သင်ရွေးချယ်လိုက်တဲ့ ကောင်မလေးတစ်ယောက်ကသင့်ရဲ့အကြောင်းကို ပြောပြပါလိမ့်မယ်လူတွေရဲ့ပင်ကိုယ်စရိုက်နဲ့ ထူးခြားတဲ့အမူအကျင့်တွေဟာ အမြဲတည်ငြိမ်မနေဘဲ ပြောင်းလဲတတ်ကြပါတယ်။ဒါပေမယ့်လည်း သေးသေးမွှားမွှားအရာလေးတွေကနေတောင် သင်ဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ ဖော်ပြနိုင်ပါတယ်
အလှအပစံနှုန်း သတ်မှတ်ချက်တွေမပါဘဲ ပုံမှာဖော်ပြထားတဲ့ အမျိုးသမီး ၅ ယောက်က သင့်ဘက်ကို လှည့်လာခဲ့မယ်ဆိုရင် ဘယ်သူက ဆွဲဆောင်မှုအရှိဆုံး ဖြစ်မလဲဆိုတာ စိတ်ကူးယဉ်ကြည့်ပြီး သင့်ရဲ့ခံစားချက်နဲ့ ရွေးချယ်ကြည့်လိုက်ပါ။သင့်ရဲ့ရွေးချယ်မှုကနေ သင့်ရဲ့ စိတ်နေစိတ်ထား ပင်ကိုယ်စရိုက် ဘယ်လိုရှိလဲဆိုတာ ပြောပြပေးမှာပဲဖြစ်ပါတယ်
Girl 1နံပါတ်တစ်မိန်းကလေးကို သင်က ဆွဲဆောင်မှုအရှိဆုံးလို့ ရွေးချယ်ခဲ့မယ်ဆိုရင် သင်ဟာ တည်ငြိမ်ပြီးတော့ ကိုယ့်ကိုကိုယုံကြည်မှုအပြည့်ရှိတဲ့ လူတစ်ယောက်ပါ။သင်ဟာ ဘယ်အတားအဆီးအနှောက်ယှက်တွေကိုမှ ကြောက်ရွံ့မှုမရှိသလို ဖြစ်လာတဲ့ အခက်အခဲမှန်သမျှကိုလည်း ဖြေရှင်းဖို့အသင့်ရှိသူတစ်ယောက်ပါ။နောက်ပြီး
သင်ဟာဘယ်အရာကိုမဆို ရဲရဲ ရင့်ရင့်ရင်ဆိုင်ကာ စိတ်အားထက်သန်စွာ လုပ်ဆောင်တတ်ပါသေးတယ်။ သင်ရဲ့ပန်းတိုင်ရောက်အောင် လွယ်လွယ်နဲ့အရှုံးမပေးဘဲ စိတ်ရှည်ရှည်နဲ့ လုပ်ဆောင်တတ်သလို လိုချင်တဲ့အရာတွေကိုလည်း မရရအောင် ယူဆောင်တတ်ပါတယ်။ သင်ဟာ အရှက်အကြောက်ကြီးတဲ့ လူတစ်ယောက်လည်းမဟုတ်သလို တိကျပြတ်သားစွာလည်းလုပ်ဆောင်တတ်သူပါ
Girl 2နံပါတ် ၂ အမျိုးသမီးကို သင်ရွေးချယ်မယ်ဆိုပါက သင်ရဲ့စိတ်နေစိတ်ထားကတော့ လူပေါင်းဆံ့တဲ့ လူတစ်ယောက်ပဲဖြစ်ပါတယ်။ မည်သူနဲ့မဆို အလျင်အမြန်မိတ်ဆွေဖွဲ့တတ်ကာ ဆက်ဆံရေးလည်း အရမ်းဖော်ရွေပါတယ်။ သင့်ရဲ့အောင်မြင်မှုကိုလည်း ဘယ်လိုလျောက်လှမ်းရမလဲဆိုတာ သိတဲ့သူတစ်ယောက်ပါ
သင့်ရဲ့စိတ်ထဲမှာ ဝမ်းနည်းမှုတွေ ဖြစ်နေရင်တောင်မှ ပတ်ဝန်းကျင်က လူတွေကိုတော့ အမြဲပြုံးပြနေတတ်ပါတယ်။ သင်ဟာ အမြဲမှန်ကန်အောင်နေတတ်သလို မကောင်းတဲ့ အရာတွေကိုလည်း စိတ်ထဲမှာသိမ်းထားမတတ်သူတစ်ဦးပါ။ ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ သင့်ကို သာမန်မကောင်းပြောဆိုမှု တစ်ခုလေးကနေပဲ သင့်ရဲ့စိတ်ကို ထိခိုက်စေနိုင်ပါတယ်
Girl 3နံပါတ် ၃ မိန်းကလေးကို သင်ရွေးချယ်ပါက သင်ဟာ ရိုးရိုးယဉ်ယဉ် နေတတ်ကာ ရှက်တတ်တဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။ သင်ဟာ အခြားသူတွေနဲ့ ချက်ချင်းမခင်မင်တတ်ပေမယ့် အချိန်အတိုင်းအတာတစ်ခုရောက်မှ ခင်မင်တတ်သူပါ။ သင်ဟာအရာအားလုံးကို ဖြစ်ကတတ်ဆန်း လုပ်တတ်သူမဟုတ်ဘဲ အစီစဉ်တကျ လုပ်ဆောင်တတ်သူ
