လွယ်ကူထိရောက်သောသံပုရာသီးယတြာအစွမ်းလူအတော်များများဟာညမှောင်မှောင်အပြင်ထွက်သောအခါမျိုးမှာအတိုက်အခံအန္တရာယ်များကြားသွားသောအခါအချို့သူတွေ

သံပုရာသီးလေးတစ်လုံးကိုအဆောင်အဖြစ်ဆောင်သွားလေ့ရှိတာသိကြမယ်ထင်ပါတယ်သံပုရာသီးဟာအတိုက်အခံကိစ္စကျန်းမာအညံ့ကိစ္စပယောဂအတိုက်ကိစ္စတို့ကိုပြေပျောက်စေ

ဖို့ဓာတ်ရိုက်ယတြာတစ်ခုဖြစ်ပါတယ်ဒီဓာတ်သဘောဟာအညံ့တွေကို အကောင်းဘက်သို့ပြန်လှည့်စေတဲ့ယတြာပါအလုပ်ရှာ၍ခတ်ခဲနေသောသူများအလုပ်အမြန်ရလိုပါက

သံပုရာသီးချောချောလှလှအနာအစာကင်းကင်းတစ်လုံးကို၄စိပ်စိပ်ပါလမ်းစုံလေးခွနေရာတစ်ခုကိုသွား၍သံပုရာသီးတစ်စိပ်စီကိုလမ်းတဘက်တွင် တစ်စိပ်အားပစ်ပါသံပုရာသီး

လမ်းတစ်ခုဘက်ကိုတစ်စိပ်အားပစ်တိုင်းသင့်တော်ရာအလုပ်တစ်ခုအမြန်ရပါစေဟုစိတ်ကနစ်၍ ယုံယုံကြည်ကြည်နှင့်ဆုတောင်းပါ။ဒီသံပုရာသီးစိပ်ပြစ်သော ယတြာကိုတစ်နေ

တစ်ကြိမ်၇ရက်တိတိပြုလုပ်ရပါမယ်တချို့လူများတွင်၇ရက်မပြည့်ခင်အလုပ်ရသည်ဟုဆိုပါတယ်အလုပ်ရသွားလည်း၇ရက်ပြည့်အောင်ဆက်၍ပြုရပါ့မယ်ဒါမှသာကောင်း

သောအလုပ်ရ၍အလုပ်မြဲပါလိမ့်မည်နောက်တစ်ခုကျန်းမာရေးမကောင်းပါကအမြန်သက်သာစေရန်သို့မဟုတ်အပြိုင်ဆိုင်အတိုက်ခိုက်များနေပါကအနိုင်ရစေရန်အတွက်မိမိ

နေအိမ်ရှိအိမ်သာထဲထောင့်တစ်ထောင့်မှာစိတ်ထဲကအညံ့ပျောက်စေရန် တွက်ငါဒဏ်နင်ခံဟုစိတ်ကဆုတောင်း၍သံပုရာသီးတစ်လုံးအားပစ်ထားပါမိမိမှာအလွန်အတိုက်

အခိုက်ရန်သူများနေလျှင် သံပုရာသီးကအမြန်ပုတ်သွားတာသို့မဟုတ်ခြောက်သွားတာမျိုးဖြစ်သွားပါလိမ့်မယ်မိမိပစ်ထားသောသံပုရာသီးပုတ်သွားသို့မဟုတ်ခြောက်သွားပါက

သံပုရာသီးတစ်လုံးအသစ်ထပ်၍ပစ်ထားပါသံပုရာသံအတော်နဲ့မခြောက်တော့ဘဲမပုတ်တော့ဘဲ အချိန်အကြာကြာစိမ်းနေပါကထပ်မံလုပ်ရန်မလိုတော့ပါအညံ့ အတိုက်အခိုက်များ

ပျောက်သွားပါလိမ့်မည်ခရီးသွားလိုပါကလည်း လမ်းခရီအန္တရာယ်ကင်းစေရန်အတွက်ငါဒဏ်နင်ခံဟုစိတ်ကဆု
တောင်း၍သံပုရာသီးတစ်လုံးအားပစ်ထားခဲနိုင်ပါတယ်

သတိပြုရန်မှတ်ချက်ယတြာပြုလုပ်ရန်ဝယ်လာသောသံပုဂရာသီး သို့ပြုလုပ်ပြီးသောသံပုရာသီးကိုမစားရပါဘူးခရီးအတွက်စောင်သွားသောသံပုရာသီးအားလည်းမစားရပါဘူး

စားမိပါကအခိုက်များဖြစ်စေ၍ပို၍ပင်ဒုက္ခကြုံတွေ့ရတက်ပါတယ်ဒီယတြာလေးကတော့အလွန်လွယ်ကူရိုးရှင်းပြီးအလွန်ထိရောက်သောမြန်မာရိုးရာယတြာဖြစ်ပါတယ်ပြုလုပ်ရတာ

လွယ်ကူလို့၇ရက်သားသမီးများအတွက်မေတ္တာဖြင့်ရေးသားမျှဝေလိုက်ပါတယ်၇ရက်သားသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမှာချမ်းသာကြပါစေcreditဆရာဦးဘိုနိုင်(ဗေဒင်)