ခြေချောင်းလေးတွေက ပြောတဲ့သင့်ရဲ့စိတ်နေသဘောထားနဲ့အစွမ်းသတ္တိများခြေချောင်းလေးတွေတစ်ချောင်းခြင်းစီကကိုယ့်ရဲ့စိတ်နေသဘောထားနဲ့ကိုယ်ဟာဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို ဖော်ပြနေတယ်ဆိုတာ ယုံကြည်ပါရဲ့လား

ခြေချောင်းပုံသဏ်ဏ္ဍနျအနအေထားတှပေျေါမှာမူတည်ပြီးမတူညီတဲ့ကိုယ်ရည်ကိုယ်သွေးတွေရှိကြပါတယ်။ ခြေထောက်အဖျားပိုင်းရဲ့ပုံသဏ်ဏ္ဍနျကို ရောမပုံစံ၊ လေးထောင့်ပုံစံ၊ဂရိပုံစံနဲ့ ဖြန့်ကျက်ပုံစံဟူ၍(၄)မျိုးခွဲခြားထားပါတယ်

(၁) ရောမပုံစံ ခြေထောက်ခြေချောင်းအားလုံးထဲမှာ ခြေမကသိသိသာသာအကြီးဆုံးဖြစ်နေပြီးကျန်တဲ့ခြေချောင်းလေးတွေကအချိုးညီစွာရှိနေမယ်ဆိုရင် ရောမခြေထောက်အဖြစ်သတ်မှတ်ပါတယ်အဲဒီလိုခြေထောက်မျိုးပိုင်ရှင်ဟာ

ဖော်ရွေတတ်သူဖြစ်ပြီး၊သြဇာညောင်းသူလည်း ဖြစ်ပါတယ်လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူဖြစ်ပြီးလူတွေအများကြီးရှေ့မှာစကားပြောကောင်းတဲ့သူလည်းဖြစ်လို့ဒီလိုခြေထောက်ပိုင်ရှင်များဟာစီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်တတ်ပါတယ်

(၂) လေးထောင့်ပုံစံ ခြေထောက်ခြေချောင်းလေးတွေအားလုံးကို စုကြည့်လိုက်မယ်ဆိုရင် ဖော်ပြပါပုံအတိုင်း လေးထောင့်ကျနေတာကို တွေ့ရပါလိမ့်မယ်သူတို့ဟာ အေးဆေးပြီးတော့ဉာဏ်ပညာကြီးမားသူတွေဖြစ်တဲ့အပြင်အလိုလိုထိုးထွင်းသိစိတ်ရှိတတ်သူလည်းဖြစ်ပါတယ်

သူတို့ဟာအရမ်းလေးနက်ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရတော့မယ့်အချိန်မှာအဲဒီအစွမ်းသတ္တိတွေအလိုလိုရလာတတ်သူပါသူတို့တွေဟာမိတ်ဆွေအပေါင်းအသင်းတွေဒုက္ခရောက်တဲ့အခါတိုင်းအနားမှာကူညီပေးဖို့အသင့်ရှိနေတတ်သူတွေ ဖြစ်ပါတယ်

(၃)ဂရိပုံစံ ခြေထောက်ခြေညိုးက ခြေမထက်ပိုပြီးရှည်ထွက်နေသူတွေကိုရည်ညွှန်းပါတယ်ဒီလိုခြေထောက်ပိုင်ရှင်ကတော့ဘယ်အရာကိုလုပ်လုပ်စိတ်အားထက်သန်စွာနဲ့တစ်စိုက်မှတ်မှတ်လုပ်တတ်တဲ့သူမျိုး ဖြစ်ပါတယ်

များသောအားဖြင့်သူတို့ကိုအားကစားသမားနိုင်ငံရေးသမားအနုပညာသမား နဲ့တီထွင်ဖန်တီးသူတွေအဖြစ် တွေ့မြင်နိုင်ပြီးသဘာဝအရဦးဆောင်နိုင်သူတွေလည်း ဖြစ်ပါတယ်

(၄) ဖြန့်ကျက်ပုံစံ ခြေထောက်ခြေချောင်းလေးတွေဟာတစ်ချောင်းနဲ့တစ်ချောင်းနီးကပ်စွာရှိပြီး ခြေမကစလို့ ခြေသန်းထိတစ်ဖြည်းဖြည်းသေးသွားတဲ့ ခြေချောင်းပိုင်ရှင်ကို ဖြန့်ကျက်ပုံစံအဖြစ်သတ်မှတ်ထားပါတယ်ဒီလိုခြေထောက်ပုံစံ

ပိုင်ရှင်မှာသူများနှင့်မတူပဲထူးခြားတဲ့စရိုက်လက္ခဏာတွေရှိပါတယ်သူတို့တွေဟာ စိတ်လိုက်မာန်ပါ ပြောတတ်ဆိုတတ်၊ ပြုလုပ်တတ်သလိုအတော်လေးခန့်မှန်းနားလည်ရခက်တဲ့လူမျိုးတွေဖြစ်ပါတယ်သူတို့ဟာတစ်ဦးတည်း

သီးသန့်အေးဆေးနေတတ်သူဖြစ်ပြီးရှုပ်ရှုပ်ထွေးထွေးနေရတာကိုလုံးဝမနှစ်သက်သူတွေလည်း ဖြစ်ပါတယ်အဲလိုသီခြားနေရတာကိုလည်းအလွန်တန်ဖိုးထားကြသူမျိုးဖြစ်ပါတယ်ခြေချောင်းများစုစည်းမှုပုံစံမ်ားကစိတ်နေစိတ်ထားကို ပြောပြနေသကဲ့သို့ ခြေချောင်းတစ်ချောင်းခြင်းစီရဲ့ပုံသဏ်ဏ္ဍနျကပါအဓိပ်ပါယျဖှငျ့ဆိုမှုတှေ ခြားနားပါသေးတယ်

