ဧရာဝတီသားရဲ့မိသားစုတစ်နှစ်စာနဲ့လက်ဆောင်ပေးဖို့သဘာဝစစ်စစ် ရေချိုငံပြာရည်လေးတွေဒီနေ့စချပါပြီလုပ်နည်းလေးပါမျှဝေပါရစေ။ ရေချို ငံပြာရည်စစ်စစ်လုပ်နည်းလေးပါငါးပိငါးခြောက်ငံပြာရည်ငါးချဉ်လုပ်နည်း
တွေတင်ပေးပေမဲ့စိတ်ဝင်စားသူနည်းပါးကြောင်း တွေ့ရပါတယ်ဒါပေမဲ့ကျွန်တော်စိတ်မပျက်ပါဘူးဗဟုသုတယူတတ်သူရတာပေါ့ငါးခေါင်းငါးအသေးလေတွေငါးအကြီးဆိုဒ်စုံလုပ်လို့ရတယ် နေ့စဉ်ဝယ်ယူလာတဲ့ငါးပုစွန်တွေထဲက
အနည်းငယ်စီတစ်နေ့နည်းနည်းနဲ့ထည့်ပေးသွားမယ်ဆိုရင်လည်းသီးခြားငံပြာရည်လုပ်ဖို့ဝယ်နေစရာမလိုတော့ပဲအဆင်ပြေပါတယ့်အရင်ဆုံးထည့်မည့်အိုးစဉ့်အိုးအကြီးကအကောင်ဆုံထဲကိုဆားကငါးရဲ့သုံပုံပုံ နှစ်ပုံထည့်ရမယ်
အိုးကို နေရောင် ကောင်းကောင်းရမည့်နေရာမှာထားပါ ရေမဝင်ပါစေနဲ့မိုးရာသီဆိုရင်အပေါ်က ရေမဝင်အောင် သေချာအုပ်ထားပါအိုးထဲမှာ၆လ လောက် နှပ်ထားရပါမည်၆လလောက်ကြာတဲ့အခါထည့်ထားတဲ့ငါးတွေက
နူးအိသွားမှာပါဒါဆိုငံပြာရည်စပြီးလုပ်လို့ရပါပြီအရင်ဆုံးဆားရေကျိုပါခွက်စိတ်ဝင်အိုးတစ်လုံးစာအတွက် ရေ(၈)ဂါလံကိုဆား၂ပိဿာခွဲနဲ့ကြိုပြီး လောင်းရမှာပါကျိုထားတဲ့ဆားရေဖလားနဲ့ငါးခွက်နဲ့ နူးအိနေတဲ့ငါးရယ်ဆားရယ်က
သုံးခွက်နဲ့စပ်ပါပြီးရင်ငံပြာရည် တွေကျစေဖို့စင်လေးဆောက်ပါ(၂)တောင်အမြင့်ရှိတဲ့တိုင်လေးတိုင်ကိုတစ်တောင့်ထွာခွါပြီး လေးထောင့်ကျကျစိုက်ပါပြီးရင် ကြက်သွန်အိပ်အချိန်၂၀ဝင်အိပ်ကို(အိပ်အခွံ)တိုင်လေးတိုင်မှာခိုင်ခိုင်ချည်ပါချည်ထားတဲ့အိပ်အခွံ ပေါ် ကိုသူနဲ့အရွယ်တူပိတ်ဖြူအစကိုထပ်ပြီးခင်းပေးပါခင်းထားတဲ့
ပိတ်စအပေါ်ကို စောစောကစပ်ထားတဲ့ဟာကို လောင်းထည့်ထားပါပိတ်စနဲ့အိပ်ခွံ အောက်မှာကျလာမည့်ငံပြာရေခံဖို့ခွက်ကြီးကြီးထားပေးပါပြီးရင်အင်တုံထဲထည့် နေလှမ်းပါနေရောင်ကောင်းကောင်းနဲ့ လေးရက်လောက်လှမ်းရင် ငံပြာရည်ရပြီပေါ့NayLinhtun(ဧရာဝတီသား)