လိုက်ကြပါတယ်မြို့လူထုကလည်းကျောင်းသားသပိတ်ဖက်ကမရပ်တည်တဲ့ဦးဖိုးစိန်ကိုသပိတ်မှောက်ပြီးဘယ်သူမှပွဲလာမကြည့်ကြတော့ပါဘူးဦးဖိုးစိန်က

ပထမ‌တော့တင်းပါသေးတယ်ရန်ကုန်မှာမကရလည်းမန္တလေးတက်ကြတာပေါ့ဆိုပြီးမန္တလေးသွားကလည်း ကြည့်မယ့်သူမရှိဒါနဲ့ မော်လမြိုင်သွားလည်းအခြေအနေပိုဆိုးလာလို့

social punishment အရသာကို ကောင်းကောင်းခံစားလိုက်ရတော့တယ်ဦးဖိုးစိန်ဟာသူရိယမြန်မာ့အလင်း သတင်းစာတွေကနေ ကျောင်းသားတွေနဲ့ ပြည်သူတွေကိုတရားဝင်

ဝန်ချတောင်းပန်ရပါတော့တယ်။ မြို့ကြီးတွေမှာ ကန်တော့ပွဲကို ကားခေါင်းခန်းတင်ပြီးမြို့ကိုလှည့်ပြီး တောင်းပန်ရပါတယ်သခင်ကိုယ်တော်မှိုင်းလို image ကြီးတွေကိုချဥ်းကပ်ပြီးတောင်းပန်လို့

ဆရာကြီးကမောင်ဖိုးစိန်တောင်းပန်ကြောင်းနှင့်ကျေအေးပေးကြဖို့ဆောင်းပါးရေးပြီးကြားဝင်စေ့စပ်မေတ္တာရပ်ခံတော့မှ ပြည်သူရဲ့မေတ္တာပြန်ရပြီးပွဲပြန်ကလို့ရသွားပါတယ်

Social Punishmentဘယ်လောက်အင်အားကြီးသလဲဆိုတာအဲ့ဒီဦးဖိုးစိန်နဲ့ကျောင်းသားထုရဲ့ဖြစ်ရပ်ကသက်သေပါပဲဒီနေ့Celeဆိုသူတွေရော

အကြမ်းဖက်အုပ်စုကိုဖက်တွယ်နေကြသူတွေရောဒီဖြစ်ရပ်ကိုသင်ခန်းစာယူနိုင်ကြပါစေဒီခေတ်Generations Zတွေကလွန်ခဲ့တဲ့အနှစ်၁၀၀ကထက်အဆ၁၀၀သာတယ်ဆိုတာလည်းမမေ့ကြပါနဲ့လူထုဒေါ်အမာရေးအောင်ဗလ၊ဖိုးစိန်၊စိန်ကတုံးစာအုပ်မှCredit Zin Min Latt