သင့်ကိုအသက်နဲ့အမျှချစ်တဲ့ကောင်လေးတွေရဲ့လက္ခဏာ(5)မျိုးအချစ်ဆိုတာနှလုံးသားချင်းဆက်နွယ်နေမှဖြစ်ပေါ်လာတဲ့အရာမျိုးပါအချစ်ကံကောင်းတဲ့မိန်းကလေးတွေကတော့ဒီလိုယောကျာ်းမျိုးကိုပိုင်ဆိုင်ထားရမှာပါ

သင်ရောပိုင်ဆိုင်ထားရပြီးလားပိုင်ဆိုင်ထားရပြီးဆိုအရင်ကထက်ပိုလိမ္မာပါတော့နော် သင့်ကိုအမြဲဂရုစိုက်တယ်သင့်ကိုအသက်နဲ့အမျှချစ်တဲ့ယောကျာ်းဆိုတာသင့်ရဲ့အရာအားလုံးအသေးအမွှေားလေးတွေကစဂရုစိုက်နေတတ်သူပါ

တကယ်လို့သင်နေမကောင်းခဲ့ရင်တောင် အဖေတစ်ယောက်လိုအစ်ကိုကြီးတစ်ယောက်ဆေးသောက်ဖို့အစားပုံမှန်စားဖို့ကိုတဖွဖွမှာပြီးဂရုစိုက်နေတတ်တယ်သင်နေမကောင်းဖြစ်ရင်အပြစ်ရှိတယ်လို့ခံယူနေသူပါသင်အားငယ်နေချိန်

သင့်အနားမှာဖေးမကူညီတတ်ပြီးသင်ဝမ်းနည်းရင်သူ့စိတ်ထဲလည်းမကောင်းဖြစ်နေတတ်ပါတယ်သူ့အလုပ်တွေဘယ်လောက်ပဲပင်ပန်းနေပါစေအလုပ်တွေဘယ်လောက်ပဲရှုပ်နေပါစေသင်နဲ့တွေ့ရရင်ပင်ပန်းတာတွေပျောက်သွားတယ်

သင့်အတွက်ဆိုညည်းနေရတာမျိုးမရှိဘဲသင့်စိတ်ကြိုက်ဖြစ်အောင် အမြဲနေပေးတတ်တယ်အလုပ်ဆိုတာကလည်းသင့်ကိုချမ်းချမ်းသာသာထားစေချင်တဲ့ရည်ရွယ်ချက်ကြောင့်လုပ်နေရသလို သူ့အနာဂတ်တစ်ခုလုံးကသင်နဲ့ပဲဖြစ်နေမှာပါ

၂သင့်ကိုခွင့်လွတ်မြဲခွင့်လွှတ်တယ်သင့်ကိုသူဘယ်လောက်ထိချစ်လဲဆိုရင် တခြားသူတွေအတွက်ဆိုခွင့်လွှတ်ပေးလို့မရတဲ့အပြစ်မျိုးဖြစ်နေရင်တောင်သူ့သင်ကိုခွင့်လွှတ်မြဲခွင့်လွှတ်ဆဲပါ။သူနဲ့တွဲနေရက်နဲ့သင့်ကတခြားတစ်ယောက်နဲ့အိနေတာမျိုး

ကိုတောင်သင့်ကိုခွင့်လွှတ်ပေးပြီးဆက်တွဲနေတတ်တယ်သူ့တုံးလို့အလို့မဟုတ်ဘဲ သင့်ကိုဆုံးရှုံးလိုက်ရမှာကြောက်လို့ပါဒီလိုမျိုးချစ်သူကောင်လေးကိုပိုင်ဆိုင်ထားရပြီဆိုအရမ်းမဆိုးပါနဲ့၃သင့်ကိုနားလည်မှုအပြည့်ပေးထားတယ်သင့်ကို

ဘယ်လောက်တောင်ချစ်တယ်ဆိုရင်သင့်ကိုချုပ်ချယ်ထားတာမျိုးမရှိဘဲသင့်ကိုစိတ်ချမ်းသာအောင်အမြဲနားလည်မှုပေးထားသူပါမကောင်းတာဆိုရင်တော့ဆိုးဆုံးမတတ်တာကလွဲရင်သင့်ကိုအမြဲလွတ်လပ်စွာနားလည်မှုအပြည့်နဲ့နေခိုင်းတယ်

သူငယ်ချင်းတွေနဲ့အပြင်သွားမယ်ဆိုရင်လည်းသူ့ကိုယ်တိုင်လိုက်ပို့ပေးတာမျိုးဖြစ်ဖြစ်လုပ်ပေးတယ်သင့်ပျော်နေတာမြင်ရရင်သူ့စိတ်ထဲလည်းပျော်နေတတ်တယ်၄သင်ကဘုရင်မသင်ကသူ့ဘဝအတွက်အလင်းပါသူ့မှာတစ်နေ့လုံးအလုပ်တွေ

ရှုပ်နေရင်တောင်သင်အတွက်အချိန်ပေးပြီးdate ပေးတယ်သူ့အလုပ်တွေကြောင့်ပင်ပန်းနေရင်တောင်ပင်ပန်းတယ်လို့မညည်းဘဲသင့်အတွက်အချိန်ပေးတယ်သင်စိတ်ဆိုးနေလည်းသင့်ကိုစိတ်ရှည်ရှည်နဲ့ချော့တယ်အကြောင်းကတော့သင့်ကသူ့ဘဝအတွက်ဘုရင်မဖြစ်နေလို့ပါပဲCredit