ဆံပင်တွေအရမ်းကျွတ်ပြီးအကွက်လိုက်ပြောင်ခြင်းကို ပြန်ကောင်းစေမယ့်နည်းလမ်း(၈)ခုလူအများစုမှာ နေ့စဉ်ဆံပင်အနည်းငယ်ကျွတ်ခြင်းကပုံမှန်ဖြစ်ပါတယ်အထူးသဖြင့်ကိုယ်အလေးချိန်ကျခြင်း၊မီးဖွားခြင်းနေ့စဉ်စိတ်ဖိစီးမှုခံစားရခြင်း

သို့ကျန်းမာရေးအခြေအနေအမျိုးမျိုးရှိသူတွေမှာဆံပင်ကျွတ်ပါတယ်သို့သော်အချို့သောအချက်တွေကြောင့်တစ်ခါတစ်ရံဆံပင်အလွန်အကျွံကျွတ်ပြီး ခေါင်းပြောင်လာတာကို ဖြစ်ပေါ်စေနိုင်ပါတယ်ဒီလိုအခြေအနေမျိုးဖြစ်လာရင်

စိတ်မပူပါနဲ့။ဆံပင်တွေပြန်လည်သန်စွမ်းစေဖို့လွယ်ကူထိရောက်တဲ့နည်းလမ်းတွေရှိပါတယ်၁။ဆံပင်သန်စွမ်းမှုကိုလှုံ့ဆော်ပေးတဲ့အစားအစာတွေကိုစားပါမမှန်ကန်တဲ့အစားအစာတွေကဆံပင်ကျွတ်ခြင်းအတွက်အကြောင်းပြ

ချက်ဖြစ်သော်လည်းမှန်ကန်တဲ့အစားအစားတွေကိုစားခြင်းကအခြေအနေကို ပြောင်းလဲစေနိုင်ပါတယ်ဆံပင်ကြီးထွားမှုကို မြှင့်တင်ပေးတဲ့အစားအစာတွေကတော့-ကမ်ချီကမ်ချီ ကြိုက်ကြတယ်မှလားကမ်ချီမှာဆံပင်ကျွတ်တာကိုဖယ်ရှား

ပေးနိုင်တဲ့ပရိုဘိုင်အိုတစ်တွေပါဝင်ပါတယ်ကြက်ဥ။ကြက်ဥတွေမှာဆံပင်ကြီးထွားမှုအတွက် လိုအပ်တဲ့ပရိုတင်းတွေနဲ့ဘိုင်အိုတင်းဓါတ်တွေ ကြွယ်ဝပါတယ်ဟင်းနုနွယ်ရွက်ဆံပင်သန်စွမ်းစေတဲ့ ဖောလိတ်သံနှင့်ဗီတာမင်အေကဲ့သို့သောမရှိ

မဖြစ်အစိတ်အပိုင်းတွေပါဝင်ပါတယ်ဆော်လမွန်နှင့်အဆီများသောငါးများအိုမီဂါ ၃ရဲ့အရင်းအမြစ်ကောင်းတွေဖြစ်လို့ ဆံပင်ထူထဲမှုနှင့် ဆက်စပ်နေပါတယ်ထောပတ်သီးထောပတ်သီးက ဗီတာမင်အီး၊ဗီတာမင်စီနှင့်အရေးပါတဲ့

fatty acids တွေပါဝင်တာကြောင့်ဆံပင်အတွက်လည်းအကျိုးရှိပါတယ်အသားအသားကဆံပင်ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်သောပရိုတိန်းနှင့် သံဓါတ်တွေရဲ့အရင်းအမြစ်ကောင်းဖြစ်ပါတယ်၂။ဦးရေပြားကိုအဆီနဲ့

အားဖြည့်ပေးပါဆီနဲ့ ခေါင်းကိုပွတ်ခြင်း၊hair masksအနေနဲ့လိမ်းခြင်းကအစားအသောက်ကိုချိန်ညှိသလိုအကျိုးရှိနိုင်ပါတယ်အဆီအမျိုးမျိုးကိုသုံးပြီး ပေါင်းတင်နိုင်သလို ခေါင်းကို နှိပ်နယ်ပေးနိုင်ပါတယ်၎င်းကတင်းမာမှုတွေ

ကိုဖယ်ရှားပေးပြီး dermal papilla cells တွေအတွင်း ဆံပင်ရှင်သန်မှုကို အထောက်အကူပြုပါတယ်Rosemary oil က ဆံပင်ကို ကျန်းမာစေပြီး ဆံပင်ပြန်ပေါက်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်ဆီနဲ့ ဦးရေပြားနှိပ်နယ်ပေးခြင်းကို တစ်ပတ်

လျှင်အကြိမ်အတော်များများသုံးနိုင်ပါတယ်။Aloe vera gel ကဦးရေပြား ယားယံခြင်းကိုဖြစ်စေတဲ့ ဘောက်တွေကို တိုက်ဖျက်ရာမှာ သုံးနိုင်ပါတယ်အရမ်းကုတ်မယ်ဆိုရင် အရေပြားကိုပျက်စီးစေနိုင်ပါတယ်ဒဏ်ရာသေးသေးလေး

