မိုးသီးကြွေတတ်တဲ့အချိန်နဲ့မိုးသီးကြွေရခြင်းအကြောင်းရင်းမှန်မိုးသီး(Hail)များဟာ မိုးတိမ်တောင်များမှအများဆုံးကြွေကျတတ်ကြပါတယ်မိုးတိမ်တောင်ဆိုတာအခုလိုနွဦေးကာလမျိုးမှာအပူချိန်မြင့်မားခြင်းကြောင့်ဖြစ်ပေါ်လာရတဲ့တိမ်တိုက်ကြီးတွေဖြစ်ပါတယ်

အင်္ဂလိပ်လိုThunderstormsလို့ခေါ်ပါတယ်လေပူလေအေးတွေအထက်အောက်စုန်ဆန်တိုက်ခတ်နေတဲ့တိမ်တိုက်ကြီးတစ်ခုပါပဲအပူဟာလေနဲ့ရေကိုပွစေပြီးအထက်သို့တက်စေပါတယ်အထက်သို့တက်သွားတဲ့လေနေရာကိုအေးသော

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

လေများကဝင်ရောက်နေရာယူပါတယ်လေပူတွေဟာအထက်သို့ဆန်တက်ပြီး လေအေးတွေကတော့ အောက်သို့စိုက်ဆင်းပါတယ်အထက်သို့ရောက်လာတဲ့လေနဲ့အတူ ရေခိုးရေငွေ့တွေဟာမိုးတိမ်တောင်ရဲ့အပေါ်ဖက်မှာရေခဲခြင်းတနည်းမိုးသီး

များဖြစ်လို့လာပါတယ်မိုးတိမ်တောင်ဖြစ်စဉ်မှာအပူချိန်အတက်အကျ ပြင်းထန်တဲ့အတွက် လေတိုက်ခတ်မှုလည်းအားကောင်းပါတယ်အဲဒီလေပြင်းများကြောင့် မိုးသီးများဟာ ကြွေကျဖို့အကြောင်းဖန်လာပါတော့တယ်ဒါပေမယ့်

မိုးတိမ်တောင်ထဲမှာ အောက်ကပင့်တဲ့ လေအားကလည်းရှိနေပြန်တော့မိုးသီးများဟာမကြွေကျပဲတိမ်တိုက်အထက်သို့ ပြန်ဆန်တက်ကြပြန်ပါတယ်အဲဒီအခါမှာတိမ်တိုက်ထဲက ရေတွေကိုထပ်မံပွတ်တိုက်မိပြီးရေခဲတွေထပ်မံပေါင်းစပ်

ဖြစ်ပေါ်လာပါတယ်အဲ့ဒါကြောင့်မိုးသီးတစ်လုံးကိုကြည့်လိုက်လျှင်ကြည်လင်ပြတ်သားတဲ့မူလရေခဲ(Glaze) နေတဲ့နေရာတွေကြားမှာပုံစံမမှန်တဲ့ ရေခဲသီး (Rime)လေးတွေကပ်နေတာကိုတွေ့ရမှာပါရေခဲတွေတဖြည်းဖြည်းစုကပ်ရင်း

အလေးချိန်များလာတဲ့အခါ(သို့မဟုတ်)အပေါ်ကိုဆန်တက်နေတဲ့ လေကြောင်းအားလျော့သွားတဲ့အခါမှာတော့မိုးသီးတွေဟာအခဲလိုက် မြေပေါ်သို့ကျရောက်လာပါတော့တယ်မိုးတိမ်တောင်ရာသီဥတုတွေ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အများဆုံးဖြစ်တတ်တဲ့ဧပြီလနဲ့မေလတို့မှာရံဖန်ရံခါမိုးသီးများကြွေကျခြင်းကိုကျနော်တို့ကြုံတွေ့ကြရပါတယ်အနာဂတ်ပညာရေးအတွက်သန့်ဦးအာကာသနှင့်စကြဝဠာသင်ထောကူ