ရာဇဝင်ထဲကထူးထူးခြားခြားမိန်းမသား(သို့)မင်းငါးဆက်တိုင်မိဖုရားမြှောက်ခြင်းခံခဲ့ရသူရှင်ဘို့မယ်ရှင်ဘို့မယ်လို့ဆိုလိုက်ရင်မင်းဆက်ငါးသွယ်ရှင်ဘို့မယ်နန်းလယ်တင့်သည်သာဆိုတဲ့စာချိုးအတိုင်းမင်းငါးဆက်တိုင်မိဖုရား

မြှောက်ခံခဲ့ရသူဖြစ်ကြောင့်ကြားဖူးကြမှာပါရှင်ဘို့မယ်ဟာမင်းကြီးစွာစော်ကဲရဲ့ မြေးတော်စပ်သူဖြစ်ပါတယ်ရှင်ဘို့မယ်နဲ့ပထမဆုံးလက်ဆက်ခဲ့သူကအင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ်ပွဲထဲကအင်းဝဘုရင်မင်းခေါင်ဖြစ်ပါတယ်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ဘုရင်မင်းခေါင်ဟာရှင်ဘို့မယ်ရဲ့ဦးလေးတော်သူ ဖြစ်ပါတယ်ဘုရင်မင်းခေါင်ကွယ်လွန်ပြီးနန်းတက်ခဲ့သူဆင်ဖြူရှင်သီဟသူကလည်းမိထွေးတော်ရှင်ဘို့မယ်ကို မိဖုရားထပ်မြှောက်ပြန်ပါတယ်။သီဟသူပြီးတဲ့နောက်မင်းလှငယ်

ကလေးကျေးတောင်ညိုမင်းနဲ့မိုးညှင်းသတိုးတို့ဟာရှင်ဘို့မယ်ကိုဆက်လက်ပြီးမိဖုရားမြှောက်ကြပြန်ပါတယ်ပထမဆုံးဘုရင်မင်းခေါင်နဲ့လက်ထပ်စဉ်ကရှင်ဘို့မယ်ဟာအသက်၁၇,၁၈နှစ်လောက်ပဲရှိပါသေးတယ်ဘုရင်မင်းခေါင်ဆိုတာကလည်းအဲဒီအချိန်က ရာဇာဓိရာဇ်နဲ့စစ်ပြိုင်နေသူပါ

ရာဇာဓိရာဇ်ကိုတိုက်ဖို့အောက်မြန်မာပြည်ကိုစစ်ချီတဲ့အခါမိဖုရား၊မင်းညီမင်သားတွေကိုပါလိုက်ပါစေပါတယ်အဲဒီစစ်ပွဲမှာဘုရင်မင်းခေါင်ရှုံးပြီးတပ်ဆုတ်ခဲ့ရပါတယ်အပြေးအလွှားဆုတ်တဲ့အချိန်မှာရှင်ဘို့မယ်ဟာဆင်ပေါ်ကပြုတ်ကျကျန်ခဲ့ပါတယ်

နောက်ကလည်းဟံသာဝတီတပ်တွေလိုက်တိုက်ခိုက်နေတာကြောင့်ရှင်ဘို့မယ်ဟာ ပုန်းအောင်နေခဲ့ပါတယ်အချိန်တော်တော်ကြာတဲ့အခါမှာ နောက်ဆုံးကနေ ဆုတ်လာတဲ့ဘုရင့်ဆင်တော်ရဲမြတ်စွာကို တွေ့တဲ့အခါအော်ဟစ်အကူအညီတောင်းပါတယ်။

