သင့်အဝတ်အထည်တွေကိုအစွန်းချွတ်စရာမလိုဘဲဖြူဖွေးသွားစေမယ့်သဘာဝပစ္စည်းအစွန်းချွတ်ဆေး၊အ‌ရောင်ချွတ်ဆေးရှိလျှင်လွှင့်ပစ်လိုက်ပါတော့အဝတ်အထည်တွေကို

အစွန်းချွတ်ဖို့မလိုဘဲဖြူဖွေးသွားစေဖို့လုပ်ဆောင်ပေးမယ့်အရာကသင့်ရဲ့ရေခဲသေတ္တာထဲမှာရှိနေနိုင်ပါတယ်လူတိုင်းကသူတို့အဝတ်အထည်တွေဖြူဖွေးတောက်ပြောင်နေတာကို

နှစ်သက်ကြပါတယ်။ အဲဒီအတွက်အစွန်းချွတ်ဆေးသုံးတာကယေဘုယျနည်းလမ်းတစ်ရပ်ပဲဖြစ်ပါတယ်။ဒါပေမဲ့လို့အစွန်းချွတ်တာကတစ်ခုတည်းသောဒါမှမဟုတ်အကောင်းဆုံးသော

နည်းလမ်းတော့မဟုတ်ပါဘူးအစွန်းချွတ်ဆေးကသင့်ကျန်းမာရေးနဲ့သင့်ပတ်ဝန်းကျင်အတွက်အန္တရာယ်ရှိနိုင်ပါတယ်အစွန်းချွတ်ဆေးကဘာလို့နည်းလမ်းကောင်းတစ်ခု

မဟုတ်တာလဲအဖြေကတော့အန္တရာယ်ရှိနိုင်လို့ပါသိချင်စိတ်သိပ်များတဲ့၊စူးစမ်းတဲ့ကလေးငယ်တွေရဲ့လက်ပေါ်ကိုအစွန်းချွတ်ဆေးဖိတ်စင်သွားနိုင်သလိုသောက်တောင်သောက်မိသွား

နိုင်ပါတယ်အစွန်းချွတ်ဆေးကိုဗီနီဂါလိုမျိုး အခြားအရာတစ်မျိုးမျိုးနဲ့ရောစပ်လိုက်လျှင်အဆိပ်ငွေ့တွေထွက်ပါတယ်ကိုယ်တိုင်မထိထားပေမဲ့လည်းအိမ်သားတစ်ဦးဦးကနေ

တစ်ဆင့်ပြန်ထိတာတို့၊အစွန်းချွတ်ဆေးထိထားတဲ့သက်မဲ့အရာကနေတစ်ဆင့်ပြန်ထိတာတို့ကလည်းပြဿနာတစ်ခုပါပဲဥရောပသုတေသီတွေလုပ်ဆောင်ခဲ့တဲ့၂၀၁၅ခုနှစ်လေ့လာမှု

တစ်ရပ်ကဘာကိုတွေ့ခဲ့သလဲဆိုတော့နေအိမ်မှာအစွန်းချွတ်ဆေးရှိတာဟာကလေးသူငယ်တွေမှာအာသီးရောင်ရောဂါ၊တုပ်ကွေးနဲ့အသက်ရှူလမ်းကြောင်းပြဿနာလိုမျိုးနာမကျန်း

ဖြစ်ပွားနှုန်းပိုမြင့်လာစေပါတယ်တဲ့။ပြီးတော့လည်းအစွန်းချွတ်ဆေးတွေဟာရေဆေးချပစ်လိုက်ပြီးတာတောင်စွဲကျန်နေတတ်ပါတယ်ဒါပေမဲ့အစွန်းချွတ်ဆေးမသုံးဘဲအဝတ်

အထည်တွေဖြူဖွေးသွားစေဖို့ဖြစ်နိုင်ပါ့မလားလို့မေးစရာရှိပါတယ်အဖြေကတော့ဖြစ်နိုင်တယ်ဆိုတာပါပဲမျက်လှည့်ပြလိုက်သလိုသန့်စင်ပေးမယ့်အရာကတော့သံပယိုရည်ရှောက်

ရည်ပဲဖြစ်ပါတယ်သံပယိုရည်၊ ရှောက်ရည်ဆိုတာပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ပေးပြီးပိုမိုဖြူဖွေးလာစေတဲ့သဘာဝပစ္စည်းပဲဖြစ်ပါတယ်အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေမသုံးဘဲ

အိမ်ထောင်ပစ္စည်းများစွာကိုသန့်စင်စေဖို့သံပယိုရည်ရှောက်ရည်ကိုအသုံးပြုနိုင်ပါတယ်။သားရေပရိဘောဂတွေကအစွန်းအထင်းတွေကိုဖယ်ရှားဖို့အတွက်တောင် အသုံးပြုနိုင်

ပါတယ်သံပယိုရည်၊ရှောက်ရည်ကဘယ်လိုနည်းနဲ့ ဖြူဖွေးတောက်ပြောင်သွားစေတာလဲသံပယိုရည်၊ရှောက်ရည်မှာအချဉ်ဓာတ်အက်ဆစ်ခေါ်ဆီထရစ်အက်ဆစ်

(citric acid)ပမာဏမြင့်မားစွာပါဝင်ပါတယ်။အဲဒီcitric acidက သင့်အဝတ်အထည်တွေပေါ်ကအစွန်းအထင်းတွေနဲ့ဓာတ်ပြုပြီး သူတို့ကိုအဝတ်အထည်တွေပေါ်ကနေသဘာဝ

အတိုင်းဖယ်ရှားပေးကာအထည်သားကိုဖြူစင်လှပသွားစေပါတယ်ဒီဖြူသွားစေတဲ့အစွမ်းကတော့အသားအရေ၊ဆံပင်နဲ့သွားစတဲ့ အခြားအရာတွေမှာလည်းအလားတူပဲအစွမ်းရှိပါ

တယ်ဒါပေမဲ့ ထိခိုက်ပျက်စီးမှုမရှိအောင်လို့တော့သေချာဂရုစိုက်ဆင်ခြင်အသုံးပြုရမှာပါ။သံပယိုရည်၊ရှောက်ရည်နဲ့ဖြူစင်သွားစေတဲ့နည်းလမ်းကအဖြူရောင်အဝတ်အထည်

တွေအတွက်အကောင်းဆုံးပါ။အခြားအရောင်နဲ့အဝတ်
အထည်တွေကတော့သံပယိုရည်၊ ရှောက်ရည်တို့နဲ့ထိရင်ခပ်မြန်မြန်ပဲအ‌ရောင်မှိန်သွားနိုင်လို့ပါလက်လျှော်သံပယိုရည်၊

ရှောက်ရည်နှစ်ခွက်နှင့်ဆားရည်တစ်ခွက် ကိုရောဖျော်ပါအစွန်းချွတ်မယ့်အထည်ကိုအဲဒီ‌ဖျော်စပ်ထားတဲ့အရည်ထဲနှစ်စိမ်ထားလိုက်ပါအစွန်းကျွတ်သွားချိန်ကျရေသေချာဆေး၊

ကျင်းပြီးနေရောင်မှာအခြောက်လှန်းထားလိုက်ပါစက်လျှော်သံပယိုရည်၊ရှောက်ရည်တစ်ခွက်ထဲဆပ်ပြာမှုန့်ထည့်ပါ၊ပြီးလျှင်ခါတိုင်းအဝတ်လျှော်နေကျအဆင့်တွေအတိုင်းလျှော်ပါနေရောင်ရတဲ့နေရာမှာအခြောက်လှန်းပါcredit orginal