လွယ်လွယ်ကူကူပေါင်းအိုးလေးနဲ့ဒန်ပေါက်ချက်စားကြရအောင်လိုအပ်တဲ့ပစ္စည်းတွေကတော့ဒန်ပေါက်ဆန်နို့စိမ်းထောပတ်(အပူပေးထားပါ)ပဲစိမ်းစပျစ်စေ့ခြောက်သီဟိုစေ့

သကြားဆားကြက်သားမှုန့်ဆီကြက်သွန်ကြော်ဒန်ပေါက်အရောင်ဆေးရည်ဒန်ပေါက်မဆလာဖာလာစေ့နာနတ်ပွင့်သစ်ဂျပိုးခေါက်ကရဝေးရွက်ဒန်ပေါက်ဆန်ကိုရေဆေးပီးနာရီဝက်ခန့်

ရေစိမ်ထားပါရေနွေးအိုးကို အိုးကြီးကြီးနဲ့ကိုယ်ချက်မယ့်အချိုးအစားပေါ်မူတည်ပီး ရေများများနဲ့ဆူအောင်တည်ပါရေထဲကို သစ်ဂျပိုးခေါက်ဖာလာနာနတ်ကရဝေးအနည်းငယ်နဲ့ဆါး

နည်းနည်းထည့်ပြုတ်ပေးပါရေဆူလာရင်စိမ်ထားတဲ့ဆန်ကိုထည့်ပီးမွှေပေးပါဆန်ကရှည်ထွက်လာပီး မာတင်းတင်းလေးဆိုရင် ရေစစ်ပီး ပေါင်းမယ့်အိုးထဲကိုထည့်ပါပီးရင်ထောပတ်

အပူပေးထားတာကိုလောင်းထည့်ပါနို့စိမ်းသီဟိုစေ့စပျစ်သီး ပဲစိမ်းတွေကိုထည့်ပါဆားသကြားကြက်သားမှုန့်ကိုလည်းချက်တဲ့ဆန်ပေါ်မူတည်ပီးထည့်ပေးပါပီးရင်အပေါ်ကနေဒန်

ပေါက်အရောင်ကိုကွက်ကြားလောင်းထည့်ပေးပါအရောင်ထည့်ပီးရင် ကြက်သွန်ကြော်နဲ့ဒန်ပေါက်မဆလာကိုအပေါ်ဆုံးကနေတင်ပီးဆီအနည်းငယ်လောင်းထည့်လိုက်ပါပီးရင်မီးခလုတ်

နှိပ်ပီ၄၅မိနစ်ဆိုကျက်ပါပီကြက်သားကိုတော့ညတည်းက ဒိန်ချဉ်ရယ်မဆလာရယ်အချိုအငံနဲ့နယ်ပီးရေခဲသေတ္တာထဲနှပ်ပါမနက်ကျရင်ကြက်သွန်ဖြူနီဆီသတ်ပီးအရောင်မှုန့်ထည့်

ပီးကြက်သားချက်ပါကြက်းသားကျက်ပီဆိုရင်ကြက်သွန်ကြော်တွေကိုများများထည့်ပီးမဆလာထည့်လိုက်ရင်ရှယ်ကြက်သားဟင်းနဲ့ဒန်ပေါက်ရပါပီခဏခဏချက်စားသလို

မိတ်ဆွေတွေလည်းခေါ်ချက်ခိုင်းတဲ့သဇင့်ရဲ့ဒန်ပေါက်ချက်နည်းပါဆန်ကိုဆယ်ပီးပြုတ်ထားတဲ့အပူငွေ့မသေခင်အိုးထဲကိုထည့်တါတွေအမြန်ဆုံးလုပ်ပါcredit-TZMK