ဒီအချိန်မှာပဲဆင်ပေါ်ကဆင်ကဲကငါတော့ဘေးရောက်ပြီမင်းသတိထားပလို့ဆင်ဦးစီးကိုပြောလိုက်ပါတယ်အကြောင်းကတော့မိဖုရားကိုမကယ်ခဲ့လို့ဘုရင်သိသွားရင်လည်းအသတ်ခံရမယ်ကယ်သွားပြန်ပါကလည်းလမ်းခရီးမှာမိဖုရားနဲ့မသင်္ကာဖြစ်ရင်လည်းအသတ်ခံရမှာပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ဆင်ကဲတို့ဟာရှင်ဘို့မယ်ကိုကယ်ခဲ့ပါတယ်လမ်းခရီးတစ်ဝက်မှာနားတဲ့အခါရှင်ဘို့မယ်ကိုလင့်စင်ပေါ်မှာအိပ်စေပြီးသူတို့ကတော့ အောက်မှာပဲအိပ်ပါတယ် ဘုရင်မင်းခေါင်ကတော့မိဖုရားတစ်ပါးရှင်မိနောက်အဖမ်းခံရတဲ့

သတင်းကိုကြားပြီးရှင်ဘို့မယ်အကြောင်းကိုမကြားရတဲ့အတွက် ခေါင်းမီးတောက်နေပါတယ်ရှင်ဘို့မယ်ကိုဆင်ကဲကယ်လာတာတွေ့တော့စစ်ဆေးမေးမြန်းပြီးယုံကြည်တဲ့အတွက်ဆင်ကဲတို့ကိုဆုတွေချီးမြှင့်လိုက်ပါတယ်ဒါပေမယ့်ဘုရင်မင်းခေါင်ဟာအူတိုတတ်သူဖြစ်လေတော့

မကြာခဏအဲဒီအကြောင်းကိုမေးပါတယ် မေးတိုင်းလည်းရှင်ဘို့မယ်က ဘာမှမဖြစ်တဲ့အကြောင်းဖြေပါတယ်တစ်နေ့ရှင်ဘို့မယ်ဟာဘုရင်နဲ့အတူထိုင်စဉ် ကွမ်းသီးညှပ်ရာမှာကွမ်းညှပ်ကလက်ကိုထိတဲ့အခါအိုဆင်ကဲကယ်ပါလို့ ယောင်မိတဲ့အခါချက်ချင်းပဲဆင်ကဲကိုသတ်စေခဲ့ပါတယ်

သက်ဦးစံပိုင်စနစ်အောက်မှာအပြစ်မရှိတဲ့ဆင်ကဲသေသွားရပါတယ်သူ့ကြောင့်ဆင်ကဲ သေရတယ်ဆိုပြီးရှင်ဘို့မယ်ဟာမြေပေါ်မှာဣန္ဒပျြေက်လောက်အောင်ကိုလူးလှိမ့်ပြီးငိုတယ်လို့ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းမှာ ရေးထားပါတယ်ဒီလိုနဲ့ရှင်ဘို့မယ်ဟာဘုရင်မင်းခေါင်ရဲ့

မိဖုရားအဖြစ်နှစ်ပေါင်း၂၀ကျော်နေခဲ့ပါတယ်မင်းခေါင်ကွယ်လွန်တဲ့အခါသီဟသူနန်းတက်ခဲ့ပြီးမိထွေးတော်ရှင်ဘို့မယ်ကိုမိဖုရားထပ်မြှောက်ပြန်ပါတယ်နန်းသက်၎နှစ်အရောက်မှာစစ်ပွဲအတွင်းကျဆုံးခဲ့ပါတယ်သီဟသူပြီးတဲ့နောက်မှသားတော်မင်းလှငယ်နန်းတက်ပါတယ်

မင်းလှငယ်ရဲ့အသက်က၉နှစ်သာရှိပါသေးတယ်မှူးမတ်တွေကနန်းတင်ပြီးဘုရင်လုပ်ခိုင်းတဲ့အတွက်ဘုရင်ဖြစ်ခဲ့ပြီးရှင်ဘို့မယ်ဟာထုံးစံအရမိဖုရားဖြစ်လာပါတယ်မင်းလှငယ်ဟာလည်းနန်းသက်၃လမှာပဲအဆိပ်မိပြီးကွယ်လွန်ခဲ့ပြန်ပါတယ်ရှင်ဘို့မယ်ဟာကလေးကျေးတောင်ညိုကို

