သင့်ဆံသားကိုပျက်စီးစေသောခေါင်းလျှော်နည်း၅မျိုးသင်ဟာဆံပင်ကိုပုံသွင်းဖို့ထုတ်ကုန်ပစ္စည်းအမျိုးမျိုးကိုအသုံးပြုနေပါလိမ့်မယ်သင့်ဆံပင်ဟာတစ်နေကုန်ပုံမကျပန်းမကျဖြစ်

နေတာဟာအံ့သြစရာတော့မရှိပါဘူး။ဆံပင်ဟာပျက်စီးနိုင်ပြီးတော့နှစ်ခွတွေဖြစ်ပြီးထိန်းမရနိုင်အောင်ရှုပ်ထွေးလာပါလိမ့်မယ်အသက်ကြီးလာတာနဲ့အမျှဆံပင်ပါးလာပြီးအရောင်မွဲ

လာပါလိမ့်မယ်။ဒါပေမယ့်လည်းဆံပင်ပျက်စီးမှုကိုပြန်ကောင်းအောင်လုပ်လို့ရပါတယ်အောက်ဖေါ်ပြပါအမှားတွေကျူးလွန်မိခြင်းကနေရှောင်ကြဉ်သင့်ပြီးဆံပင်ပညာရှင်တွေ

အကြံပေးထားတဲ့အချက်တွေကိုလိုက်နာခြင်းဟာဆံပင်ကိုပြန်ကောင်းလာစေမှာပါ၁။နေ့တိုင်းလိုလိုခေါင်းလျှော်ခြင်းပုံမှန်အားဖြင့်ခေါင်းကိုလိုအပ်တဲ့အခါမှလျှော်သင့်ပါတယ်ဆံပင်

ပညာရှင်တွေကတော့လိုအပ်မှဆိုတာနှစ်ရက်သုံးရက်တစ်ခါဆိုလိုပါတယ်။ဆံပင်ကိုကျန်းမာသန်စွမ်းပြီးတောက်ပစေတဲ့အဆီတွေဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။ဒါဟာဆံပင်ဆိုးထားတဲ့သူ

တွေအတွက်မှန်ကန်ပေမယ့်နေ့တိုင်းခေါင်းလျှော်ခြင်းဟာဆံပင်ရဲ့အရောင်ကိုထိုင်းမှိုင်းစေပါတယ်အခြားအချက်တွေလည်းပါဝင်ပါသေးတယ်တကယ်လို့တစ်နေကုန်လေ့ကျင့်ခန်း

လုပ်ပြီးချွေးအများကြီးထွက်တယ်ဆိုရင်နောက်သုံးရက်လောက်စောင့်ဖို့ဆိုတာခက်ခဲပါတယ်ဒီလိုအချိန်ဆိုရင်ခေါင်းအခြောက်လျှော်နိုင်ပြီးအဖျားတွေကိုပျော့ဆေးသုံးပေးနိုင်ပါ

တယ်၂။လိုအပ်တာထက်ပိုပြီးပျော့ဆေးအများကြီးသုံးခြင်းအဆီထွက်တဲ့ဆံပင်တွေကိုကာကွယ်ဖို့အဖျားတွေကိုပျော့ဆေးသုံးပေးသင့်ပါတယ်။ဒါပေမယ့်ဦးရေပြားတော့မပါပါဘူး

အန်စာတုံးအရွယ်အစားရှိတဲ့ပမာဏလောက်နဲ့စတင်ပြီးဆံပင်အနှံ့ကို ညီမျှစွာသုံးပါ။တကယ်လို့လိုအပ်မယ်ဆိုရင်ထပ်ထည့်ပါဒါပေမယ့်၂၅ဆင့်အကြွေအရွယ်အစားထက်တော့မပိုသင့်

