ပင်စိမ်းပင်ကိုအသုံးပြုနိုင်သည့်ဆေးနည်း(၁၀)ချက်မြန်မာနိုင်ငံအနှံအပြားတွင် သဘာဝအလျောက်ပေါက်ရောက်ပြီးအလွယ်တကူရှာဖွေတွေ့ရှိနိုင်သည့် ဆေးဖက်ဝင်အပင်တစ်မျိုးပြောပါဆိုလျှင်ပင်စိမ်းပင်ကိုပြောရမှာပါ။မျိုးစေ့မှ

တဆင့်စိုက်ပျိုးနိုင်ပြီ မြေသြဇာအထူးတလည်ထည့်စရာမလိုပေပင်စိမ်ပင်၏အရွက်နှင့်အစေ့ကို ဆေးဖက်ဝင်အနေနဲ့သုံးစွဲကြပါတယ်။ပင်စိမ်းပင်အမျိုးအစားအမျိုးမျိုးရှိပါတယ်အရသာကပူစပ်ပူစပ်အရသာနဲ့ပင်စိမ်းဖြူ၊ဟင်းစား

ပင်စိမ်းပင်စိမ်းနက်၊ပင်စိမ်းညိုပင်စိမ်းကြီးဗလရှင်ကင်ဟူ၍ပင်စိမ်းအမျိုးမျိုးရှိပါတယ်မြန်မာဆေးကျမ်းအဆိုအရပင်စိမ်းပင်သည်ပူတယ်။စပ်တယ်အနည်းငယ်ခါးတယ် လေသလိပ်ကိုနိုင်ပြီးဆီးကိုနိင်ပါတယ် လေကိုသက်စေပြီး

သွေးကိုတတ်စေနိုင်တယ်ရင်ကြပ်နာအစာမကြေ၊ချွဲကျပ်နာတို့ကိုနိုင်တယ်ချောင်းဆိုးနာပိုးနာထိုးကျင်သောအနာတွေကိုယူပစ်သလိုပျောက်ပါတယ်အစာကြေတယ်၊ ခံတွင်းကောင်းတယ်အနံ့ပျောက်တယ်အသံသာတယ်အသက်

ရှည်တယ်လို့သိရပါတယ်ပင်စိမ်းပင်ကိုသုံးခြင်းဖြင့် ပျောက်ကင်းနိုင်သော ရောဂါအချို့နှင့်ဆေးနည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်(၁)နားကိုက်ခြင်းပင်စိမ်းရွက်ကိုမီးအုံပြီးနားထဲသို့အရည်နှစ်စက်လောက်ကျအောင်ညှစ်ထည့်

ပေးပါ(၂)ကလေးကြောပူ ခေါင်းပူထခြင်းပင်စိမ်းရွက်နဲ့ကွမ်းရွက်ဆတူယူ၍ကျပ်ခိုးနှင့်နနွင်းမှုန့်အနည်းငယ်ဖြင့် ရောကြိတ်ပြီးတစ်ကိုယ်လုံးခပ်ပါးပါးလိမ်းပေးပါ(၃) ခေါင်းတခြမ်းကိုက်ခြင်းပင်စိမ်းရွက်သတ္တုရည်

လတ်လတ်ဆတ်ဆတ်ညှစ်ယူပြီးနားထင်နှင့်နဖူးတွင်လိမ်းပေးပါ(၄)ဆီးချုပ်၊ဆီးအောင့်၊အသည်းရောင်၊အသားဝါနှမ်းစေ့နှင့်ပင်စိမ်းစေ့ကိုဆတူကြိတ်ပြီးထန်းလျက်နှင့် ရောပြီးအလုံးလေးတွေလုံးထား၍ နေခြောက်လှန်းကာနံနက်-ည

တစ်လုံးစီသောက်ပေးပါရန်(၅)ငှက်ဖျားပင်စိမ်းလတ်လတ်ဆတ်ဆတ်လေးငါးရွက်လောက်ကိုငရုတ်ကောင်းစေ့အနက်သုံးစေ့တပတ်လျှင် နှစ်ကြိမ်မှန်မှန်သောက်ပေးပါ(၆)အရေပြားယားနာပင်စိမ်းရွက်ကိုသံပုရာရည်နှင့် ရောပြီး

ညက်နေအောင် ထောင်းပါထိုထောင်းပြီးသားအရွက်ဖြင့်ပွတ်တိုက်ပေးပါ။အုံပေးပါ(၇)အစာမကြေဝမ်းကိုက်ပင်စိမ်းရွက်ပြုတ်ရည်ကိုသောက်ပေးပါ၈လည်ချောင်းနာအသံဝင်ပင်စိမ်းစေ့ကိုရေစိမ့်ပြီးထိုရေကိုသောက်ပေးပါ၉

ဗိုက်ကြောပြတ်ခြင်းဗိုက်ကြောပြတ်၍ယားယံနေပါကပင်စိမ်းရွက်ခြောက်မှုန့်ဖြူးပြီးပွတ်သပ်ပေးပါ(၁၀)ဝက်ခြံ၊တင်းတိပ်ညှင်းအဖြူကွက်ပင်စိမ်းရွက်သတ္တုရည်ကိုလိမ်းပေးပါစသည့်အချက်မျာသည်ပင်စိမ်းပင်၏ကောင်းကျိုးအချို့သာဖြစ်ပါသည်အခြားကောင်းကျိုးများစွာရရှိနိုင်တဲ့ပင်စိမ်းပင်ကိုအသုံးတည့်၍ ရောဂါဘယကင်းဝေးနိုင်ကြပါစေ