မိန်းကလေးအများစုကကြွက်တွေ၊ပင့်ကူတွေကိုကြောက်တတ်ကြပါတယ်ဒါပေမဲ့အိမ်မှာမီးဖိုချောင်ဝင်ရသူတွေအဖို့သည်အကောင်လေးတွေနဲ့မတွေ့မိအောင်နေဖို့ဆိုတာက

မလွယ်ကူလှပါဘူဒါကြောင့်ကြောက်တတ်တဲ့အကောင်လေးတွေနဲ့ပက်ပင်းတိုးမိတဲ့အန္တရာယ်ကနေကာကွယ်နိုင်ဖို့နည်းလမ်းကောင်းလေးတွေပြောပြမယ်နော်ကြွက်တွေကအိမ်ကို

ညစ်ပတ်စေနိုင်သလိုရောဂါပိုးတွေကိုလည်းသယ်ဆောင်လာတတ်ပါတယ်သည်လိုမျိုးသတ္တဝါလေးတွေကိုနေအိမ်မှာမရှိစေချင်ဘူးဆိုရင်လုပ်ဆောင်လို့ရမယ့်လွယ်ကူရိုးစင်းတဲ့နည်း

လမ်းအချို့ရှိနေပါတယ်ကြွက်နဲ့ပင့်ကူတွေကိုဝေးဝေးပြေးစေမယ့်နည်းလမ်းတွေကလက်ဖက်ခြောက်အိတ်လေးတွေရေနွေးဆူဆူထဲမှာလက်ဖက်ခြောက်အိတ်သုံး၊လေးထုပ်လောက်

ထည့်ပါပြီးရင်အငွေ့လှိုင်လှိုင်ထွက်နေတဲ့အိုးကိုကြွက်တွေလာနိုင်တဲ့နေရာ၊ပင့်ကူအိမ်တွေရှိနေတဲ့နေရာမှာထားက်ပါ။က်ဖက်ခြောက်ကအနံ့ပြင်းလေလေပိုကောင်းလေလေပါရေနွေးအေး

သွားတဲ့အခါမှာလည်းလက်ဖက်ခြောက်အိတ်လေးတွေကိုကြွက်လာရာလမ်းမှာချထားလိုက်ပါသည်နည်းနဲ့ကြွက်နဲ့ပင့်ကူတွေကိုနှိမ်နှင်းလို့ရပါတယ်နှစ်ရက်၊သုံးရက်ဆက်တိုက်လုပ်ဖို့

တော့လိုပါမယ်။ကရဝေးရွက်ဟင်းခတ်အမွှေးအကြိုင်တစ်ခုအဖြစ်အများကသိထားကြတာပါ။ သူ့ရဲ့စူးရှတဲ့အနံ့ကကြွက်တွေနဲ့ပင့်ကူတွေကိုဝေးဝေးပြေးစေပါလိမ့်မယ်ကရဝေးရွက်

ကိုခပ်သေးသေးလေးတွေဖဲ့ပြီးကြွက်တွေ လာရာလမ်းတွေမှာကြဲထားပါပင့်ကူအိမ်တွေရှိတဲ့နေရာမှာ ထားပေးပါ။ခြောက်သွားတိုင်းအသစ်လဲပေးနိုင်ရင်ပိုကောင်းပါတယ်ပူရှိန်း

သွားတိုက်ဆေးပရုတ်ပါတဲ့ပူရှိန်းရှိန်းသွားတိုက်ဆေးတွေကလည်းကြွက်နဲ့ပင့်ကူတွေကိုခပ်ဝေးဝေးမောင်းထုတ်ပေးနိုင်ပါတယ်ုကြွက်တွင်းဝဒါမှမဟုတ်ကြွက်လာနေကျနေရာတွေမှာ

သွားတိုက်ဆေးတွေသုတ်ထားပါဗီရိုတွေ၊ကြောင်အိမ်တွေမှာသွားတိုက်ဆေးတွေသုပ်ပေးပါပင့်ကူအိမ်တွေနားမှာ သွားတိုက်ဆေးတွေထားပေးပါ။ခြောက်သွားတိုင်းအနံ့ပြယ်သွား

တိုင်းအသစ်လဲပေးပါ။မုန့်ဖုတ်ဆော်ဒါအန္တရာယ်အကင်းဆုံးနည်းလမ်းတစ်ခုပါမလိုလားတဲ့ဧည့်သည်တွေကိုအိမ်ကနေ ဖယ်ရှားပေးဖို့တော်တော်လေးအသုံးတည့်ပါတယ်ကြောင်အိမ်

တွေ၊ဗီရိုတွေနားမှာမုန့်ဖုတ်ဆော်ဒါတွေဖြူးထားလိုက်ပါသူတို့ ရှိနိုင်တဲ့နေရာတွေမှာမုန့်ဖုတ်ဆော်ဒါတွေဖြူးထားလိုက်ပါ။နှစ်ရက်ကနေ၊သုံးရက်လောက်အထိဆက်တိုက်လုပ်ပေးပါမလိုလားတဲ့ဧည့်သည်တွေကင်းဝေးသွားပါလိမ့်မယ်။Credit