ဆံပင်အရှည်မြန်စေတဲ့လျှိုဝှက်ချက်နည်းလမ်းများသင့်ရဲ့ဆံကေသာတွေ ကျန်းမာသန်စွမ်းပြီး ပိုမိုရှည်လျားလာချင်တယ်ဆိုရင်တော့ ဒီအကြံပြုချက်လေးတွေကိုလိုက်နာသင့်ပါတယ် နေ့တိုင်းခေါင်းမလျှော်ပါနဲ့ဦးရေပြားခြောက်သွေ့မှုပြသနာကို ရှောင်ရှားချင်တယ်ဆိုရင်တော့ နေ့တိုင်းခေါင်းလျှော်တာကို ရှောင်ကြဉ်ပါ
နောက်ပြီးသင့်ဦးရေပြားအဆီပြန်နေပြီဆိုရင်တော့Dry Shampoo ကိုအသုံးပြုပါ ခေါင်းလျှော်တဲ့ အခါတိုင်းဦးရေပြားကို နှိပ်နယ်ပေးပါ ဒါဟာသင့်ဆံပင်အမြစ်တွေကတဆင့် သွေးလည်ပတ်မှုအားကောင်းစေပြီးဆံပင်ကိုလျင်မြန်စွာရှည်လျားစေပါတယ်
နောက်ဆပ်ပြာမြှုပ်နဲ့အသာအယာပွတ်ပြီးခပ်ဖွဖွကုတ်ပေးပါဆံပင်ဟာသူ့အလေးချိန်ရဲ့၄၅ရာခိုင်နှုန်းနဲ့ညီမျှတဲ့ရေကို စုပ်ယူနိုင်ပြီး၂ရာခိုင်နှုန်းပိုရှည်ကာ၂၀ရာခိုင်နှုန်းပိုကျယ်နေတဲ့အတွက်ရေစိုနေတဲ့အချိန်မှာ ပိုပြီးကျွတ်ဆတ်ပါတယ်
ဆံပင်အဖျားနှစ်ခွဖြစ်စေပြီးလိမ်ကွေးစေတဲ့အတွက်အလွန်နွေးသောရေနှင့်ခေါင်းလျှော်ခြင်းကိုရှောင်ကြဉ်ပါ ဆံသားတွေနူးညံ့ပျော့ပြောင်းစေဖို့ ရှန်ပူနဲ့ပျော့ဆေးကိုအမြဲတမ်းတွဲဖက်အသုံးပြုပါ ညင်သာစွာသုတ်ပေးပါ ရေစုပ်အားကောင်းပြီးနူးညံ့တဲ့တဘက်နဲ့သုတ်ပေးပါ
ပုံမှန် သုတ်နေကျ တဘက်နဲ့ အရှေ့အနောက် ပွတ်မသုတ်ပါနဲ့ ရေစိုနေတဲ့အခါ ဆံပင်ကပိုပြီးကျွတ်ဆတ်တတ်တဲ့အတွက် နားရွက်နားကနေပြီးဆံသားအဆုံးထိညင်သာစွာသုတ်ပေးရပါမယ် နောက်ပြီးခပ်ကျဲကျဲဘီးနဲ့ ရှင်းပေးပါ ဒါမှမဟုတ်ဆံပင်ဖြီးတဲ့ Brushနဲ့ဖြည်းညင်းစွာရှင်းပေးပါ
အပူပေးကိရိယာတွေကို သတိနဲ့အသုံးပြုပါဆံပင်အခြောက်ခံစက်ဆံပင်ဖြောင့်စက်ကောက်စက်အသုံးပြုတော့မယ်ဆိုရင်အပူဒဏ်ကာကွယ်တဲ့စပရေးအရင်ဆုံးဖြန်းသင့်ပါတယ်နောက်ပြီးဆံပင်လောင်ကျွမ်းခြင်းမှကာကွယ်ဖို့အတွက်အပူချိန်အနိမ့်ဆုံးနဲ့အသုံးပြုပါ
ဆံပင်ပုံသွင်းတဲ့အခါသဘာဝဆီ၊အစေ့အဆံနဲ့အမိုင်နိုအက် ဆစ်တို့လိုဆံပင်ကိုပျော့ပြောင်းပြီးဖြောင့်စင်းစေတဲ့ပါဝင်ပစ္စည်းတွေပါတဲ့ထုတ်ကုန်များကိုအသုံးပြုသင့်ပါတယ်တစ်ပတ်တစ်ကြိမ်ဆံပင်ပေါင်းပေးပါခေါင်းလျှော်ပြီးစမှာ
ဆံပင် ပေါင်းဆေးသုတ်ပြီးအစိုဓာတ်ထိန်းသိမ်းတဲ့ပစ္စည်းတွေဆံသားထဲစိမ့်ဝင်စေဖို့အတွက်ပူနွေးတဲ့တဘတ်နဲ့၁၀မိနစ်လောက် ပတ်ထားပါ ဆံပင်ပေါ်မှာလိမ်းထားတဲ့ပေါင်းဆေးတွေအားလုံးကိုရေနဲ့ပြောင်အောင်ဆေးချပါဆံပင်အဖျားလေးတွေတိပေးပါ
အဖျားနှစ်ခွစဖြစ်ပြီဆိုတာနဲ့တရွေ့ရွေ့နဲ့ဆံပင်အလယ်ပိုင်းအထိကိုတက်လာပါတော့မယ်ခြောက်သွေ့ပြီးကျွတ်ဆတ်နေတဲ့ဆံပင်အဖျားများကိုမကြာမကြာတိပေးခြင်းအားဖြင့်လအနည်းငယ်အတွင်ူကျန်းမာသန်စွမ်းတဲ့ဆံကေသာတွေ ပြန်လည်ရရှိလာမှာဖြစ်ပါတယ်