တစ်ယောက်ပါ။ သင်ဟာ ကြင်နာတတ်ကာ သဘောထားကွဲလွဲ ခြင်းလည်းမရှိသလို အငြိုးအတေးလည်း မကြီးပါဘူး။ သင်ဟာ အလွန်ခံစားတတ်သူတစ်ဦးလည်းဖြစ်ကာ သူများရဲ့ ခံစားချက်တွေကိုလည်း နားလည်ပေးသလို သူများနဲ့ထပ်တူ ဝင်ရောက်ခံစားပေးတတ်သူလည်းဖြစ်ပါတယ်
သင့်အတွက်အဆင်မပြေရင်တောင် အခြားသူပျော်ရွှင်ဖို့အတွက်ဆိုရင် ဦးစားပေးတတ်သူပါ။ ဒါပေမယ့် သင့်ကိုယ်သင် ဂရုစိုက်ဖို့အတွက်လည်း အရေးကြီးတဲ့အတွက် တစ်ခါတစ်ရံမှာ တစ်ယောက်တည်းနေတာက သင့်အတွက်အကောင်းဆုံးဖြစ်မှာပါ
Girl 4နံပါတ် ၄ မိန်းကလေးကို ရွေးချယ်လိုက်တဲ့ သင့်ရဲ့ စိတ်နေစိတ်ထားကတော့ သင်ဟာ အလွန်ကို သမာဓိရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ သင်ဟာ လွယ်လွယ်နဲ့စိတ်ရှုပ်ထွေးတတ်သူ မဟုတ်ပါ။ ပြီးတော့ သင်ဟာခံစားချက်ထက်ကို ဖြစ်သင့်တာကို ဦးစားပေးတဲ့လူတစ်ယောက်ပါ
သင်ရဲ့အောင်မြင်မှုပန်းတိုင်အပေါ်မှာလည်းယုံကြည်မှု ရှိသလို အခက်အခဲမှန်သမျှကိုလည်း မကြောက်မရွံ့ကျော်လွှားတတ်သူပါ။ သင်ရဲ့နေထိုင်နေရတဲ့ ဘဝကို အမြဲဂုဏ်ယူနေသလို မာနအနည်းငယ်ရှိတဲ့ လူလည်းဖြစ်ပါတယ်။ အရာအားလုံးခြုံကြည့်မယ်ဆိုရင်တော့ သင်ဟာ လူကြီးလူကောင်းဆန်ကာ စမတ်ကျတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်
သင့်၏ ရည်မှန်းချက်ပန်းတိုင် ရောက်ဖို့အတွက်တောင်မှ အခြားသူတွေကို နင်းခြေပြီး မသွားတတ်ပါ။ အခြားသူတွေအမြင်မှာ သင်ဟာ ပေါင်းသင်းရခက်တဲ့သူ လို့ထင်ရပေမယ့် တကယ်တမ်းမှာတော့ ပေါင်းသင်းရလွယ်ကူပြီး လိုအပ်သူများကို ကူညီရန် အဆင်သင့်ရှိနေသူ တစ်ဦးပါ
Girl 5နံပါတ် ၅ အမျိုးသမီး ကို ရွေးချယ်လိုက်တဲ့ သင့်စိတ်နေစိတ်ထားကတော့ သင်ဟာ အမှီအခိုကင်းကာဇွဲလုံလကြီးတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။ သင်ရဲ့ အောင်မြင်မှုလမ်းကြောင်းအတွက် မဆုတ်မနစ်ကြိုးစားတတ်သူပါ။ သင်ဟာ မိမိကိုယ်မိမိ ယုံကြည်မှုရှိပြီး
အမှီခိုကင်းသူတစ်ယောက်ဖြစ်တဲ့အတွက် အခြားသူတွေရဲ့အကူအညီကို လက်ခံခဲပါတယ်။ သင့်ကို အခြားသူတွေက လွယ်လွယ်နဲ့သိမ်းသွင်းစည်းရုံးလို့ မရသူပါ။ သူစိမ်းတွေကို လွယ်လွယ်နဲ့မတွေ့ဆုံ အချိန်မပေးတတ်သူတစ်ယောက်ပါ။ ဒါပေမယ့်
သင်ကိုယုံကြည်နားလည်ပေးနိုင်တဲ့သူနဲ့တော့ သူငယ်ချင်းအစစ်အမှန် ဖြစ်လာနိုင်ပါတယ်သင် ဘယ်မိန်းကလေးကို ရွေးချယ်ခဲ့ပါသလဲ ? သင် ရွေးချယ်ခဲ့တဲ့နံပါတ်က သင့်ရဲ့ပင်ကိုယ်စရိုက်နဲ့ရော ကိုက်ညီမှုရှိခဲ့ရဲ့လားဆိုတာ မှတ်ချက်လေးပေးခဲ့ပါဦးcredit