ငရုတ်ပွအထွက်ကောင်းအောင်စိုက်ပျိုးနည်းစနစ်ငရုတ်ပွဟာ မြေသြဇာကြွယ်ဝပြီး ရေမဝပ်တဲ့မြေမျိုး၊ သဲနုန်း၊ နုန်းမြေပွမျိုးဟာ အကောင်းဆုံးဖြစ်ပါတယ်။ မြေစေးအသင့်အတင့်ပါတဲ့မြေတွေမှာလည်းစိုက်ပျိုးနိုင်ပါတယ်ဒါပေမယ့်ရေမဝပ်စေဖို့ ရေထုတ်မြောင်း တွေပြုလုပ်ထားဖို့လိုပါတယ်။
သဲမြေမှာစိုက်ရင်သဘာဝမြေသြဇာလုံလုံလောက်လောက်ထည့်သွင်းပြီးမှစိုက်ပျိုးသင့်ပါတယ်။ မြေသားပါးပြီး အောက်ခံသဲကြပ်တဲ့ မြေတွေမှာမစိုက်ပျိုးသင့်ပါ။ မြေသားထုနက်ပြီး ကျောက်စရစ်ကင်းစင်ဖို့အထူးလိုအပ်လှပါတယ်အသင့်တော်ဆုံးကတော့ pH ၅.၅-၇ ရှိတဲ့မြေဖြစ်ပါတယ်။
ပျိုးထောင်ခြင်းပျိုးဘောင်ကိုအကျယ်၃)ပေ၊အမြင့်၆လက်မ၊အရှည်(၃၀)ပေ ဘောင်တွေလုပ်ပြီး နွားချေး၊ မြေဆွေး တွေကို ထည့်ပြီးရင် ဘောင်မျက်နှာပြင်ညီအောင်လုပ်ပြီးမျိုးစေ့ကို ပြာ၊သဲနဲ့ရောပြီးညီညာအောင် ခပ်ပါးပါး ကြဲပေးပါမျိုးစေ့တွေခိုင်ခိုင်မာမာစွဲကပ်လာစေဖို့
လက်ဒါမှမဟုတ်ပျဉ်ပြားနဲ့ဖိပေးပြီး ကောက်ရိုးပါးပါးနဲ့အုပ်ပေးပြီးရင် ရေလောင်းပေးနိုင်သလိုမျိုးဘောင်ပေါ်မှာကန့်လန့်ဖြတ်၃လက်မခြားမြောင်းတွေဖော်ပြီးအစေ့တွေကိုအတန်းလိုက်ချပြီးစိုက်ပျိုးခြင်းအားဖြင့်လည်းပျိုးထောင်နိုင်ပါတယ်တစ်ဧကအတွက်မျိုးစေ့(၅၀-၇၀)ကီလိုဂရမ်လိုအပ်ပါမယ်။
ပျိုးထောင်ပြီး(၇-၁၀)ရက်အတွင်းအပင်ပေါက်စုံရင် ကောက်ရိုးဖယ်ပြီးနံနက်တစ်ကြိမ် ညတစ်ကြိမ် ရေလောင်းပေးဖို့လိုပါတယ်မိုးများတဲ့ ဒေသဒါမှမဟုတ်မိုးများတဲ့အချိန်မှာပျိုးထောင်ရင်အရိပ်လုပ်ပေးရမှာဖြစ်ပါတယ်ပျိုးပင်တွေ၂၅-၃၅ရက်သားရချိန်မှာ ရွှေ့ပြောင်းစိုက်ပျိုး ပေးနိုင်ပါတယ်။
စိုက်ခင်းမြေပြုပြင်ခြင်းမြေတစ်ဧကကို နွားချေး လှည်း(၂၀)စီးခန့်ထည့်ဖို့လိုအပ်ပြီး ထယ်ရေး၊ ထွန်ရေးကောင်းမွန်အောင် လုပ်ဖို့လိုပါတယ်ပင်ကြား(၁)ပေခွဲ၊ တန်းကြား(၃)ပေထားပြီးစိုက်ပျိုးနိုင်ပါတယ်။
ကြိုက်နှစ်သက်သောရာသီဥတုမိုးရေချိန်၂၅-၅၀လက်မရွာတဲ့ဒေသတွေမှာ စိုက်ပျိုးဖို့ သင့်တော်ပြီး မိုးများသွားရင်လည်းအသီးပုပ်နိုင်ပါတယ်မိုးများတဲ့ဒေသတွေမှာတော့ မိုးနည်းတဲ့ကာလမှာစိုက်ပျိုးလေ့ရှိပါတယ်အပူပိုင်းနဲ့
