၁၀တန္းၿပီးကတည္းကအိမ္က​ေနထြက္ခဲ့တာ။အဲ့တုန္းက”အိမ္”ဆိုတာ တစ္သက္လုံး​ေနလို့ရမယ့္​ေနရာလို့ထင္ခဲ့မိတယ္။အ​ေတြ႕အၾကဳံ​ေတြ ထြက္ရွာမယ္​ေပါ့။

တကယ့္လက္​ေတြ႕ကအိမ္ဆိုတာခဏသာျပန္လို့ရ​ေတာ့တဲ့​ေနရာ​ေလးျဖစ္သြားတယ္။”မီးပုံးပ်ံတစ္ခုကိုလႊတ္လိုက္ရင္​ေလာင္စာကုန္လို့ ျပန္က်ရင္က်လာမယ္။

“အိမ္က​ေန ထြက္လာၿပီဆို​ေလာကႀကီးမွာ​ေလ့လာစရာ​ေတြႀကိဳးစား႐ုန္းကန္​ေနရတာ​ေတြ​ေလာကဓံ​ေတြကို နပန္းသတ္ရင္းအိမ္ဆိုတာခဏတာအပန္း​ေျဖစရာ​ေနရာ​ေလးတစ္ခုပမာအျမဲတမ္းျပန္လို့မရနိုင္​ေတာ့။

ငယ္ငယ္ကဘာမွမသိတဲ့အခ်ိန္​တုန္းကဆိုအိမ္မွာလူစုံဖူးတယ္။မိသားစုထမင္းဝိုင္းလည္းစည္ကားတယ္။ခုမ်ား​​ေတာ့ကိုယ္ရွိရင္အစ္ကိုကမရွိအစ္ကိုရွိရင္ကိုယ္ကျပန္မလာ။မိသားစုံဆုံဖို့ဆိုတာlucky draw မွာပါ၀င္ကစား​ေနရသလိုမ်ိဳးပဲ။

တကယ္ကို​ေၾကကြဲစရာ ဇာတ္လမ္း​ေတြက အဆုံးသတ္မရွိလဲ လုံလုံ​​ေလာက္​ေလာက္လြမ္းခြင့္ရွိပါတယ္။တစ္ခါတစ္ခါ ျပန္​ေတြး​ေနမိတယ္။ကို​ေျပးလိုက္​ေနတဲ့အရာ​ေတြကတကယ္​ေရာအ​ေရးပါ​ေနသလား?ျဖဴစင္တဲ့​ေမတၱာ​ေတြကို​ေရာ

ဥ​​ေပကၡါထား​ေနရတာတန္​ေအာင္ ႀကိဳးစား​ေနသလား?ဘ၀ဆိုတာလိုက္ရင္း​ေျပးရင္းနဲ႔ပဲအခ်ိန္ကုန္​ေနမလား?​ေမတၱာအစစ္​ေတြက​ေရာအခ်ိန္​ေပးလို့မရ​ေအာင္အ​ေရးမပါ​ေတာ့ဘူးလား​ေပါ့?

တကယ္လို့ခဗ်ားသာအိမ္မွာ​ေနခြင့္ရ​ေနတုန္းဆိုအိမ္ရဲ့တန္ဖိုးကို ျပည့္ျပည့္၀၀တန္ဖိုးထားပါ။ထြက္သြားၿပီးရင္​ေနာင္တမရ​ေအာင္​ေပါ့။(အထူးသျဖင့္ က်​ေတာ့္လိုမျဖစ္​ေအာင္​ေပါ့june 11,2020#ပုထုဇဥ္ credit

၁၀တန်းပြီးကတည်းကအိမ်ကနေထွက်ခဲ့တာ။အဲ့တုန်းက”အိမ်”ဆိုတာ တစ်သက်လုံးနေလို့ရမယ့်နေရာလို့ထင်ခဲ့မိတယ်။အတွေ့အကြုံတွေ ထွက်ရှာမယ်ပေါ့။

တကယ့်လက်တွေ့ကအိမ်ဆိုတာခဏသာပြန်လို့ရတော့တဲ့နေရာလေးဖြစ်သွားတယ်။”မီးပုံးပျံတစ်ခုကိုလွှတ်လိုက်ရင်လောင်စာကုန်လို့ ပြန်ကျရင်ကျလာမယ်။

“အိမ်ကနေ ထွက်လာပြီဆိုလောကကြီးမှာလေ့လာစရာတွေကြိုးစားရုန်းကန်နေရတာတွေလောကဓံတွေကို နပန်းသတ်ရင်းအိမ်ဆိုတာခဏတာအပန်းဖြေစရာနေရာလေးတစ်ခုပမာအမြဲတမ်းပြန်လို့မရနိုင်တော့။

ငယ်ငယ်ကဘာမှမသိတဲ့အချိန်တုန်းကဆိုအိမ်မှာလူစုံဖူးတယ်။မိသားစုထမင်းဝိုင်းလည်းစည်ကားတယ်။ခုများတော့ကိုယ်ရှိရင်အစ်ကိုကမရှိအစ်ကိုရှိရင်ကိုယ်ကပြန်မလာ။မိသားစုံဆုံဖို့ဆိုတာlucky draw မှာပါဝင်ကစားနေရသလိုမျိုးပဲ။

တကယ်ကိုကြေကွဲစရာ ဇာတ်လမ်းတွေက အဆုံးသတ်မရှိလဲ လုံလုံလောက်လောက်လွမ်းခွင့်ရှိပါတယ်။တစ်ခါတစ်ခါ ပြန်တွေးနေမိတယ်။ကိုပြေးလိုက်နေတဲ့အရာတွေကတကယ်ရောအရေးပါနေသလား?ဖြူစင်တဲ့မေတ္တာတွေကိုရော

ဥပေက္ခါထားနေရတာတန်အောင် ကြိုးစားနေသလား?ဘဝဆိုတာလိုက်ရင်းပြေးရင်းနဲ့ပဲအချိန်ကုန်နေမလား?မေတ္တာအစစ်တွေကရောအချိန်ပေးလို့မရအောင်အရေးမပါတော့ဘူးလားပေါ့?

တကယ်လို့ခဗျားသာအိမ်မှာနေခွင့်ရနေတုန်းဆိုအိမ်ရဲ့တန်ဖိုးကို ပြည့်ပြည့်၀၀တန်ဖိုးထားပါ။ထွက်သွားပြီးရင်နောင်တမရအောင်ပေါ့။(အထူးသဖြင့် ကျတော့်လိုမဖြစ်အောင်ပေါ့june 11,2020#ပုထုဇဉ် credit

LEAVE A REPLY

Please enter your comment!
Please enter your name here