ဒီလိုပစ္စည်းမျိုးတွေကို ရေခဲသေတ္တာထဲ လွယ်လွယ်မထည့်မိပါစေနဲ့အစားအစာတွေမကုန်ရင်ရေခဲသေတ္တာထဲလွယ်လွယ်ထည့်လေ့ရှိကြပါတယ်ရေခဲသေတ္တာတွေကအစားအစာတွေကိုတာရှည်ခံအောင်သိမ်းဆည်းပေးနိုင်တယ်ဆိုပေမယ့်တချို့
အစားအစာ တွေကတော့ရေခဲသေတ္တာထဲထည့်လိုက်တော့မှအရသာပျက်သွားတာမျိုး၊တခြားအစားအစာတွေရဲ့အနံ့အရသာကိုပါပျက်သွားစေတာမျိုးရှိတတ်ပါတယ်ရေခဲသေတ္တာထဲမသိမ်းဆည်းသင့်တဲ့အစားအစာတွေအကြောင်း
ဖော်ပြပေးလိုက်ပါတယ်ပေါင်မုန့်စားမကုန်တဲ့ ပေါင်မုန့်တွေကိုရေခဲသေတ္တာမှာထည့်သိမ်းပြီး နောက်မှစားမယ်ဆိုတဲ့စိတ်ကူးကို မေ့လိုက်ပါတော့အအေးခန်းထဲမှာထည့်ထားရင်ပေါင်မုန့်သားကပိုပြီးမာသွားပြီးမှိုတက်တာကလည်းပိုမြန်ပါတယ်
ဒါကြောင့် ပေါင်မုန့်တွေကို ခြောက်သွေ့ပြီးအေးမြတဲ့နေရာတွေမှာ ထားတာ အသင့်တော်ဆုံးပါပဲဖရဲသီးပူအိုက်နေတဲ့နေ့လည်ခင်းကြီးမှာဖရဲသီးကိုအအေးခန်းထဲမှာထည့်အရမ်းအေးသွားရင်ပြန်ထုတ်ပြီးအေးစိမ့်နေတဲ့ဖရဲသီးစိတ်ကိုကိုက်စားရ
တာကစည်းစိမ်တစ်ပါးပါပဲဒါပေမဲ့ဖရဲသီးစိတ်တွေကိုဒီအတိုင်းပဲ ရေခဲသေတ္တာထဲမှာထည့်လိုက်ရင်အသားတွေက ခြောက်သွေ့သွားပြီးအရည်သိပ်မရွမ်းတော့ပါဘူးဒါ့အပြင်ပလတ်စတစ်စပါးပါးလေးနဲ့ပတ်ပြီးရေခဲသေတ္တာထဲထည့်
ထားတာကဖရဲသီးသားရဲ့အရည်ရွှန်းပြီးနူးညံ့တဲ့အရသာကိုဆုံးရှုံးရပါလိမ့်မယ်ငှက်ပျောသီးငှက်ပျောသီးအစိမ်းကိုရေခဲသေတ္တာထဲကိုထည့်လိုက်ခြင်းကသင့်ကို smart မဖြစ်စေပါဘူးဒီလိုလုပ်လိုက်ရင်ငှက်ပျောသီးကမှည့်မလာတော့မဲ့
အပြင်အထဲကအာနိသင်တွေကပျက်သွားပါမယ်ဒါကြောင့်ငှက်ပျောသီးအမှည့်ကိုပဲrefrigerator ထဲထည့်သင့်ပါတယ်ထောပတ်သီးထောပတ်သီးအစိမ်းကို စားရတာကအရမ်းကို စိတ်ကုန်ဖို့ကောင်းပါတယ်အမြဲတမ်းလတ်ဆတ်
စေတဲ့ ရေခဲသေတ္တာထဲမှာရှိတဲ့ထောပတ်သီးအစိမ်းကတော့မှည့်ဖို့လမ်းမမြင်ပါဘူးအသီးမှည့်တာမြန်ဖို့အတွက်တော့ငှက်ပျောသီးနဲ့အတူတွဲထားပေးပါရေခဲသေတ္တာအပြင်ဘက်မှာနော်ခရမ်းချဉ်သီးခရမ်းချဉ်သီးတွေကိုလတ်ဆတ်နေဖို့ဆိုပြီး
ကျွန်တော်တို့တွေကရေခဲသေတ္တာထဲမှာ ထည့်တတ်ကြပါတယ်ဒါပေမဲ့ဒီလိုပ်လုပ်လိုက်ခြင်းဖြင့်အအေးဓာတ်ကခရမ်းချဉ်သီးရဲ့ အရသာနဲ့အတွင်းသားတွေကို ပျက်စီးစေတယ်ဆိုတာသိထားသင့်ပါတယ်စားလိုက်ရင်ရေလိုအရသာ
ခံစားရပြီးသိပ်ပြီးအသီးမမှည့်သေးသလို ဖြစ်နေတာပါကြာကြာထားလေအရသာပျောက်လေဆိုတော့ မြန်မြန်သာ ပြန်ထုတ်လိုက်ပါနော့်ကိတ်ကိတ်မုန့်တွေကတော့ရှင်းပါတယ်အေးခဲနေတဲ့ ကိတ်မုန့်တွေကပူပူနွေးနွလတ်လတ်ဆတ်ဆတ်
ကိတ်တွေလောက်အရသာမရှိပါဘူးရေခဲသေတ္တာထဲထည့်ထားချင်ရင်တော့ဘူးလေးနဲ့ထည့်တာကအသင့်တော်ဆုံးပါပဲပျားရည်ပျားရည်ရဲ့ချိုမြိန်တဲ့အရည်အသွေးကရေခဲသေတ္တာထဲမှာထားတာကြာသွားရင် အေးစက်မာကြောတဲ့ သကြားခဲ
လို ဖြစ်သွားမှာပါကော်ဖီကော်ဖီကို refrigeratorထဲထည့်လိုက်ရင် အဲဒီကော်ဖီက ရေခဲသေတ္တာထဲမှာ ရှိသမျှပစ္စည်းတွေရဲ့အနံကို စုပ်ယူသွားမှာဖြစ်တဲ့အတွက် အဖုံးသေချာပိတ်ဖို့တော့ လိုပါမယ်ယဒီနှစ်ခုကတော့အားလုံးသိတဲ့အတိုင်း
ခြောက်သွေ့တဲ့နေရာမှာထားတာအကောင်းဆုံးပါပဲကြက်သွန်နီ၊ဖြူတို့ကို ရေခဲသေတ္တာထဲမှာ ထည့်ထားရင်သူတို့ရဲ့အနံ့ကအခြားပစ္စည်းတွေပေါ်မှာ စွဲကျန်နေပါလိမ့်မယ်