ရှေးလူကြီးသူမဆိုရိုးစကားများ(၁)မဟောင်တတ်သော ခွေးသည်ကိုက်တတ်၏စကားမပြောဘဲ ဆိတ်ဆိတ်နေသူသည် မိုက်တတ်၏(၂)အကောင်းပြောလျင်ချက်ချင်းဝမ်းမသာပါနှင့်မကောင်းပြောလျင်လည်းချက်ချင်းဝမ်းမနည်းပါနှင့်

(၃)ကန်ဖူးသောမြင်းသည်ကန်ချက်ကိုမမေ့လူသည်လည်းအကျင့်ပျက်ကိုမမေ့(၄)ထိုင်သည့်အခါ အောက်ကိုကြည့်ပါထသည့်အခါအပေါ်ကိုကြည့်ပါ(၅)မပုပ်သောအသီးကိုပိုးမထိုးမရှိသောသူကိုသူခိုးမခိုး(၆)လက်ခြေတို့သည်ဝမ်းဗိုက်၏ ကျေးကျွန်ဖြစ်သည်

မည်သူကမျှအလကားခေါ်မကျွေးနိုင်(၇)ခမောက်သည်လူ၏ဦးခေါင်းနှင့်မကင်း၊လူတိုင်းသည်အချစ်နှင့်မကင်း။(၈) နှုတ်ခမ်းရွဲ့သူသည်ဆဲရေးတတ်၏မာနကြီးသူသည်စကားကျဲ၏(၉)ဦးချိုမကောင်းသော နွားကိုမမွေးပါနှင့်အလုပ်မလုပ်ဘဲ လေလွင့်နေသူကို မကျွေးပါနှင့်

(၁၀)အစားကြောင့်ချစ်ခင်တတ်၏၊စကားကြောင့်မုန်းတတ်၏(၁၁) မြန်မြန်စားသော်နင်တတ်၏မြန်မြန်ပြေးသော် ချော်လဲတတ်၏(၁၂)ချစ်လျှင်လက်ဆောင်အဖြစ်အလကားပေးရာ၏အရောင်းအ၀ယ်ပြုလျင်အများတကာကဲ့သို့ဈေးယူရာ၏

(၁၃)နှုတ်ချိုသော်ပုခုံးသက်သာ၏နှုတ်ချိုသော်ဗိုက်ပြည့်၏(၁၄) ရေကန်ကို ဆဲဆိုလျင်ငါးသတ္တဝါတို့စိတ်နာတတ်၏ခွေးကိုဆဲဆိုသော်အိမ်ရှင်သည်စိတ်နာတတ်၏(၁၅)အရိပ်ခိုသော်အကိုင်းကိုမချိုးရာမိုးကြိုးမပစ်သော်လည်းမြွေကိုက်တတ်၏

(၁၆)ကျီးကန်းအားသစ်စေးပုံးကိုမစောင့်စေရာသူခိုးကိုဥစ္စာထုပ်အားမစောင့်စေရာ(၁၇)အတူတကွဝိုင်းဝန်းစားမှအရသာမြိန်၏အတူတကွဝိုင်းဝန်းမမှအလေးချိန်ပေါ့၏(၁၈)နက်သောရေသည်အသံတိတ်ဆိတ်၏ပညာရှိသည်တိတ်တိတ်နေတတ်၏

(၁၉) တောချုံကိုလည်းမပျက်စေရာ၊ယုံကိုလည်းမလွှတ်ထွက်စေရာ(၂၁) ကြာပန်းကိုလည်းမနွမ်းစေရာ၊ ရေကိုလည်းမနောက်စေရာ(၂၂) စားလို၍ မေးမြန်းတတ်သည်ခိုးလို၍ထိတ်လန့်အောင်လုပ်တတ်သည်

(၂၃) ပျော်ရွှင်ချင်သူ၏မျက်နှာသည်စပ်ဖြဲဖြဲ၊ရည်းစားစကား ပြောသူ၏မျက်နှာသည် ပျော့ရဲရဲ(၂၄)အုပ်စုကွဲသောနွားသည်အမဲသားဖြစ်၏အမျိုးကွဲသောသားသမီးသည်တခြားသူဖြစ်သွား၏(၂၅)လူဖြစ်လာလျင်မအပါနှင့်မိမိကျော ကိုလှန်၍သူတစ်ပါးအား မပြပါနှင့်

