မိခင်ဖြစ်သူကသမီးလေးတွေကိုငယ်စဉ်ကထဲက ပြောပြထားသင့်တဲ့အကြောင်းအရာ(၄)ခုအမေဆိုတာသမီးတွေရဲ့အရင်းနှီးဆုံးသူငယ်ချင်းကောင်းလို့လည်း ပြောလို့ရပါတယ်မိန်းကလေးတွေရဲ့ဘဝကထိလွယ်ရှလွယ်တာကြောင့်တချို့

အရာတွေကိုသမီးတွေငယ်စဉ်ကတည်းကနေ ပြောပြထားပေး သင့်ပါတယ်နော်အဲဒီလိုမှသာအရွယ်ရောက်လာတဲ့အခါစိတ်ဓါတ်ခိုင်မာပြီး ပျော်ရွှင်တဲ့မိန်းကလေးတစ်ယောက်ဖြစ်လာမှာပါ၁။ ငြင်းဆန်တတ်ဖိုမိဘတွေကကလေးတွေကို

ယဉ်ကျေးအောင်၊တခြားသူတွေကို လေးစားမှုထားတတ်အောင်သင်ပေးပါတယ်ယဉ်ကျေးတတ်ဖို့ လေးစားတတ်ဖို့အပြင်ယဉ်ယဉ်ကျေးကျေး ငြင်းဆန်တတ်အောင်သင်ကြားပေးဖို့လည်းအရေးကြီးပါတယ်ကမ္ဘာတစ်ဝှမ်းလုံးမှာကလေး

တွေကစိတ်ပိုင်းဆိုင်ရာရော၊ရုပ်ပိုင်းဆိုင်ရာရော နေ့စဉ်စော်ကားခံနေရပါတယ်စိတ်ပညာရှင်တွေရဲ့အဆိုအရကလေးတွေရဲ့လုံခြုံရေးအတွက် ငြင်းဆန်တတ်တဲ့စကားတွေသင်ပေးဖို့တိုက်တွန်းထားပါတယ်၂။အလှအပအပေါ်

တန်ဖိုးထားမှုလေ့လာချက်တွေအရအမေကမျိုးရိုးကြောင့်မဟုတ်ဘဲအဝလွန်နေရင်သမီးတွေကလည်းကိုယ်ခန္ဓာနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်တတ်ကြတယ်လို့ဆိုပါတယ်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းရာကနေ

စိတ်ဖိစီးမှုတွေပါ ဖြစ်လာစေပါတယ်အဲဒါကြောင့်အမေကိုယ်တိုင်ကသမီးတွေအားကျရလောက်အောင်လှပနေသင့်ပါတယ်ဘာ့ကြောင့်လဲဆိုတော့မိန်းကလေးတစ်ယောက်အတွက်အလှအပကလည်းအရေးပါလို့ပါ။၃။လိုအပ်တဲ့

အချိန်မှာအကူအညီ တောင်းတတ်ဖို့ထက်မြက်တဲ့အမျိုးသမီးတွေကကိုယ့်အားကိုယ်ကိုးပြီး နှစ်ပေါင်းများစွာရပ်တည်နိုင်ကြပါတယ်ဒါပေမယ့်ကလေးအရွယ်မှာတော့အကူအညီ တောင်းတတ်ဖို့ကလိုအပ်ပါတယ်အကူအညီ တောင်းတယ်

ဆိုတိုင်းအမြဲတမ်းသူများကိုအားကိုးတာကိုဆိုလိုတာမဟုတ်ပါဘူးအကူအညီတောင်းတာကအားနည်းချက် တစ်ခုလည်းမဟုတ်ပါဘူးတစ်ခါတရံမှာကိုယ်တိုင်မလုပ်နိုင်တဲ့အရာတွေရှိတဲ့အခါအကူအညီတောင်းဖို့လိုသလိုကိုယ်ကလည်း

ပြန်ကူညီပေးဖို့လိုအပ်ကြောင်း ပြောပြထားသင့်ပါတယ် ပျော်ရွှင်မှုကိုရှာဖွေမယ့်အစားကိုယ်တိုင်ဖန်တီးယူတတ်ဖိုကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းသူတွေက ပျော်ရွှင်မှုကိုသူများက ပေးမှရမယ်လို့ထင်တတ်ကြပါတယ်။အဲဒီအခါ

ပျော်ရွှင်မှုအတွက်တစ်ဖက်သားကိုအမြဲတမ်းမှီခိုသွားတတ်ကြပါတယ်တကယ်တော့ ကိုယ့်ရဲ့ပျော်ရွှင်မှုကိုကိုယ်တိုင်ပဲဖန်တီးနိုင်တာပါအဲဒါကြောင့်အကောင်းမြင်စိတ်ကျေးဇူးသိတတ်ခြင်းနဲ့လေးစားမှုရှိခြင်းပျော်ပျော်နေတတ်ခြင်း

လိုက်လျောညီထွေနေတတ်ခြင်းနေ့စဉ်လေ့ကျင့်ခန်းနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာစတာတွေကလူတစ်ယောက်မှာမဖြစ်မနေလိုအပ်ကြောင်းသင်ပေးပါသင့်ရဲ့ကလေးကိုဘယ်အရာပဲသင်ပေးသင်ပေးသင်ကကလေးရဲ့စံပြလူသား ဖြစ်နေမှာပါပဲ