သမပိုင်းသီးနှံဖစ်ပါတယ် နှင်းဒဏ်မခံနိုင်ပါအပူချိန်၅-၁၅ဒီဂရီစင်တီဂရိတ်အတွင်း ကောင်းကောင်းမဖြစ်ထွန်းနိုင်ပါ။ ငရုတ်ပွစိုက်ပျိုးဖို့အတွက်အကောင်းဆုံးအပူချိန်ကတော၂၀၂၅ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်ငရုတ်ပွပန်းပွင့်ချိန်မှာအပူချိန်(၃၃)ဒီဂရီစင်တီဂရိတ်ကျော်ခဲ့ရင်အပွင့်ကန်းပြီးအထွက်ကိုထိခိုက်စေနိုင်ပါတယ်။
အပင်ပြုစုစောင့်ရှောက်ခြင်းရွှေ့ပြောင်းစိုက်ပျိုးပြီး၎ရက်ကြာတဲ့အခါအပင်စလန်းလာမှာဖြစ်ပြီး၁၀-၁၂ရက်ကြာရင်ပေါင်း နှိမ်နင်းတာ၊ ရေသွင်းတာတွေကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်ကြားပေါင်းလိုက်တာမြေတောင်မြှောက်တာ၊ မြေသြဇာကျွေးတာကို၂ပတ်တစ်ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါတယ်
မြေသြဇာကျွေးခြင်းငရုတ်တစ်ဧကအတွက် နွားချေးလှည်းအစီး (၁၀-၂၀)ထည့်ပေးနိုင်ပြီး ဓာတ်မြေသြဇာအနေနဲ့တော့ယူရီးယား (၁)အိတ်၊တီစူပါ(၁)အိတ်၊ပိုတက်ရှ်(၁)အိတ်နုန်းကို မြေပြင်ချိန်မှာထည့်ပြီးအပင်ကြီးထွားတဲ့အဆင့်မှာယူရီးယား(၂)အိတ်ကိုထပ်မံပြီး ကျွေးပေးရမှာဖြစ်ပါတယ်
နှမ်းဖတ်ကိုတော့ တစ်ဧက၀.၅တန်နှုန်းနဲ့အပင်ပတ်လည်မှာထည့်သွင်းအသုံးပြုပေးနိုင်ပါတယ်ကယ်လ်ဆီယမ်ချို့တဲ့မှုကို မခံနိုင်ပါကယ်လ်ဆီယမ်ချို့တဲ့တဲ့မြေတွေမှာငရုတ်သီးရဲ့ထိပ်ပိုင်းမှာအမည်းရောင်ချိုင့်ကွက်လက္ခဏာတွေကို တွေ့ရတတ်ပါတယ်
ဒါ့အပြင်အခြားသောဇင့်မန်းဂနိစ်အိုင်းရွန်း၊ဘိုရွန်စတဲ့အနည်းလိုအာဟာရဓာတ်တွေလည်းချို့တဲ့လွယ်တာကြောင့်သီးပွင့်ဝင်ချိန်မှာရွက်ဖျန်းအားဆေးဖျန်းပေးဖို့လိုပါတယ်ခူးဆွတ်ခြင်းနှင့်အထွက်ငရုတ်ပွတွေဟာမျိုးပေါ်မူတည်ပြီး
ရက်၉၀-၁၀၀)အတွင်းခူးဆွတ်နိုင်ပါတယ်မိမိအသုံးပြုတဲ့မျိုး၊သွင်းအားစုပေါ်မူတည်ပြီး တစ်ဧကကိုအသီးနှုန်းတစ်သောင်းခန့်(၃၀၀-၄၀၀)ပိဿာထွက်နိုင်ပါသည်စိုက်ပျိုးရေး နည်းပညာမျှဝေပေးလိုက်ပါတယ်