(၂၆)လက်ကျိုးလျင်အင်္ကျီထဲတွင်သာကျိုးပါစေ(၂၇) ပြောပြီးသောစကားဓားဖြင့်ခုတ်မိသွားသောအရာကျိုးသွားသော ကျောက်ခဲတို့သည်မူလအတိုင်း ပြန်မဖြစ်တော့(၂၈)အပြောကြီးသောသူသည်ကျားအရှင်ကိုဖမ်းမိတတ်၏

(၂၉)ကျီးကန်းကလည်းဇီးကွက်ကိုမစွပ်စွဲပါနှင့်ဇီးကွက်လည်းကျီးကန်းကိုမစွပ်စွဲပါနှင့်။ အော်သံချင်းသိပ်မထူးပါဘူး(၃၀)လူသည်အသက်ရှူတာခြင်း ခြားနား၏တချို့ကငှက်ပျောသီးကိုဆားနှင့်တို့စားချင်ကြ၏(၃၁)မကတတ်လျင်အိုးစည်တီးသူကိုမစွပ်စွဲပါနှင့်

မလုပ်တတ်လျင်သူများကိုမစွပ်စွဲပါနှင့်(၃၂)သကာလိုချိုသောတရားကိုလူကြိုက်ရှား၏ပဲပုပ်လိုနံသောအစားအစာကိုလူကြိုက်များ၏(၃၃)သူတစ်ပါးကိုခိုင်းလျင် စိတ်တိုင်းမကျနိုင်၊နာခေါင်းဖြင့်စားလျင်ဗိုက်မ၀(အနံ့ခံရရုံဖြင့်ဗိုက်မ၀ဟု ဆိုလို၏

(၃၄)သူတစ်ပါးကိုလက်ညှိုးထိုးကိုယ်ဘက်သုံးချောင်းတိုးလက်မနှင့်လက်ညှိုးသာသူများဘက်ကိုလှည့်၏လက်ခလယ်၊လက်သူကြွယ်နှင့်လက်သန်းသည်ကိုယ့်ဘက်ကိုလှည့်နေ၏(၃၅)ထက်လှစွာသောဓားသည်သူ၏ဓားရိုးကိုပြန်ပြီးမခုတ်နိုင်

(၃၆)အသွင်ပြောင်းသောသမန်းကျားသည်နွားကိုဖျောက်၏အသွင်ပြောင်းသောသူသည်အမျိုပျောက်၏(၃၇)မကိုက်တတ်သော ခွေးသည် ဟောင်၏ငွေမချေးသင့်ဘဲ ချေးပေးလျင်ဒူးညောင်း၏(၃၈)ဆင်ပြောင်ကြီးသည်သစ်တုံးကြီိးကိုခ်ီနိုင္သကဲ့သို႔စာကေလးသည္လည္း မြက်ပင်ကိုချီနိုင်ပါသည်။

(၃၉)မတ်တပ်ရပ်လျင်အပေါ်ထုတ်တန်းကိုကြည့်ပါထမင်းချက်လျင် ထမင်းကျန်ကို အရင်ကြည့်ပါ(၄၀)ငါးရံ့သည် ရေထဲတွင်တစ်သက်လုံး နေသော်လည်းမဖြူဗျိုင်းသည်ကုန်းပေါ်နေသော်လည်းမမဲ(၄၂)ခွေးကသန်းကို

ကိုက်သော်လည်းသန်းမသေသန်းက ခွေးကိုကိုက်သော်လည်း ခွေးမသေ(၄၃)ကံမကောင်းလျင်သစ်ပင်ကိုအမီပြုသော်လည်းသစ်ပင်သည်လဲကျ၏တိုင်ကိုအမီပြုသော်လည်းတိုင်သည်လဲကျရာ၏(၄၄)ဒုက္ခရောက်ချိန်ဝက်ဝံကိုရှောင်စဉ်ကျားနှင့်ဝငျတိုးတတျ၏

(၄၅)ဝါးခမောက်လုပ်သူဖက်ခမောက်ကိုဆောင်းအိုးစည်လုပ်သူဝါးခေါင်းကိုတီး(၄၆)ကိုရင်ကလေးသည် ကြေးစည်ကြီးကိုရိုက်ခတ်၍အမြဲတမ်းငိုအောင်ပြု၏တစ်ခါတစ်ရံ ကြေးစည်ကြီးသည်ကိုရင်ကလေးကို ပြန်ရိုက်ခတ်သောအခါကိုရင်ကလေးသည် ကြေးစည်ထက်အကြာကြီးငိုနေတတ်၏အရှင်သုခမိန္ဒ