၂လအတွင်းဆံပင်(၅)လက်မအထိအရှည်မြန်လာစေမယ့်ဆံပင်ထိန်းသိမ်းနည်းသင်က၂လအတွင်းဆံပင်ကိုနဂိုထက်ပိုမြန်ချင်တယ်ဆိုရင်တော့ဒီအကြောင်းအရာက သင့်အတွက်ပါပဲဆံပင်ကအရှည်မြန်ဖို့အချိန်ယူရပါတယ်

လုံလောက်တဲ့အာဟာရစားသောက်မှုပုံစံနဲ့ဆံပင်ကိုဂရုစိုက်ပေးမှဆံပင်အရှည်မြန်မှာပါသင်ကဆံသားဂရုစိုက်မှုနဲ့ဆံပင်ပိုရှည်ချင်တယ်ဆိုရင်တော့ဒီနည်းလမ်းကိုအသုံးပြုနိုင်ပါတယ်ဒီနည်းလမ်းအတွက်ပါဝင်ပစ္စည်း(၂)မျိုးပဲလိုအပ်ပါတယ်

လိုအပ်တဲ့ပစ္စည်းတွေကတော့ဆန်ဆေးရည်လိမ္မော်သီးအခွံပြုလုပ်ပုံကတော့ဆန်ကိုအညစ်ကြေးတွေပါသွားအောင် ရေဆေးပေးရပါမယ်။နှစ်ခါဝန်းကျင်လောက် ဆေးပြီးနောက်လိုအပ်တဲ့ပမာဏတစ်ခွက်စာကိုစစ်ထုတ်ပေးရပါမယ်

ဆန်ဆေးရည်ကိုအကြည်ပုံစံရသွားတဲ့အထိပိုမဆေးသင့်ပါဘူးအဖြူရောင်ဆန်ရည်ထွက်သင့်ပါတယ်။ပြီးနောက်မှာတော့လိမ္မော်သီးတစ်လုံးအခွံကိုဆန်ဆေးရည်ထဲထည့်ပေးရပါမယ်။ဒီနှစ်မျိုးကိုအလုံပိတ်ခွက်ထဲထည့်ပေးရပါမယ်၁၂နာရီကြာအချဉ်ဖောက်ပေးရပါမယ

ပြီးနောက်မှာတော့အသုံးမပြုခင်အချိန်တိုင်း ရေခဲသေတ္တာထဲထည့်ထားရပါမယ်။ ကိုယ်သုံးမယ့်အချိန်မှအပြင်ထုတ်သုံးသင့်ပါတယ်။သုံးတဲ့အချိန်ဦးရေပြားနဲ့ဆံသားပေါ်လိမ်းပေးရပါမယ်ပြီးနောက်နာရီဝက်ခန့်ထားပြီး ခေါင်းလျှော်နိုင်ပါပြီ။ဒီနည်းလမ်းကိုပုံမှန်လုပ်ပေးရင်ဆံပင်အရှည် မြန်လာပါလိမ့်မယ်