ခြေမအကယ်၍ ခြေမဟာအခြားခြေချောင်းတွေထက်ပိုပြီးရှည်ထွက်နေမယ်ဆိုရင်လိမ္မာပါးနပ်သူဖြစ်သလိုတီထွင်ဖန်တီးနိုင်တဲ့စိတ်ကူးမျိုးရှိသူလည်း ဖြစ်ပါတယ်။ ပြဿနာတစ်ခုကိုထူးခြားတဲ့ ဖြေရှင်းနည်းနဲ့ ဖြေရှင်းတတ်သူပါသူများနဲ့မတူတဲ့ ရှုထောင့်အမြင်မျိုးကကြည့်တတ်သူလည်းဖြစ်ပါတယ်

အကယ်၍ ခြေမဟာသိသိသာသာ သေးငယ်နေမယ်ဆိုရင်တော့သူများတွေလက်ဖျားခါရလောက်အောင် အလုပ်ပေါင်းစုံကိုတစ်ပြိုင်နက်လုပ်ကိုင်နိုင်သူဖြစ်ပါတယ်မိမိရဲ့စိတ်ကူးအကြံအစည်ကိုသူတစ်ပါးလက်ခံလာအောင် ဖော်ဖော်ရွေရွေအပြုံးလေးတွေနဲ့သိမ်းသွင်း စည်းရုံးနိုင်သူလည်း ဖြစ်ပါတယ်

ခြေညိုးညာဘက်ခြေထောက်ရဲ့ ခြေညိုးကသင့်ဘဝမှာဘာဖြစ်ချင်တာလဲဆိုတာကို ဖော်ပြနိုင်ပါတယ် ခြေထောက်ချကြည့်လိုက်တဲ့အခါညာဘက် ခြေညိုးကကြမ်းပြင်နဲ့ထိနေတယ်ဆိုရင်သင်ဖြစ်ချင်တဲ့အတိုငး ဖြစ်နေသူဖြစ်ပါတယ်

အကယ်၍ကြမ်းပြင်နဲ့မထိတာဒါမှမဟုတ် ခြေညိုးနဲ့ ခြေခလယ်ကြားမှာအတော်လေး ခြားနေမယ်ဆိုရင်သင်ဟာစိတ်နောက်ကိုယ်ပါမဖြစ်အောင်ထိန်းသိမ်းတတ်သူဖြစ်ပါတယ်။ ခြေညိုးဟာပိုရှည်လေ ခေါင်းဆောင်နိုင်မှုစွမ်းရည်မြင့်မားလေပဲ ဖြစ်ပါတယ်

ခြေခလယ်ခြေခလယ်ဟာသိသိသာသာရှည်လျားနေမယ်ဆိုရင်စိတ်ခွန်အားကောင်သူဖြစ်ပြီးအထူးသဖြင့်လုပ်ငန်းခွင်မှာလုပ်ရည်ကိုင်ရည်ရှိသူ ဖြစ်ပါတယ်။ ခြေခလယ်ပိုရှည်လေအသက်မွေးမှုလမ်းကြောင်းမှာ အောက်မြင်မှုပိုရေလ ဖြစ်ပါတယ်

ခြေသန်းကြွယ်ခြေသန်းကြွယ်ကတော့ ပေါင်းသင်းဆက်ဆံရေးကို ဖော်ပြနေပြီး၊ ဖြောင့်ဖြောင့်မတ်မတ်ရှည်ထွက်နေရင်တော့မိသားစုဟာသင့်ဘဝအတွက်အရေးအကြီးဆုံးနံပါတ်တစ်လို့သတ်မှတ်ထားသူဖြစ်ပါတယ်ဘဝမွာချစ်ခင်ရသူတွေနဲ့ အဆင်မပြေတတ်တဲ့သူတွေရဲ့ ခြေသန်းကြွယ်က ကောက်ကွေးနေတတ်ပါတယ်

ခြေသန်းခြေသန်းသေးသေးလေးပိုင်ဆိုသူတွေကတော့ငြီးငွေလွယ်သူတွေဖြစ်ပြီးရယ်ရွှင်မြူးစရာစိတ်အပြောင်းအလဲ ဖြစ်စရာလေးတွေနောက်ကို မနားတမ်းလိုက်တတ်သူဖြစ်ပါတယ်။ အဲဒါကြောင့်လူမှုပတ်ဝန်းကျင်မှာ ပျော်စရာလေးတွေ ရတတ်ပါတယ်

အကယ်၍ ခြေသန်းလေးကို ခြေသန်းကြွယ်နဲ့မထိအောင်၊ကွာအောင် ဖြန့်ကားနိုင်သူဆိုရင်တော့စိတ်လိုက်မာန်ပါပြုတတ်တယ်စွန့်စားတတ်တယ်၊စိတ်ကစားတတ်တဲ့သူ ဖြစ်ပါတယ်အကယ်၍ကွာအောင်မဖြန့်ကားနိုင်သူဆိုရင်တော့သမားရိုးကျသမား၊ ကြိုတင်မှန်းဆတတ်သူနဲ့သစ္စာရှိသူ

အဖြစ်မှတ်ယူနိုင်ပါတယ်ဒါတွေကတော့ ခြေချောင်းလေးတွေက ပြောပြတဲ့ သင့်ရဲ့စိတ်နေသဘာဝနဲ့ပင်ကိုယ်စွမ်းရည်သတ္တိများပဲဖြစ်ပါတယ်သင်ရောဘယ်လိုလူမျိုးလည်းနံပါတ်၁လား၂လား၃လား၎လားဆိုတာ ပြောခဲ့ပါအုံးနော်