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

တွေတ၊အဖုအပိမ့်တွေနဲ့ ယားယံခြင်းတွေကသင့်ဆံပင်ကိုပျက်စီးစေပြီး ဆံပင်ကျွတ်စေနိုင်ပါတယ်ရှားစောင်းလက်ပတ်ကအနာပျောက်စေပါတယ်၃။ကြက်သွန်နီအရည်ကိုသုံးပါအနံ့ကို ဆိုးပေမယ့်လည်းကြက်သွန်နီရည်ကဆံပင်ဟိုတစ်ကွက်

ဒီတစ်ကွက်ပြောင်ခြင်းအတွက်ထိရောက်တဲ့အထောက်အကူ ဖြစ်နိုငပါတယ်။ဆံပင်မှာလိမ်းတဲ့အခါ follicles တွေအတွက် အကျိုးရှိပါတယ်ဆံပင်ရှင်သန်မှုကိုမြှင့်တင်ပေးပါတယ်၎။Green tea ထည့်ပါလက်ဖက်စိမ်းကအင်တီ

အောက်ဆီဒင့်ရဲ့အဓိကအရင်းအမြစ်တစ်ခုဖြစ်ပြီးကျန်းမာရေးပြဿနာအမျိုးမျိုးကိုကုသရာမှာအသုံးပြုတဲ့ဖြည့်စွက်တစ်မျိုးဖြစ်ပါတယ်၎င်းမှာepigallocatechin gallate ပါဝင်ပြီးဆံပင်ပြန်ထူလာစေဖို့အသုံးပြုနိုင်ပါတယ်

ဗီတာမင်ဒီ၊အိုမီဂါ၃၊အိုမီဂါ၆နှင့်အခြားဒြပ်စင်တွေပါဝင်တဲ့အတွက်ဆံပင်ပါးသာလူ၈၀ရာခိုင်နှုန်းခန့်ဆံပင်ပြန်လည်သန်စွမ်းကြောင်း လေ့လာမှုအရသိရပါတယ်၅။ဗီတာမင်ဒီအဆင့်ကိုစစ်ဆေးပါဗီတာမင်ဒီလယ်ဗယ်နိမ့်ခြင်းကလည်း

ဆံပင်အကွက်လိုက်ပြောင်ခြင်းနှင့်ဆက်စပ်မှုရှိနိုင်ပါတယ်ထို့ကြောင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးလိုအပ်တဲ့စစ်ဆေးမှုပြုလုပ်ဖို့အရေးကြီးပါတယ်ဆရာဝန်သတ်မှတ်ပေးတဲ့ဗီတာမင်ဒီ ဖြည့်စွက်ဆေးကို သုံးခြင်း၊ ကျန်းမာသောအစားအစာ

ကိုထိန်းထားခြင်းနှင့်နေရောင်နဲ့ထိတွေ့ခြင်းကဆံပင်ကျွတ်ခြင်းကိုမြန်ဆန်စွာကုသရာမှာအထောက်အကူဖြစ်နိုင်ပါတယ်၆။ဆံပင်စိုနေတဲ့အချိန်ဘီးနဲ့ဖြီးတာရှောင်ပါခေါင်းလျှော်ပြီးရင်ဆံပင်ပုံသွင်းခြင်းကသိသိသာသာပျက်စီးစေနိုင်ပါ

တယ်တကယ်လို့ဒီလိုထိခိုက်မှုမျိုးကိုမကြာခဏလုပ်တယ်ဆိုရင်ဆံပင်ကျွတ်ခြင်းနှင့်ဦးရေပြားပြောင်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်ဆံပင်ခြောက်သွ့သွားမှအသွားကျဲကျဲဘီးနဲ့ဖြီးပါ၇။ နွယ်ချိုနဲ့ ခေါင်းလျှော်ပါတရုတ်နွယ်ချိုမှာဆံပင်ရှင်သန်

မှုကိုပံ့ပိုးပေးခြင်းဆံပင်အမြစ်တွေကိုလှုံ့ဆော်ပေးခြင်းဆံပင်ပါးတာကို လျှော့ချခြင်းကဲ့သို့သောအကျိုးကျေးဇူးတွေရှိပါတယ်အလွယ်နည်းကခေါင်းလျှော်ရည်ထဲမှာထည့်သုံးပေးဖို့ ဖြစ်ပါတယ်တလျှော်ကင်ပွန်းခေါင်းလျှော်ရည်ထဲမှာနွယ်ချိုကို

ထည့်သုံးပေးခြင်းဖြင့်ဆံပင်တွေကို ပြန်လည်သန်စွမ်းစေပါတယ်၈။ဂျင်းကို ရွေးချယ်စရာတစ်ခုအဖြစ်စဉ်းစားပါအခြားလေ့လာမှုတွေအရဂျင်းမှာဆံပင်ရှင်သန်မှုကိုတိုးတတ်စေတဲ့ ဇီဝသက်ရှိဒြပ်ပေါင်းတွေပါဝင်ပြီး

antifungal,antioxidant,နဲ့antimicrobialသက်ရောက်မှုတွေပါဝင်နိုင်ပါတယ်ခေါင်းမလျှော်ခင်မှာ ဂျင်းအရည်နဲ့ဦးရေပြားကို နှိပ်နယ်ပေးလို့ရသလိုဂျင်းဆီနဲ့ scalp mask အဖြစ်သုံးနိုင်ပါတယ်