မီတာခတွေလိုတာထက်ပိုမဆောင်ရစေဖို့ပြုလုပ်ပေးသင့်တဲ့အရာများမီတာခတွေ အများကြီးဆောင်နေရလို့စိတ်ညစ်နေတဲ့သူတွေရှိပါတယ်ကိုယ်သုံးတာထက်ပိုပြီးမီတာခဆောင်နေရတယ်လို့သံသယရှိနေရတာကလည်းတကယ့်ကိုစိတ်ညစ်

စရာကောင်းလှပါတယ်ဒီအတွက်မီတာခတွေမှန်မှန်ကန်ကန်ကျခံဖို့သင့်ဘက်ကနေဒီအချက်တွေကို ပြုလုပ်ပေးရင်တော့ စိတ်ချမ်းသာမှုတွေရလာမှာပါနော်(၁)လျှပ်စစ်ပစ္စည်းတွေကိုစစ်ဆေးပါမီတာခအတွက်စိတ်ပူရင်ကိုယ်သုံးတဲ့လျှပ်စစ်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ပစ္စည်းတွေအကြောင်းကိုသိဖို့လိုပါတယ်မီးအားဆွဲတဲ့လျှပ်စစ်ပစ္စည်းတွေလည်းရှိတတ်လို့ဒါတွေကိုသတိပြုထားဖို့လိုပါတယ်မီးချောင်းတွေက ဘယ်လောက်ပဲမီတာတက်စေတယ်ဆိုတာအပြင် ရေခဲသေတ္တာ၊အဲကွန်းစတဲ့ မီးအားဆွဲ

လွန်းတဲ့ပစ္စည်းတွေအသုံးပြုတဲ့အခါလည်းမီတာခများနိုင်တာကိုသတိပြုသင့်ပါတယ်။(၂)အသုံးပြုတဲ့အကြိမ်ရေကိုသတိပြုပါတစ်ခါတစ်လေကျကိုယ်သုံးတဲ့ပမာဏကို မေ့ပြီးမီတာခများနေတယ်လို့ထင်မိတတ်ပါသေးတယ်မီတာခ

မှန်မှန်ကျသင့်ဖို့ဆိုကိုယ်သုံးတဲ့အရာတွေကိုမှတ်သားထားတာကအကောင်းဆုံးပါမီးချောင်းဘယ်နှစ်ချောင်းသုံးတယ်ရေခဲသေတ္တာ၊အဲကွန်းစတဲ့မီးအားဆွဲတဲ့အရာတွေရဲ့အသုံးပြုချိန်အပြင် ရေမော်တာသုံးတဲ့အကြိမ်အရေအတွက်နဲ့မီးပူ

တီဗီသုံးတဲ့ကြာချိန်တွေကိုဂရုတစိုက်ကြည့်တာကလည်းသင့်မီတာခမှန်၊မမှန်ကို စစ်ဆေးလို့ရပါတယ်(၃)မီတာစာရင်းတွေကိုလတိုင်းကြည့်ပါအိမ်မှာသုံးနေကျအရာတွေကိုမှတ်ထားပြီးရင်လုပ်ရမှာကလတိုင်းမီတာကွာခြားချက်ကို

စစ်ဆေးကြည့်ပါပုံမှန်သုံးနေရက်နဲ့မီတာခတွေတိုးကျနေသလားဆိုတာကိုမီတာစာရွက်ကိုကြည့်ရင်သိနိုင်သလိုတကယ်ပဲမီတာတွေပိုသုံးမိသလားဆိုတာကိုမီတာဘုံးကိုကိုယ်တိုင်လစဉ်စစ်ဆေးကြည့်ခြင်းဖြင့်မီတာကုန်ကျစရိတ်ကို

တွက်ချက်နိုင်ပါတယ်(၄) ပြောပါအကယ်၍မီတာခတွေကမီတာဘုံးနဲ့စာရွက်မှာ ကွဲလွဲမှုရှိလို့သင့်မှာအပိုကုန်ကျငွေတွေရှိလာရင်တော့မီတာဌာနကိုသွားပါဒီအကြောင်းကို ဆွေးနွေးပါ။ဒါဆိုသင့်မီတာစာရင်းကို နောက်လတွေမှာပြန်ပြီးတိကျဖို့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အခွင့်အလမ်းများပါတယ်(၅)မှတ်တမ်းတင်ထားပါမီတာခတွေအလွဲအချော်တွေဖြစ်ပြီဆိုမီတာဌာနနဲ့စကားပြောစရာတွေရှိလာမှာပါဒါကြောင့်သင့်မီတာဘုံးတွေကိုလစဉ်နဲ့ဓာတ်ပုံမှတ်တမ်းတင်ထားဖို့ လိုအပ်ပြီးမီတာစာရွက်တွေနဲ့တိုက်ကြည့်တာမျိုးလုပ်ပါဒါမှသာသင့်အတွက် ဆုံးရှုံးမှုတွေမရှိမှာဖြစ်ပါတယ်