ခေါ်ယူပြီးမင်းလှငယ်ကိုအဆိပ်ခတ်ခဲ့တယ်လို့ဆိုပါတယ်မင်းလှငယ်ရဲ့နောက်မှာတက်လာသူကတော့ကလေးကျေးတောင်ညိုဖြစ်ပါတယ်သူဟာရှင်ဘို့မယ်ရဲ့ငယ်ချစ်ဖြစ်ပါတယ်သူလည်းနန်းတက်၇လအရောက်မှာမိုးညှင်းသတိုးလာရောက်တိုက်ခိုက်တာကြောင့်

ရခိုင်ဘက်ကိုဆုတ်ပြေးခဲ့ပါတယ်လမ်းမှာပဲမနာမကျန်းဖြစ်ပြီးကွယ်လွန်ခဲ့ပါတယ်အဲဒီနောက်တော့ရှင်ဘို့မယ်ဟာအင်းဝကိုမပြန်တော့ပဲ ရွှေစက်တော်အရပ်မှာတပ်ချပြီးနေခဲ့ပါတယ်မိုးညှင်းသတိုးကရှင်ဘို့မယ်ကိုတခမ်းတနားနဲ့ ခေါ်ယူစေခဲ့ပါတယ်ရှင်ဘို့မယ်ရောက်လာတဲ့အခါ

မိုးညှင်းသတိုးက လှေဆိပ်ကိုဆင်းကြိုပြီးကျန်းမာပါစလို့မေးတဲ့အခါရှင်ဘို့မယ်ကကျွန်စော်နံတယ်ဆိုပြီးမျက်နှာလွဲပါတယ်မိုးညှင်းသတိုးကိုကျွန်လို့ပြောရတာအကြောင်းရှိပါတယ်မိုးညှင်းသတိုးဟာလည်းအနှစ်၄၀စစ်ပွဲအတွင်းကနာမည်ကျော်စစ်သူကြီး တစ်ယောက်ဖြစ်ခဲ့သူပါ

ပန်းကျော်ချောင်းမှာသစ္စာပြုရင်းလဂွန်းအိမ်ကိုသစ္စာမှန်သလောလို့ မေးခဲ့သူဟာမိုးညှင်းသတိုးပါဒါပေမယ့်သူဟာဘုရင်မင်းခေါင်ရဲ့သာမန်စစ်သားကနေ စစ်သူကြီးဖြစ်လာခဲ့သူမို့မိဖုရားဖြစ်တဲ့ရှင်ဘို့မယ်ကကျွန်လို့ခေါ်လိုက်တာပဲ ဖြစ်ပါတယ်သဘောထားပြည့်ဝတဲ့ဘုရင်ဖြစ်တာကြောင့်

မိုးညှင်းသတိုးဟာရှင်ဘို့မယ်ကိုအပြစ်မယူခဲ့ပဲနန်းတော်တွင်းမှာပဲအိမ်တစ်ဆောင်ဆောက်နေစေခဲ့ပါတော့တယ်။ရှင်ဘို့မယ်လက်ဆက်ခဲ့သူများရတာကတော့ဘုရင်မင်းခေါင်နောက်ပိုင်းဘုရင်တွေရဲ့နန်းသက်တိုခြင်းနန်းတွင်းရေးရှုပ်ထွေးခြင်းများကြောင့်ပဲ ဖြစ်ပါတယ်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ရှင်ဘို့မယ်ကိုရုပ်ချောပေမယ့်မာနကြီးသူ မောက်မာသူအဖြစ်သမိုင်းဆရာများက သတ်မှတ်ထားပါတယ်ဒါတွေကတော့မင်းငါးဆက်တိုင်လက်ဆက်ခဲ့သူရှင်ဘို့မယ်ရဲ့အကြောင်းတွေပါပဲRef:ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းနိုင်ပန်းလှ