” သင်စိတ်ညစ်တဲ့အခါ ဒီစာလေးကိုဖတ်ပါ ”မာနတွေ သိပ်မထားပါနဲ့ မထားသင့်တဲ့ မာန်မာနကသင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။လူတွေကိုအပြုံးနဲ့ စတင်နှုတ်ဆက်ဖို့ဘယ်တော့မှ ဝန်မလေးပါနဲ့။
အပြုံးတွေက တစ်ဖက်လူကို ပျော်ရွှင်စေသလိုကိုယ်တိုင်လည်း ပီတိ ဖြစ်စေတယ်။လူတိုင်းမှာ ဝမ်းနည်းစရာဆိုတာအမြဲရှိပြီးသားပါ သင်တစ်ယောက်တည်းမပျော်ရွှင်ပဲ ဝမ်းနည်းနေရတာ မဟုတ်ဘူး။ဘဝဆိုတာ
ဒင်္ဂါပြား တစ်ခုလိုပဲမျက်နှာပြင်နှစ်ဖက် ခေါင်းနဲ့ ပန်းလိုပါပဲအဆိုးတွေပြီးရင် အကောင်းဆုံးတွေတစ်ကျော့ပြန်လှည့်လာမှာပါ။ဖြေရှင်းလို့ရတာတွေ ဆက်ဖြေရှင်းပါ။ဖြေရှင်းလို့မရတာတွေ ပစ်သာထားလိုက်ပါ
အချိန်တစ်ခုကြာတော့လည်းအပြောင်းအလဲတွေနဲ့ သင်ကံကြမ္မာတစ်ခါပြန်ကံကောင်းလာမှာပါ။အရေးကြီးတာကဘယ်အရာတွေကိုပဲဖြစ်ဖြစ်ရင်ဆိုင်ရဲတဲ့စိတ်နဲ့ ရင်ဆိုင်ချင်စိတ်လေးရှိဖို့ပဲ လိုတယ်။
တစ်စုံတစ်ယောက်ဆီက မျှော်လင့်ချက်တွေထင်သလို ဖြစ်မလာတဲ့ အခါမျှော်လင့်ချက်တွေကို လျှော့ချပစ်ပါ။အကြိမ်များစွာ သင် မျှော်လင့်သလိုမတုန့်ပြန်တဲ့သူဟာ သင့်လိုချင်တဲ့အရာသူ့မပေးနိုင်ဘူးဆိုတာ
သင်နားလည်ထားဖို့လိုတယ်။သင့်ကို မနာလိုသူမလိုလားအပ်သူ၊သင့်ကို စွန့်ခွာသွားသူတွေကို မမုန်းတီးပါနဲ့။မတ်ေတာသာ ထားလိုကျပါ။မေတ္တာဆိုတာ ကျယ်ပြန်တတ်သလို့ရောင်ပြန်ဟပ်စေပါတယ်။
သင့်မျှော်လင့်ထားတဲ့သူဆီက မေတ္တာမရလဲအခြားလူတွေဆီက ချစ်ခြင်းမေတ္တာတွေအပြည့်အဝ ရနိုင်ပါသေးတယ်။သင့်ကိုဂရုစိုက်တဲ့သူအလေးထားသူတွေကိုပဲတတ်နိုင်သလောက် မမေ့လျော့ပါနဲ့သူတို့ရဲ့တန်ဖိုးထားမှု
ကိုအသိအမှတ်ပြုပြီး တုန့်ပြန်ပါ။ဘာလို့လဲဆိုတော့သူတို့က ကိုယ့်ရဲ့အသက်ရှင်ရပ်တည်မှုကိုပိုပြီး အဓိပ္ပါယ်ရှိအောင်လုပ်ပေးတဲ့ သူတွေမို့ပါ။ဖြစ်ချင်တာတွေ တစ်ထပ်ချင်းဖြစ်အောင်ဖြည်းဖြည်းချင်း လုပ်ယူပါ။
အရမျးကွီးဆန်ဒ သိပျေစောပါနဲ့။ဒီနေ့မဖြစ်လဲ နောက်နေ့ရှိသေးတာပဲနေ့တိုင်းအကျိုးရှိစွာလုပ်ဆောင်နေဖို့သာအဓိကပါ။နေ့ရက်တိုင်းကစပြီး ဒီနေ့ထိ သင့်စိတ်ညစ်နေရင်ပျော်ရွှင်စရာလေးတစ်ခုခုတော့ ရှာဖွေပါ။
ဥပမာ ဟာသ (Video) ရီမောစရာ ကာတွန်းလေးတွေရီစရာပြောတတ်သောသူငယ်ချင်းတွေ အစရှိသဖြင့်ပြုံးရီစရာလေးတွေနဲ့ အာရုံပြောင်းနိုင်အောင် ကြိုးစားပါ။လူသားတိုင်း မပျော်ပဲ ပြုံးနေရတဲ့ဘဝဆိုတာ
အမြဲရှိပြီးသာပါ။တချို့လူတွေ ပျော်ရွှင်နေရတယ်ဆိုတာစိတ်ညစ်စရာ လုံးဝမရှိလို့ မဟုတ်ဘူး။သူတို့ကိုယ်တိုင်ကပျော်ပျော်နေတတ်လို့ပါ။ပြီးတော့ ပျော်ရွှင်ခြင်းဆိုတာသင့်ကိုယ်တိုင် ဖန်းတီးယူရတာပါ
ကိုယ့်ကိုယ်ကို ကံအဆိုးဆုံးလို့ ဘယ်တော့မှမတွေးပါနဲ့သင့်ဘဝ ဘယ်လောက်ဆိုးရွာပါစေကိုယ့်ထက်ဆိုးရွားတဲ့လူတွေ ကိုယ့်ထက်ကံဆိုးတဲ့သူတွေဒီကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။အတွေးလေးတစ်ခု နှင့်သာ
ပြောင်းလဲတွေးခေါ်တတ်ဖို့ပဲ လိုပါတယ်။နောက်ဆုံး တစ်ခုကတော့ကံဆိုတာအလုပျ အလုပျဆိုတာ ကံပါ။ဆိုးတာတွေ လုပ်နေရင် အဆိုးတွေချည်းပဲကြုံတွေ့နေရမှာပါ။
ဒါကြောင့် သင်အမြဲကောင်းတာတွေလုပ်ကိုင် ကြံစည်လုပ်ကိုင်နေရင်တနေ့တော့ သင်အမြဲကံကောင်းလာမှာ ဧကန်မုချမလွဲပါပဲဥိးသီ