မာလကာရွက်ကိုအသုံးပြုပြီးဆံပင်ဖြူတာတွေနက်အောင်လုပ်နည်းမဂ်လာပါပရိတ်သတ်ကြီးရေအခုပြောပြ ပေးချင်တာကတောဆံပင်ဖြူ နေတာကိုပြန်နက်ပြီး နက်မှောင်သောဆံပင်ရဖို့နဲ့၊ဆံပင်ပါးနေတာတွေကိုထူလာစေဖို့မာလကာရွက်

ကိုအသုံးပြုနည်း လေးအကြောင်းတင်ပြလိုက်ပါတယ်ဆံပင်ဟာလူတစ်ယောက်ရဲ့ဒုတိယမျက်နှာ ဖြစ်လို့ဆံပင်ကိုအင်မတန်မှဂရုစိုက်သင့်ပါတယ်ဆိုရိုးစကားအရမိန်းမတို့ဘုန်းဆံထုံးလို့လဲဆိုရိုးစကားရှိကြပါတယ်

မိန်းကလေးတွေအတွက်ဆံပင်ဟာအလွန်အရေးပါလှပါတယ်အဘယ်ကြောင့် ဆိုသော်ဆံပင်ရှည် သောမိန်းကလေးကမိန်းကလေးချင်းပင်လျှင်အားကြရုံသာမကယောက်ျားလေးများကလဲဆံပင်ကောင်းတဲ့မိန်းကလေးကို နှစ်လိုဖွယ်

ရှိကြပါတယ်မိန်းမကလေးများသာမက ယောက်ျားလေများဟာလည်းဆံပင်အုံထူဖို့အရမ်းလိုအပ်ပါတယ်ယောက်ျားလေးတစ်ယောက်ဟာဆံပင်ပါးပြီး ထိပ်ပျောင်နေရင်ကြည့်ရတာအဆင်မပြေသလိုကိုယ့်ကိုယ်လည်းအားမရကြပါဘူး

အသက်မကြီးသေးပဲဆံပင် ဖြူနေတာကြီးကလည်းသိပ်သဘာဝမကျဘူးလို့ထင်ပါတယ်ဒါကြောင့်မိန်းကလေးယောက်ျားလေး နှစ်မျိုးစလုံးသုံးရတာ လွယ်ကူစေမဲ့သဘာဝနည်းလမ်း ကောင်းတစ်လက်ကိုဖော်ပြရချင်းဖြစ်ပါတယ်

ပထမဆုံးအနေနဲ့မိမိလိုအပ်သလောက်မလကာရွက်ကိုခူးယူပါဥပမာအရွက်၁၅ရွက် လောက်ဖြစ်ဖြစ်ယူပါပြီးရင်ကပ်ကြေးဖြင့်ညှပ်ပေးပါအားလုံးညှပ်ပေးပြီး ပါကမာလကာရွက်ကိုအရည်ရ အောင်ပြုလုပ်ပါဥပမာ ဖျော်စက်နဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ကြိပ်တာ ဖြစ်ဖြစ် ထောင်းတာ ဖြစ်ဖြစ်ထိုသို့ ပြုလုပ်ပါထိုသို့ပြုလုပ်ပြီး ပါက ပုံမှာ ပြထားသည့်အတိုင်းအရည်ရအောင်လုပ်ပြီးပါကစစ်ခပ်လို့ရမဲ့ဇကာတစ်ခုဖြင့် စစ်ပါ ထိုသို့ စစ်ပြီးအရည်များရရှိလာပါကဆံပင်သို့လိမ်းပါတစ်နာရီ

လောက်ကြာအောင်ထားပြီး ခေါင်းကို လျော်ချပစ်ပါ။ထိုသို့တစ်ပတ်ကိုသုံးကြိမ် လောက်လုပ်ပေးခြင်း အားဖြင့်ဆံပင်ဖြူ နေတာ တွေကို ပြန်နက်စေပြီးဆံပင်ကိုအားဖြည့် ပေးစေ ပါတယ်ဆံပင်ကိုလည်းနက်မှောင် ရှည်လျှားလာ

စေပါတယ်ဒါကြောင့်တစ်ပတ်ကိုသုံးခါလောက်လုပ်ပေးဖို့လုပ်အပ်ပါတယ်ထိုသို့လုပ်ပေးခြင်းအားဖြင့်သင်ရဲ့ဆံပင်ကိုပိုထူအုံလာစေပြီးအားလုံးရဲ့ဂရုစိုက်ခြင်းကိုခံရပါလိမ့်မယ်ဆံပင်ရှည်နေတဲ့မိန်းကလေးကလူတိုင်းရဲ့ငေးမောခြင်း

ခံရသလိုဆံပင်သန်တဲ့ ယောက်ျားလေး ကလဲ၊တစ်မျိုးလှနေကြတာသဘာဝပါဒါကြောင့်ဒီနည်းလေးကိုဖော်ပြ ပေးလိုက်ရခြင်း ဖြစ်ပါတယ်။ခုလိုဖတ်ရှု့ပေးတဲ့ပရိတ်သတ်ကြီး

လည်းကျန်းမာချမ်းသာမှု့တွေကိုပိုင်ဆိုင်နိုင်ကျပါစေလို့ဆုမွန်ကောင်း တောင်း ပေးလိုက်ပါတယ်မူရင်းရေးသားသူ နှင့်ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။