ဝါးကိုမှိုမတက်ပိုးမထိုးအောင်ပြုလုပ်နိုင်တဲ့နည်းလမ်းကောင်းများဝါးကိုမိုမတက်ပိုးမထိုးအောင်ဘယ်လိုလုပ်ရမလဲလို့မေးနေကြတဲ့မိတ်ဆွေများအတွက်ဗဟုသုတရစေရန်အလိုငှာလက်လမ်းမှီသလောက်နည်းလမ်းများကိုဝေမျှပေးလိုက်ပါတယ်
(၁)Boric Acid နှင့်Borax Powder ဖြင့်ဆေးစိမ်ခြင်းအများအခေါ်အဝေါ် လက်ချားအမူန့် Boric powderလက်ချားအမှုန့်နဲ့Borax acidလက်ချားအက်ဆစ်ကို၁ဆ နှင့်၁ဆခွဲ ရောပြီး၁ ပေါင်လျှင်ရေ၃ဂါလံ နှင့် ၅ရက်ခန့်စိမ်ခြင်းဖြင့်ဝါးများကို
မိုမတက်ပိုးမထိုးအောင်ကာကွယ်နိုင်ပါတယ်ဝါးအတွင်းရှိသကြားရည်သည် ရေထက်ပြစ်သည်ဝါးကိုကန်အတွင်းစိမ်ထားပါကသကြားရည်များထွက်ကာအချဉ်ပေါက်လာသည် နောက်ထပ်တဖန်စိမ်သောအခါအလျဉ်ရလာသောကြောင့်
လေးရက်ခန့်ကြာလျှင်အချဉ်ပေါက်လာသည်ပိုးများကြိုက်သောသကြားဓါတ်များကုန်၍ ပိုးမစားကြောင်းသိရသည်။ ငွေကြေးသက်သော်လည်း ကြာကြာထားပါကအပုတ်နံ့ထွက်လာ၍ ရေအနည်းငယ်ချန်ကာ ရေလှဲလယ်သင့်သည်
(၂)ပင်လယ်ရေတွင် စိမ်ပြီး နေလှမ်းအခြောက်ခံခြင်စီးဆင်းနေသော ရေတွင်သုံးပတ်မှတလအထိစိမ်ထားပါကသကြားရည်နေရာတွင် ရေအစားဝင်ရောက်သွားသည်ထိုကြောင့် ရေစိမ်ဝါးသည်ပိုးမစားကြောင်း တွေ့ရသည်ဝါးကိုရေစိမ်ပါ
ကအရောင်ပြောင်းလဲစေသည်ရူပနှင့်အားအင်ဆိုင်ရာများဆုံးရှူံးစေသာကြောင့်ခံနိုင်ရည်ကျဆင်းစေသည်(၃)ကြပ်တိုက်ခြင်ဝါးကိုကြပ်တိုက်ခြင်းဖြင့်လည်း ကြာရှည်ခံအောင် ပြုလုပ်နိုင်သည်မိုင်းတိုက်ခြင်းမီးရှို့ရန် မီးသွေးထင်းဂတ်(စ်)တို့ကိုအသုံးပြုနိုင်သည်
မီးလောင်စာကြောင့်ဝါးသည်သိပ်သည်းလာပြီးပိုးမွှားအန္တာရာယ်ကာကွယ်နိုင်သည်(၄)တန်ဆောင်မုန်းလ(သို့)ဒီရေကျချိန်တွင်ဝါးကိုရွေးချယ်ခုတ်ခြင်းဝါးသည်သဘာဝနှင့်ဆက်စပ်မူအလွန်ရှိသည်ဒီရေတက်လျှင်ဝါးပင်တွင်ရေများတက်ပြီး
ဒီရေကျချိန်တွင်ဝါးပင်အတွင်းတွင်ရေများကျသွာတတ်သည်လ၏ဆွဲငင်အားဖြင့်မြေကြီးအတွင်းမှအစာရည်ကဆွဲစုတ်ယူသည်လပြည့်ရက်တွင်ဝါးအဆစ်အတွင်းသကြားရည် ပြည့်နေတတ်သည်ထို့ကြောင့်လကွယ်ရက်(သို့)တန်ဆောင်မုန်းလ တွင်ဝါးခုတ်ပါကပိုးမွှားအန္တာရယ်သက်သာသည်
(၅) နေရောင်မရှိချိန်တွင်ဝါးကိုရွေးချယ်ခုတ်ခြင်းသစ်ပင်တို့၏သဘာဝသည်အစာချက်ရန်နေရောင်လိုအပ်သည်ဝါးပင်သည်လည်းအစာမချက်သော နေရောင်မရှိသောအချိန်တွင် ခုတ်ယူပါကပိုးစားသက်သာကြောင်းတွေ့ရသည်
(၆)အပင်တွင်အပြတ်မခုတ်ပဲအနည်းငယ်ချန်ကာအရွက်ကျမှသိမ်းခြင်ကိုယ်ပိုင်စိုက်ခင်းဖြစ်ပါကသက်တမ်းမှန်သောဝါးကိုရွေးချယ်ပါ အောက်ဆုံးအဆစ်မှတစ်လက်မလောက်ချန်ထား၍ ပြတ်မသွားအောင်ခုတ်ပါခုတ်စာထွက်သွေား
သောနေရာကိုသပ်ခုထားပြီးတခြားအပင်ကိုမှီထားပါ၂ပတ်၃ပတ်ကြာသောအခါသကြားရည်ထွက်သွားမည်ကျန်ရှိသောသကြားဓါတ်ကိုလည်းအရွက်များကအစာချက်၍သကြားဓါတ်နည်းသွားမည်ဝါးအတွင်းကျန်ရှိသော
သကြားရည်သည်လည်းအချဉ်ပေါက်ပြီးအယ်(လ်)ကိုဟောသို့ပြောင်းကာ ပိုးမွှားများမကြိုက်တော့ပါယခုနည်းသည်အကောင်းဆုံးဝါးခုတ်နည်း ဖြစ်ပါသည်အားလုံးအဆင်ပြေကြပါစေcredit ဆရာဝင်းဦးကျော်