ကြက်ဥချောင်းကိုအိမ်မှာလွယ်လွယ်ကူကူနဲ့ကိုယ်တိုင်လုပ်စားလို့ရတဲ့နည်းလမ်းကြက်ဥချောင်းကိုအိမ်မှာလွယ်လွယ်ကူကူနဲ့ကိုယ်တိုင်လုပ်စားလို့ရတဲ့နည်းလမ်းအိမ်မှာကိုယ်တိုင်လုပ်စားလို့ရသည့်သန့်ရှင်းလတ်ဆတ်တဲ့ကြက်ဥချောင်းလေး
လုပ်နည်းလေးပါကလေးတွေအတွက်လဲအထူးသင့်လျော်ပါတယ်လိုအပ်တဲ့ပစ္စည်းတွေကတော့ကြက်သား၂၀သားဆားနည်းနည်းသကြားနည်းနည်းငြုပ်ကောင်းမှုန့်ကြိုက်ရင်နည်းနည်းထည့်ပါမထည့်လဲရကြက်ဥတလုံးပြောင်းကော်မှုန့်
၂ဇွန်းမရှိရင်ရိုးရိုးကော်မှုန့်စက်ထဲထည့်ကြိတ်ပါစီးစီးလေးဖြစ်အောင်အကြာကြီးကြိတ်ပါငှက်ပျောရွက်လေးစင်ကြယ်အောင်ဆေးပြီးအိသွားအောင်ရေနွေးဖျော်ပါငှက်ပျောရွက်ပေါ်ဆီလေးနဲနဲသုတ်ပြီးကြိတ်ထားတဲ့အသားထည့်လိပ်ပါပြီးရင်ဒါမျိုးလေးဖြစ်အောင်စည်းပါ
ပေါင်းအိုးမရှိရင်ဒယ်နီအိုးထဲရေထည့်ပြီးဇလုံနဲ့ပေါင်းလို့ရပါတယ်၄၅မိနစ်လောက်ပေါင်းပြီးတဲ့အခါရပါပြီနော်ဒီတိုင်းပဲစားစားဆီပူထဲထည့်လှိမ့်ပြီးစားစားဘယ်လိုစားစားအရမ်းကောင်းပါတယ်ကလေးတွေလဲကြိုက်နှစ်သက်ပါတယ်ပူပူလေးကိုခရမ်းချဉ်သီးဆော့လေးနဲ့တို့စားရင်လည်းလိုက်ဖက်ပါတယ်