သင့်နေအိမ်မျက်နှာလှည့်သောအရပ်ပေါ်မူ၍လာဘ်လာဘပွင့်လန်းစေမည့်နည်းလာဘ်ပွင့်စေသောယတြာမျိုးစုံရှိပါသည်ထိုယတြာ နည်းများစွာတွင်လူတစ်ဦးတစ်ယောက်၏မွေးနေ့မွေးရက်မွေးသက္ကရာဇ် များ
ကိုအဓိကထား၍ဆောင်ရွက်ခြင်းများကိုသာတင်ထားတာများပါတယ်။အခုပြောမှာကတော့မိမိနေအိမ်၏မျက်နှာလှည့် ရာ အရပ် ကိုအဓိကထား၍လာဘ်ပွင့်အောင်လာဘ်လာဘ ရွှင်လန်းအောင် ဆောင်ရွက်
သောနည်းကိုပြောပြပါမည်။အဲဒီလိုဆောင်ရွက်တဲ့အတွက်ဘာအကျိုးကျေးဇူးတွေကိုရရှိနိုင်သလဲဆိုတော့အဲဒီနေအိမ်မှာနေထိုင်တဲ့လူသားအားလုံးမိမိတို့၏လုပ်ငန်းဆောင်တာများမှာထူးထူးကဲကဲအောင်မြင်ခြင်း၊
အေးအေးချမ်းချမ်းဖြတ်သန်းနိုင်ခြင်း၊ စီးပွားရေးများအောင်မြင် နိုင်ခြင်းကြုံတွေ့ရမယ့်အခက်အခဲတွေ ပြဿနာတွေအဆင်မပြေမှုတွေအတိုက်အခိုက်တွေကနေလွတ်မြောက် နိုင်ပါတယ်။မိမိတို့နေအိမ်သယာစေရန်
တိုးတက်စေရန်အကျိုးပြုစေပါတယ်ဒီနည်းကိုဆောင်ရွက်မယ့်သူတွေကမွေးနေ့မွေးရက်မွေးသက္ကရာဇ်တိတိကျကျသိစရာမလိုပါဘူး။မိမိနေအိမ်ကဘယ်ဘက်ကိုမျက်နှာမူသလဲအဲဒီမျက်နှာမူရာအရပ်ဒေသကိုအဓိက
ထားပြီးဆောင်ရွက်ရတဲ့နည်းဖြစ်ပါတယ်။အရှေ့အရပ်ကိုမျက်နှာလှည့်သောနေအိမ်များတွင်နေထိုင်သူများ လာဘ်ပွင့်စေရန်အရှေ့အရပ်ကိုမျက်နှာလှည့်သောအိမ်ကိုတနင်္လာဂြိုဟ်မင်းကစိုးမိုးအကျိုးပြုသောအိမ်ဟု
သတ်မှတ်သည်ထိုအိမ်တွင်နေထိုင်သူအပေါင်းတို့သည်ကြံရည်လှူဒါန်းခြင်းပြုလုပ်သင့်သည်ရဟန်သံဃာတော် များကို ကြံရည် ကပ်လှူ နိုင်သည်။ကြံချောင်း ကို ကိုးဆစ်ဖြတ်၍ အိမ် တံခါးတွင် ထောင်ထား နိုင်ပါသည်
ဘုရားတစ်ဆူဆူ၏တနင်္လာဒေါင့်တွင်လည်းလှူဒါန်းနိုင်ပါသည်။ကြံပန်းခိုင်တို့ကြံသကာတို့လှူဒါန်းနိုင်ပါသည်အရှေ့ တောင်အရပ်ကိုမျက်နှာလှည့်သောနေအိမ်များတွင်နေထိုင်သူများလာဘ်ပွင့်စေရန်
အရှေ့တောင်အရပ်ကိုမျက်နှာလှည့်သောအိမ်ကိုအင်္ဂါဂြိုဟ်မင်းကစိုးမိုးစောင့်ရှောက်ခြင်းကိုခံရသောအိမ်ဟုသတ် မှတ်ပါသည်။ဘုရားတွင်စံပယ်ပန်းမကြာခဏလှူဒါန်းဆက်ကပ်နိုင်ပါသည်ဆပ်သွားဖူး
လှူ၍လည်းရပါသည်။ဆီးယိုလည်းမကြာခဏဒါနပြုနိုင်ပါသည်သံဃာတော်များအားဆပ်ပြာအလှူဒါနပြုနိုင်ပါသည်။ထို ယတြာကိုပြုလုပ်ခြင်းအားဖြင့်ထိုနေအိမ်တွင်နေထိုင်သူများသည်စွမ်းအားကောင်းခြင်း
၊သြဇာတိုးခြင်း၊စီးပွားတက်ခြင်းများဖြစ်နိုင်ပါသည်။တောင်အရပ်ကိုမျက်နှာလှည့်သောနေအိမ် များတွင်နေထိုင်သူများ လာဘ်ပွင့်စေရန်တောင်အရပ်ကို မျက်နှာ လှည့်သော နေအိမ် များကို ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုး
စောင့်ရှောက်ခြင်းခံရသောအိမ်ဟုသတ်မှတ်ပါသည်။လေတိုက်လျှင် တဖျတ်ဖျတ် လှုပ်သော ကြက်လျှာကို အိမ်ရှေ့တွင်ထိုးပါ။ဘုရား တင်ပါ။ရွက်လှညွန့်လှူပါ။ သံဃာတော် များ အား ရေ ၊ ယပ် အစရှိ သည် တို့ ဒါန
ပြုကပ်လှူပါအေးချမ်းခြင်းစီးပွားတက်ခြင်းရွှေငွေရတနာပေါကြွယ်ဝခြင်းများဖြစ်မည်။အနောက်တောင်အရပ်ကိုမျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်အနောက်တောင် အရပ် ကို