ပါဘူးတစ်ကယ်လို့ဒေါ်လာဝက်ပမာဏလောက်သုံမိပြီဆိုရင်တော့ဆံပင်ကိုဘာမှမထူးစေပဲခေါင်းလျှော်ရည်နဲ့ပျော့ဆေးအတွက်ပိုက်ဆံအများကြီးသုံးမိနေတာသေချာပါတယ်

၃။မှားယွင်းတဲ့ခေါင်းလျှော်ရည်အသုံးပြုခြင်းပြင်းထန်တဲ့ကျန်းမာရေးလက္ခဏာတွေ မပြပေမယ့်ပါဝင်တဲ့ဓါတုပစ္စည်းတွေဟာဆံပင်၊အရေပြား၊ဦးရေပြားတို့ကိုခြောက်သွေ့စေပြီး

အရောင်ကျွတ်စေပါတယ်။ဆံပင်တွေရှုပ်နေပြီးနှစ်ခွဖြစ်နေတယ်ဆိုရင်sulfateမပါတဲ့ခေါင်းလျှော်ရည်ကိုအသုံးပြုပါသူတို့ဟာဆံပင်ကိုချောမွေ့စေနိုင်ပါတယ်ဒါပေမယ့်ပုံမှန်

ခေါင်းလျှော်ရည်တွေမျိုးတော့အမြှုပ်ထမှာမဟုတ်ပါဘူး၄။ပြင်းတဲ့ပျော့ဆေးတွေကိုဘယ်တော့မှမသုံးခြင်းဒါဟာရွေးချယ်လို့ရတဲ့အဆင့်လို့တော့ထင်စရာရှိပေမယ့်ပညာရှင်

တွေကတကယ်လို့သင့်ဆံပင်ဟာခြောက်သွေ့ပျက်စီးပြီးနှစ်ခွဖြစ်နေမယ်ဆိုရင်ဆံသားအတွင်းထဲထိအာနိသင်သက်ရောက်တဲ့ပေါင်းဆေးdeep conditionerတွေကိုအသုံးပြုသင့်

တယ်လို့ဆိုပါတယ်ဆံပင်ကိုဂရုစိုက်ပါဆံပင်ပေါင်းတင်
maskကို အနည်းဆုံးတစ်ပတ်တစ်ကြိမ်အသုံးပြုပါ။ဆံပင်ကိုဂရုစိုက်မယ်ဆိုရင်တိုးတက်မှုကိုမြင်ရပါလိမ့်မယ်

၅။အထက်တန်းကျောင်းတက်တုံးကအသုံးပြုခဲ့တဲ့ခေါင်းလျှော်ရည်နဲ့ဆံပင်ပျော့ဆေးကို အသုံပြုနေတုံးပဲသင့်ဆံပင်ဟာခေါင်းလျှော်ရည်နဲ့ပျော့ဆေးတွေကိုသုံးနေကျဖြစ်သွားပြီး

နောက်ပိုင်းမှာအကပ်အသပ်တွေကျန်နေတတ်ပါတယ်တကယ်လို့တစ်ခုခုကိုသုံးမှဖြစ်မယ်ဆိုတဲ့စိတ်မျိုးမရှိဘူးဆိုရင်ခေါင်းလျှော်နေစဉ်မှာဘယ်လိုခံစားရလဲဆိုတာပေါ်မူတည်

ပြီးခေါင်းလျှော်ရည်ပုံစံအမျိုးမျိုးကိုစမ်းသပ် ကြည့်နိုင်ပါတယ်ခြောက်သွေ့နေပါသလားdeep conditionerတွေကိုအသုံးပြုပါတကယ်လို့ဆပင်အားနည်းနေတယ်ဆိုရင်တော့

ပျော့တဲ့ဆံပင်ပျော့ဆေးတွေကိုအသုံးပြုပါဆံပင်ရှုပ်နေတယ်ဆိုရင်တော့အစိုဓါတ်ထိန်းပျော့ဆေးကိုအသုံးပြုပါသင့်ဆံပင်ကိုကြည့်ပြီးတော့သူဘာလိုလဲဆိုတာနားထောင်တတ်ပါစေ။credit