မျက်နှာ လှည့်သောနေအိမ် များကို စနေဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက် ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည် အိမ်ဘုရားတွင် ထီးနီ တစ်လက်တင်ထားပါ။သံဃာတော်များကို ထီး ဒါနပြုပါ။ နာနတ်ယို လှူဒါန်
ဆက်ကပ်ပေးပါ။ဘုန်းတန်ခိုးကြီးခြင်း၊လာဘ်ပွင့်ခြင်း၊စီးပွားတိုးတက်ခြင်းများဖြစ်ပေါ် လာမည်။အနောက်အရပ်ကို မျက်နှာလှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်အနောက်အရပ်ကိုမျက်နှာ
လှည့်သော နေအိမ် များကို ကြာသပတေးဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက် ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ ပန်းပွင့် များ ဘုရားစင် တွင် မပြတ် လှူဒါန်း ဆက်ကပ် ပေးပါ။ဆီမီး (လျှပ်စစ်မီး၊ ဖယောင်းတိုင်မီး)
အလှူဒါနပြုပေးပါ။ ပေါက်ပေါက်ပွင့် ဘုရား တင်ခြင်း ဆွမ်းတော်ကပ်ခြင်း မကြာခဏ ပြုပါ သံဃာတော် များကို မုန့်၊ ပဲ၊ မကြာခဏ လှူပေးပါ။ ဘုန်းကံကြီးမားခြင်း ဥစ္စာစီးပွား တိုးတက်ခြင်းများ ရရှိ ခံစားရမည်။နောက်
မြောက်အရပ်ကိုမျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်အနောက်မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များကို ရာဟုဂြိုဟ်မင်း ကစိုးမိုးစောင့်ရှောက် ခြင်း ခံရသောအိမ်ဟု သတ်မှတ်
ပါသည်။အိမ်ရှေ့တွင် ရေအိုးစင် လှူဒါန်းပေးပါ။အိမ်ရှေ့တွင် မကြာခန ရေဖြန်း ပက်ပေးပါ။ရဲယိုညွန့်ဘုရားလှူပါ ရွှေသင်္ကန်းမကြာခဏ ဆက်ကပ်လှူဒါန်းပေးပါ။ ရှောက်ယို ၊ ရှောက်သီး သုပ် ဆက်ကပ်လှူဒါန်း ပေးပါ။
သံဃာတော်များကိုလည်းဆက်ကပ်လှူဒါန်းနိုင်ပါသည်။ စီးပွားဥစ္စာ တိုးတက်ခြင်း ၊ ကံဇာတာ မြင့်မားခြင်း၊ အလိုပြည့်စုံခြင်း များ ဖြစ်မည်။မြောက်အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်
ပွင့်စေရန်မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ်များ ကို သောကြာဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ် ဘုရား တွင် သစ်သီး မပြတ်တင်ပါ သီဟိုဠ်ညွန့် ဒါနပြုပါ။
သံဃာတော်များကိုသတ်သတ်လွတ်ဟင်းများမကြာခဏလောင်းလှူပါနေအိမ်တွင်နေထိုင်သူများလည်းမကြာခဏသတ်သတ်လွတ်စားပေးပါ။ကျက်သရေတိုးပွားခြင်း၊ကံဇာတာမြင့်မားခြင်းများဖြစ်မည်။အရှေ
မြောက်အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်အရှေ့မြောက် အရပ် ကို မျက်နှာ လှည့်သောနေအိမ်များကိုတနင်္ဂနွေဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသောအိမ်ဟုသတ်မှတ်
ပါသည်။အိမ်ရှေ့တွင်အုန်းခွံစာကလေးအိမ်ချိတ်ဆွဲထားခြင်း၊ အိမ်ဘုရားအားအုန်းသီးကပ်လှူခြင်း၊အုန်းဆွမ်း၊ အုန်းနို့ ခေါက်ဆွဲလှူဒါန်းပေးခြင်းသံဃာတော်များအားလည်းကပ်လှူဒါန်းပေးခြင်း၊အောင်အိုးတစ်လုံးတွင်အုန်း
ညွန့်(၆) ညွန့်ထိုးထား ၍ အိမ်ရှေ့တွင် ထားခြင်း ဆောင် ရွက်နိုင်ပါသည်။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။credit